ကဗျာ

နရီမင်း ● ပွဲခင်းဆုတောင်း

နရီမင်း ● ပွဲခင်းဆုတောင်း
(မိုးမခ) စက်တင်ဘာ ၄၊ ၂၀၁၆


ကျွန်တော့်အဘွားက ဇာတ်ပွဲတွေ ကြိုက်တော့
ကျွန်တော်ငယ်ငယ်က အဘွား ပွဲကြည့်ရင်
အဖော်လိုက်ပေးရတယ်။

ပွဲဈေးတန်းမှာ မုန့်စားချင်လို့ပါ။
သူ့ပွဲကြီးက ဘာများ စိတ်ဝင်စားစရာ ရှိလို့လဲ။

လူတွေ တယောက်ပြီး တယောက်
စင်ပေါ်တက်လာပြီး
လုပ်ချင်တာ လုပ်
ပြောချင်တာ ပြောကြတာ။

ဗလာဇာတ်ပွဲဆိုတော့ ကွင်းပြင်ကြီးမှာပေါ့ဗျာ။
ကျွန်တော် အိပ်ချင်ပြီ။
ပွဲမြန်မြန်ပြီးမှ ကျွန်တော် အိပ်ရမှာ။
မိုးရွာပြီး ပွဲပျက်ရင် အေးရောလို့
အမြဲဆုတောင်းတယ်။
ဗိုက်ကလည်း ဆာလှပြီ။

နရီမင်း
၁-၉-၂၀၁၆


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts