မိုးမခကို ပေးတဲ့စာ

မင်းသွေးသစ် – ကျွန်တော့်မိခင်ရဲ့ ရင်ဖွင့်သံ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 

မင်းသွေးသစ် – ကျွန်တော့်မိခင်ရဲ့ ရင်ဖွင့်သံ

(မင်းသွေးသစ်၏ ဖေ့စ်ဘွတ်) မိုးမခ၊ ဇန်န၀ါရီ ၁၀၊ ၂၀၁၆

ဆေးရုံတက်နေတဲ့ ကျွန်တော့်ဆီ နေ့တိုင်းထမင်းလာပို့တဲ့ မေမေက ဒီနေ့မနက်မှာ ထူးထူးခြားခြား စာရွက်လေးတရွက်လာပေးပြီး `သားလေး … ဒီစာကို အင်တာနက်တင်ပေးပါ’ လို့ပြောပါတယ်။၂၀၁၅ခုနှစ်မတ်လ (၁၀) ရက်နေ့မှာ အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခံထားရတဲ့ တပြည်လုံးက ကျောင်းသား ကျောင်းသူတွေရဲ့ မိဘတွေ ဘယ်လိုခံစားနေကြရတယ် ဆိုတာ အစိုးရဆိုတဲ့ပုဂ္ဂိုလ်ကြီးများ မိဘချင်း ကိုယ်ချင်းစာလာနိုင်အောင် တင်ပေးပါလို့ ပြောတဲ့အတွက် ကျွန်တော့်မေမေရဲ့ ခံစားချက်စာတိုလေးကို တင်ပေးလိုက်ပါတယ်ခင်ဗျာ။

၁၀၊ ၁၊ ၂၀၁၆
ဒီနေ့ဟာ လက်ပံတန်းမြို့မှာ အပြစ်မဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတွေကို မတရား ရိုက်နှက် ဖမ်းဆီးချူပ်နှောင် ခဲ့သည်မှာ (၁၀) လ ပြည့်သောနေ့၊ မိဘများ ရင်ကျိုးရသောနေ့ ဖြစ်ပါတယ်။ ဒီ (၁၀) လ အတွင်းဟာ ကျောင်းသားတွေ ပြန်လွတ်လာရင် ကိုယ့်သားသမီးလေးတွေ ဒုက္ခိတတွေ ဖြစ်လာမလားဆိုပြီး စိုးရိမ်ပူပန်ခဲ့ရတဲ့ နေ့တွေပေါ့။ ထင်တဲ့အတိုင်း အားလုံး သေရာပါမဲ့ဒဏ်ရာတွေ၊ ရောဂါဝေဒနာတွေနဲ့ ထိရောက်တဲ့ ဆေးကုသမှု မရခဲ့ကြသေးဘူး။ အဓိပ္ပါယ်မရှိ များပြားလှသော ပုဒ်မတွေနဲ့ ရှည်လျားလှတဲ့ တရားစီရင်မှုတွေဟာဘယ်တော့များမှ ပြီးဆုံးမှာလဲ။
ဒါပေမယ့် သမိုင်းပေးတာဝန်ကြေပွန်ခဲ့တဲ့ သူတို့တွေအတွက် အမြဲတမ်းဂုဏ်ယူမိပါတယ်။ မတရားလုပ်သူများလည်း ဝဋ်မလည်ပါစေနဲ့လို့ ဆုတောင်းလိုက်ပါတယ်။ မင်းကောင်း မင်းမြတ်တွေ အုပ်ချုပ်ပြီး ငြိမ်းချမ်းသာယာသော ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး အမြန်ဆုံးရောက်ရှိပါစေ။
ဝန်းရံ ကူညီ အားပေးကြပါသော ရဟန်းရှင်လူ ပြည်သူလူထုအပေါင်းအား ကျေးဇူးအထူး တင်ရှိပါသည်။
ဒေါ်ခင်ခင်ယု

ဖမ်းဆီးခံကျောင်းသား မင်းသွေးသစ်၏ မိခင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts