သတင်းပဒေသာ

ညွန့်ထွေး – တောင်တမန်အင်းနဲ့ စာပေလောကသားများ

ညွန့်ထွေး – တောင်တမန်အင်းနဲ့ စာပေလောကသားများ
(မိုးမခ) နိုဝင်ဘာ ၃ဝ၊ ၂၀၁၅ 
အမရပူရမြို့ တောင်တမန်အင်း၊ ဦးပိန်တံတားဝန်းကျင်ကို အနယ်နယ်က စာပေလောကသားတွေ နိုဝင်ဘာ ၂၉ ရက်နေ့မှာ ရောက်လာကြပါတယ်။
လူထုဒေါ်အမာ ရာပြည့် အမှတ်တရအစီအစဉ် တက်ရောက်ရင်း ရောက်လာကြသူတွေပါ။ ဒေါ်အမာ မရှိတော့ပေမယ့် ခါတိုင်း ဒေါ်အမာမွေးနေ့ အခမ်းအနား ကျင်းပတဲ့ ဒီနေရာမှာ  သူတို့ လာရောက် ဆုံဆည်းကြ၊ စကားဝိုင်းဖွဲ့ကြပါတယ်။
ဆင်အကနဲ့ လာရောက် တင်ဆက်သူလည်း ရှိပါတယ်။
ဒီနှစ်မှာတော့ ပိုပြီးတော့ လူစုံပါတယ်။ ရာပြည့်လည်းဖြစ်၊ လွတ်လပ်မှု ပိုရှိလာတဲ့ ခေတ်ကို ရောက်လာတာလည်း ဖြစ်တဲ့အတွက် လူပိုစုံပါတယ်။
အရောင်အသွေး၊ အုပ်စု မတူတဲ့ စာရေးဆရာတွေ တက်ရောက်သလို လူထုဒေါ်အမာနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေဟာ သူပုန်ဆန်တယ်လို့ ယူဆပြီး
ခပ်ကင်းကင်း နေခဲ့သူတွေလည်း တက်ပါတယ်။
ရာပြည့်အခမ်းအနား အပြင်ဘက် မြင်ကွင်း တချို့ကို ဖော်ပြပေးလိုက်ပါတယ်။ အခမ်းအနား အတွင်းဘက် မြင်ကွင်းတွေကိုတော့ ဒီညနေပိုင်း တင်ဆက်သွားနိုင်အောင် ကြိုးစားပါမယ်။
ညနေပိုင်း ဓမ္မသာလာ ခန်းမ စာအုပ်အရောင်းဆိုင် ပိတ်ခါနီးမှာ ရောက်လာတဲ့ စာအုပ်ဝယ်ယူသူတွေထဲက တချို့ကို မိုးမခ မဂဇင်း လက်ဆောင် ပေးခဲ့ပါတယ်။ နိုဝင်ဘာလထုတ် မိုးမခကို လူထုဒေါ်အမာ မျက်နှာဖုံးနဲ့ ထွက်ပါတယ်။

အင်္ကျီအဖြူ ဝတ်ထားသူက မန္တလေးမှာ ရှိတဲ့ မိုးမခ ဝိုင်းတော်သား ဦးအုန်းငွေ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူရိုက်ထားတဲ့ ဒေါ်အမာ ဓာတ်ပုံများကို ရာပြည့်ပွဲ ကျင်းပရာ တောင်လေးလုံးကျောင်းတိုက် အဝင်ဝမှာ ခင်းကျင်း ပြသခဲ့ပါတယ်။

ရန်ကုန်အခြေစိုက် ကဗျာဆရာ စောဝေ

ဦးပိန်တံတားဘက် သွားတဲ့လမ်းမှာ တွေ့ရတဲ့ စာရေးဆရာ ကြည်နိုင်နဲ့ မိတ်ဆွေတချို့

တက်ရောက်လာသူ ဧည့်သည် တချို့

လာရောက်တင်ဆက်တဲ့ ဆင်အက အဖွဲ့က အောင်ဆန်းဇာနည်

တောင်တမန်အင်းဘေးမှာ ဦးပိန်တံတား နောက်ခံထားပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးနေကြတဲ့ ဒီလှိုင်းစာစောင် ဝိုင်းတော်သားများ

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts