ကဗျာ

အောင်ကျော်သွင် – စစ်ခရာသံ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

 အောင်ကျော်သွင် – စစ်ခရာသံ
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၅

ခေတ်ကြီးတစ်ခုလုံးကို ခလုတ်တိုက်မှောက်လဲလို့
ညပေါင်းများစွာကလည်း မသေချာတော့ဘူး။

ပြတိုက်ကြီးတွေဟီးထ
ဒန်ဝယ်တယ်၊ ကြေးဝယ်တယ်
ခန္ဓာကိုယ်လည်း ပဲလှော်နဲ့ လဲလို့ရတယ်၊

စစ်မက်ဖြစ်ပွားပြီဆိုရင်
အလိုလိုနေရင်းက သွေးလေဟာချောက်ခြားလို့
ဟောင်ဝစ်ဆာ စိန်ပြောင်းကြီးကို ခဏငှားပြီး
ထမင်းအိုးလေးမြန်မြန်ကျက်အောင်
မီးပြင်းပြင်းမှုတ်လိုက်ချင်ရဲ့။

တွန်းကန်ပြီးထွက်သွားမယ့်ပြောင်းဝက ကျည်ဆံတွေမှာ
ပရိတ်ရေလေး ရွှဲရွှဲဆွတ်ဖြန်းပေးကြပါ
ဘဝကူးကောင်းအောင်
စာနာစိတ်ဖြင့်သာ မုန်းတီးကြလေ…

အောင်ကျော်သွင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts