Han Thit Naing သတင်းပဒေသာ

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ သတင်းထုတ်ပြန်

ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ သတင်းထုတ်ပြန်

ဟန်သစ်နိုင်၊ မိုးမခ၊ ဇူလိုင် ၁၈ရက်၊ ၂၀၁၅ခုနှစ်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့် ရွေးကောက်ပွဲပညာပေးရေးနှင့်လေ့လာစောင့်ကြည့်ရေး မိတ်ဖက်များ(မြန်မာပြည်)အဖွဲ့များမှ တာဝန်ရှိသူ (၂၅)ဦးတို့သည် နေပြည်တော်တွင် ဇူလိုင်၁၄ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၄င်းတွေ့ဆုံဆွေးနွေးမှုများကို ဇူလိုင်၁၅ရက်နေ့တွင် တက်ရောက်ဆွေးနွေးခဲ့သူတစ်ချို့က ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်နက်ဝက်ရုံးတွင် ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်မှချမှတ်ထားသောစည်းကမ်းများဖြင့် CSO အဖွဲ့များမှ ကျေးရွာများကိုလိုက်လံဆောင်ရွက်သော်လည်း အခြေခံအုပ်ချုပ်ရေးအဆင့်မှ အကြောက်တရားများရှိနေသည့်အတွက် ပူးပေါင်းပါဝင်နိုင်မှုအားနည်းခြင်းများရှိနေကြောင်း၊ မဲစာရင်းကိစ္စများပြုလုပ်ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးမှူးများနှင့် ဆက်စပ်နေသည့်အတွက်
ရွေးကောက်ပွဲကော်မရှင်နင့် ထိစပ်လျှက်ရှိသောအဖွဲ့အစည်းများကို သင်တန်းများပေးပြီး သတင်းအချက်အလက်များမျှဝေပေးခြင်းဖြင့် မဲစာရင်းများပိုမိုကောင်းမွန်လာနိုင်ကြောင်း များဆွေးနွေးခဲ့သည်။
ရွေးကောက်ပွဲစောင့်ကြည့်ရာတွင် မှတ်ပုံတင်ထားသည့်စောင့်ကြည့် အဖွဲ့အပြင် နိုင်ငံသားတစ်ယောက်အနေဖြင့် မဲပေးသောနေရာတွင်ပါဝင်ခွင့်ရှိသလို မဲရေတွက်မည့်နေရာတွင်လည်း ပါဝင်စောင့်ကြည့်ခွင့်ရှိကြောင်း၊ ကြိုတင်မဲများနှင့်ပတ်သက်၍ မဲရုံစတင်ဖွင့်ချိန်တွင် ရေတွက်ကြေညာထားမည်ဖြစ်ပြီး  ညနေပြီးစီးချိန်တွင်လည်း ကြိုတင်မဲကို စတင်ရေတွက်မှာဖြစ်သည်။
          ရွှေ့ပြောင်းလုပ်သားများသည် ရောက်ရာအရပ်တွင်မေးပေးလိုပါက ပုံစံ၃(က)ဖြည့်စွက် ရမည်ဖြစ်ကြောင်း၊သို့သော် ရက်ပေါင်း ၁၈၀ ပြည့်မီရေးနှင့်ပတ်သက်ပြီး အထောက်အထားများလိုကြောင်း၊ မှတ်ပုံတင်မရှိ၍ မဲမပေးရဆိုသည်မှာမဟုတ်ကြောင်း၊ နည်းဥပဒေ ၅၀(ဂ)အရ မဲစာရင်းတွင် အချက်အလက်များ မှားနေသော်လည်း မဲပေးပိုင်ခွင့်ဆုံးရှုံးမည်မဟုတ်ကြောင်း၊ မဲပေးနေချိန်တွင်လည်း ပြင်ပ၌မှတ်တမ်းယူခြင်းများပြုလုပ်နိုင်ကြောင်း၊ အွန်လိုင်းမဲစာရင်းစီစစ်ခြင်း လုပ်ငန်းများ
အသုံးပြုနိုင်ခြင်းမရှိသေးကြောင်း စသဖြင့် တက်ရောက်ဆွေးနွေးခဲ့သူများက ပြောပြခဲ့သည်။
         

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts