အမေ့တိုင်းပြည်

 

အမေ့တိုင်းပြည်

နီဇူလိုင် ၊ ဧပြီ ၉၊ ၂၀၁၅ (သူ့ဘလောက်က ပြန်ကူးတယ်)

ဘာ လို့ များ…

အမေ နဲ့ သားတွေကို

တော တောင် ရေ မြေ..ခြားနေ စေ ရသေးတာ လဲ..။

 

ဘာလို့ များ..

အ မေ နဲ့ သားတွေကို

ထောင် နံ ရံ တွေ ခြားနေ စေ ရ သေးတာ လဲ…။

 

ဘာ လို့ များ…

အမေ နဲ့ သားတွေကို

ရှင် ကွဲ သာမက

သေ ကွဲပါ ကွဲ ရှာရ

အမေ့  ရဲ့ နောက်ဆုံး ခရီးမှာ…

ဟိုး…ဝေး ဝေးကြီး ကနေ

တိတ် တဆိတ် မျက် ရည် ကျစေ ရတာ လဲ…..။

 

ဘာလို့ များ…

အမေ့  အိမ် နဲ့ ဝေးရာ

ခရီး ဝေး သွားနေ ရ ရှာတဲ့ ..သားတွေဟာ

အမေ ခေါင်းချရာ မြေ မှာ

ဘယ် တော့ မှ ..မတွေ့ နိုင် ရှာ တော့ တဲ့..အမေရဲ့ 

မြေပုံ မို့  မို့ လေးက မြေတ ထွေးကို ဆုပ်ရင်း

အမေ့  ရဲ့  ကိုယ်သင်း နံ့  အဖြစ်

နမ်း ရှုပ် နိုင် ခွင့် မရ သေးရ တာ လဲ…။

 

ဘာ လို့ များ…

ကွဲ ကွာ နေ တဲ့

အမေ နဲ့ သားတွေ ကြား

မိသားစုတွေ ကြား

ချစ်သူ ခင်သူတွေ ကြား

အဆီး အတား မရှိ

လက် ချင်း နွေးနွေး အမြဲ ဆုပ် ထွေးထား ခွင့် မရသေးရတာ လဲ…။

 

ဘာ လို့ များ….

အမေ့  ရဲ့  တိုင်း ပြည် ဟာ

ကြေကွဲ စရာ ဝေဒနာ တွေ နဲ့

နာ တာ ရှည် လူ မမာ တယောက် လို

ငြီး တွား မဆုံး ရှိ နေ သေးရတာ လဲ…..။

 

(နိုဝင်ဘာ ၂၃၊ ၂၀၁၀)

ဓာတ်ပုံ ရန်နောင်(ဗိုလ်တထောင်)