ကဗျာ သက်ခိုင်

သက်ခိုင် – လော်ဘီ (lobby) ဆရာလေး

သက်ခိုင် – လော်ဘီ (lobby) ဆရာလေး
(မိုးမခ) မတ် ၁၂၊ ၂၀၁၅

မလျှော်ညီတာတွေ ခဏခဏတွေး
လူမသတီမှာတွေ မရမကရေး
အော်
လော်ဘီ  (lobby) ဆရာလေး။

တုတ်ဓါးမဲ့မဲ့
အပျိုသား မမှည့်တမှည့်လေးတွေကို
လူဆိုး၊ သူခိုးလို ယိုးစွပ်
သူတို့ အကျိုးအတွက် ခွပ်ရက်တယ်။

EU ကသင်ကြား
မဟားတရားတွေလည်းပါတယ်
အဲဒီအခါ
ဘုရားသားတွေလည်းနာတယ်။

လူနာတွေ နား
ဆေးရုံကားကိုများ
သားသတ်သလိုဝင်အုပ်
လူနာတွေ အရိုး ပြုတ် ပျက်
ဒါပေမယ့်
လော်ဘီက ဖုံး အုပ် တတ်တယ်။

အားရပါးရ
လော်ဘီ့သားတို့
ဖျက်ဆီးခဲ့ကြတာလား
လူတကာသြချ
အော်
သူ့ခမျာလည်း မောလှမယ်။

လူမမယ်လေးတွေရဲ့ သွေးစက်
ရာဇဝင်ဟာ ရေးမှတ်
တချိန်ချိန်မှာ တေး ထပ်ထပ် ဆို
သင် မငိုနဲ့။

ဒီလို ပြိုင်စံရှား
အာဆီယံလို နိုင်ငံတလွှားမှာ
မလျှော်ညီတာတွေ ခဏခဏတွေး
လူမသတီမှာတွေ မရမကရေး
အော်
ဟောဒီ ပြည်တခွင်က
လော်ဘီ  (lobby) ဆရာလေး။

သက်ခိုင်
(၂၁း ၅၄) နာရီ
၁၀.၃.၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts