မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ

မိုးမခ – ဝေးသွားတဲ့အခါ အလွမ်းပြေ

မိုးမခ – ဝေးသွားတဲ့အခါ အလွမ်းပြေ
သြဂုတ် ၁၈၊ ၂၀၁၄
 

ထူးအိမ်သင် ကွယ်လွန်ခြင်း (၁၀) နှစ်ပြည့် (သြဂုတ် ၁၄၊ ၂၀၁၄) အမှတ်တရ အဖြစ် သြဂုတ် ၁၆၊ ၂၀၁၄ ဇာတိ ပုသိမ်မြို့၊ ပုသိမ်ဟိုတယ် တွင် ပြုလုပ်ခဲ့သည့် ထူးအိမ်သင် မိသားစု၊ မိတ်ဆွေများ၊ ပရိသတ်များ ၏ ဂီတပွဲ တွင် ထူးအိမ်သင် ၏ ညီငယ် ကိုအောင်မျိုးဟိန်း၊ အနုပညာ အမည် ဒီမွန် နှင့် ထူးအိမ်သင် ၏ ဂီတ မောင်နှမ ပေါက်ပေါက် တို့ က ထူးအိမ်သင် ၏ နာမည်ကျော် “ဝေးသွားတဲ့အခါ” ကို အလွမ်းပြေ သီဆိုခဲ့ကြသည်။

“ဝေးသွားတဲ့အခါ”သီချင်းမှာ  ၁၉၈၇ ခုနှစ် တွင် The Aces (တေးပန်းချီ) တေးဂီတ အဖွဲ့နှင့် အတူ Oasis စတူဒီယို အသံသွင်းယူပြီး ထွက်ရှိခဲ့သည် ထူးအိမ်သင် ၏ တကိုယ်တော် ပထမ တေးစု “နာရီပေါ်မှမျက်ရည်စက်များ” တေးစု တွင် ပါဝင်ခဲ့ပြီး သူ ၏ အအောင်မြင် အကျော်ကြားဆုံး တေးများထဲမှ တပုဒ်ဖြစ်သည်။

ဤ သီချင်းမှာ ထူးအိမ်သင် ၏ ပထမဆုံး ကိုယ်ပိုင်သံစဉ် တေးသီချင်း အဖြစ်လည်း မှတ်တမ်းဝင်သည်။  ၁၉၈၂ ခုနှစ် တွင် ရေးသားခဲ့သည်။  သီချင်း စတင် ဖန်တီး ချိန်က Latin ပုံစံ ဖွဲ့ခဲ့သည်။  နောင် The Aces (တေးပန်းချီ) အဖွဲ့နှင့် အသံသွင်းယူ တရားဝင် သီဆိုချိန်မှာ Jazz ဂီတ ပုံစံ ပြောင်း၍ သီဆိုခဲ့သည်။  သူ ကွယ်လွန်ချိန်မှာ “ဝေးသွားတဲ့အခါ” သီချင်း ၏ ဂီတ သင်္ကေတ များကို သူ့ ဆန္ဒ အတိုင်း အုတ်ဂူတွင် ရေးထိုးခဲ့သည်။

ဤ ရုပ်သံကို ပုသိမ်ပွဲတွင် ကိုယ်တိုင် တက်ရောက် အပျော်တမ်း အမှတ်တရ မှတ်တမ်းတင် ရိုက်ကူးခဲ့သည့် ကိုနိုင်ကျော် + မဝင်းပပကို ဇနီးမောင်နှံ့ (Htoo Eain Thin Fan Club) ကို မိုးမခက ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းပြုပါသည်။

ဤ  ရုပ်သံ ကို အခကြေးငွေ ဖြင့် ပြန်လည် ဖြန့်ဝေခြင်း မပြုရန်လည်း အလေးအနက် သတိပေးပါသည်။  ထူးအိမ်သင် အလွမ်းပြေ အမှတ်တရ တင်ဆက်ခြင်း သာ ဖြစ်ပါသည်။  စီးပွားဖြစ် အသုံးချရန် မဟုတ်ပေ။

♬ ♪ ♩ ♭ ♫ ∮…
ဝေးသွားတဲ့အခါ.. နှလုံးသားမှာ.. အမြဲတမ်း.. သတိရနော်..
ကြင်နာခဲ့ဖူးတဲ့.. အချိန်များ.. ပြန်လည်ကာ.. ရယူဖို့ရာ.. မဖြစ်နိုင်တော့တဲ့.. အခါ..
ရင်ထဲမှာ.. ပြန်တမ်းတ.. မြင်ယောင်လိုက်ပါ..
ရင်ခုန်သံ.. နွေးထွေးစွာ.. မှေး.. အိပ်မပျော်တဲ့.. မေ့.. စက်ရာထက်မှာ..
ဝေးသွားတဲ့အခါ.. မင်း.. အနားမှာ.. မောင့်ရဲ့.. ချစ်.. လိပ်ပြာ..
ဟိုသည်.. ပျံဝဲလို့.. နေချင်တာ..
ကြင်နာသူ.. မေ့.. ရင်ထဲ..မှာ.. နားခို.. ခွင့်ပြုပါ..
ဟို.. တုန်းက.. တို့များရဲ့.. ချိုမျက်ဝန်းလွှာ..
နွေ.. အိပ်မက်များထဲမှာ.. တွေ့ကြမယ်နော်..
သီးခြား.. ကမ္ဘာ.. တခုမှာ..ဝေးသွားတဲ့.. အခါ.. ကိုယ့်.. နှလုံးသားထဲက.. ချစ်.. နှင်းဆီဟာ..
(ကြင်နာသူ.. အတွက်.. ရင်မှာ.. ကိုယ်.. အမြဲ.. လွမ်းလို့.. နေဦးမယ်..)
ပြန်ဆုံချိန်တိုင်.. လန်းဆန်း.. မွှေးပျံ့စွာ.. အမြဲသာ
(အချစ်ရယ်.. ကိုယ့်.. အသည်းမှာ.. အို.. ကြင်နာမယ်.. အမြဲသာ..)

ဝေးသွားတဲ့.. အခါ.. ပြန်.. တွေးတိုင်း.. သတိရနေ.. ကြင်နာသူ
(ပြန်ဆုံချိန်ထိ.. ရင်မှာ.. ကိုယ်.. အမြဲ.. တမ်းတနေမယ်.. အချစ်ရယ်..)

အမှာ.. စကားလေးများ.. ဆိုပါ.. အသည်းရာ..
(အို.. စကားများ.. ဆိုပါ.. အသည်းရာ..)
♫ ♪ ♫ ♪…

ဝေးသွားတဲ့အခါ၊ သံစဉ်/စာသား – ထူးအိမ်သင်၊ တေးဆို – ဒီမွန် + ပေါက်ပေါက် 2014 Live
De Mon + Pauk Pauk YouTube Music Video URL: http://youtu.be/fi9Mtv0eXec

♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪ ♬ ♪ ♩ ♭ ♫ ∮ ♫ ♪ ♫ ♪

မိုးမခ က တင်ဆက်ပြီး ထူးအိမ်သင် အမှတ်တရ အစီအစဉ်များ

၁) ထူးအိမ်သင် သို့ လွမ်းခြင်းအားဖြင့်
Read @ http://moemaka.blogspot.com.au/2013/08/moemaka-remembers-htoo-eain-thin.html

၂) ထူးအိမ်သင် ဂီတ ပွဲတော်
Read @ http://moemaka.com/archives/39237
http://www.moemaka.blogspot.com.au/2014/08/blog-post_56.html

၃) ထူးအိမ်သင် သို့ ချစ်ခြင်းအားဖြင့်
Read @ http://moemaka.com/archives/39239
http://www.moemaka.blogspot.com.au/2014/08/blog-post_59.html

၎) ထူးအိမ်သင် နှင့် မြို့မ
Read @ http://moemaka.com/archives/39283
http://www.moemaka.blogspot.com.au/

၅) ထူးအိမ်သင် ၏ သိင်္ဂါရရွာ
Read @ http://moemaka.com/archives/39357
http://www.moemaka.blogspot.com.au/2014/08/blog-post_285.html

၆) ထူးအိမ်သင် ဝေးသွားတဲ့အခါ ၂၀၁၄ ပုသိမ်ပွဲ
Read @ http://moemaka.com/archives/39384
http://www.moemaka.blogspot.com.au/2014/08/blog-post_208.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts