မိုးမခအထောက်တော်(တက္ကဆပ်) – အမာရီလိုလူငယ်များအတွက် ဘက်စုံစခန်းသွင်းသင်တန်း ဖွင့်လှစ်ပို့ချမည်

မိုးမခအထောက်တော်(တက္ကဆပ်) – အမာရီလိုလူငယ်များအတွက် ဘက်စုံစခန်းသွင်းသင်တန်း ဖွင့်လှစ်ပို့ချမည်
ဇူလိုင် ၂၉ ၊ ၂၀၁၄

အမေရိကန်နိုင်ငံ အလယ်ပိုင်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ ကြီးတွင် ဆရာတော် ဒေါက်တာအရှင်နန္ဒဝံသ ၏ ဦးဆောင် စီစဉ်မှု ၊ မြန်မာထေရဝါဒ ဗုဒ္ဓဘာသာ အသင်းကြီး၏ အကျိုးဆောင် ကူညီဆောင်ရွက်မှုတို့ဖြင့်  လူငယ်ဗုဒ္ဓဘာသာ အသင်းမှ ဦးစီးလျက် ဒုတိယအကြိမ်မြောက် ဘက်စုံစခန်းသွင်း လေ့ကျင့်ရေးသင်တန်းကို လာမည့် ဇူလိုင်လ (၃၁)ရက် ကြာသာပတေးနေ့မှ သြဂုတ်လ (၃)ရက် တနင်္ဂနွေနေ့အထိ ဖွင့်လှစ်ပို့ချ ကုသိုလ်ပြုကြမည်ဖြစ်သည်

အဆိုပါကမ့်စခန်းတွင်  အသက်(၁၂) နှစ်မှ အထက် မျိုးဆက်သစ် လူငယ် စုစုပေါင်း (၆၀) ခန့်ကို လက်ခံလျှက် အသိအလိမ္မာ ညာဏ်ပညာမြင့်မားရေး ကို ဦးတည်ပြီး ဘက်စုံစခန်းသွင်း လေ့ကျင့်သင်ကြားပို့ချပေးကြမည် ဖြစ်သည်

သင်တန်းကြီး၏ အဓိက ရည်ရွယ်ချက်များမှာ အနန္တောအနန္တငါးပါးတို့၏ ဂုဏ် ၊ ကျေးဇူးတရားများအား သိရှိနားလည်သော လူတော် လူကောင်းများ ပေါ်ထွန်းလာရေး ၊ ကံ ကံ၏အကျိုးကို ပိုမိုသိနားလည်ကာ အမျိုးဘာသာ သာသနာအတွက် စွမ်းရည်ထက်မြက်သော မျိုးဆက်သစ်ခေါင်းဆောင်ကောင်းများ ဖြစ်ထွန်းပေါ်ပေါက်လာရေး တို့ကို အဓိကရည်ရွယ်ပြီး မျိုးဆက်သစ်လူငယ်များများအချင်းချင်း ပိုမိုချစ်ခင် ရင်းနှီးလာစေရေး အတွက် ဦးတည် ဖွင့်လှစ်ခြင်းသည် ။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များကို  ဆရာတော်နှင့် သင်တန်းဖြစ်မြောက်ရေး အကျိုးဆောင်အဖွဲ့  ဇေယျသုခ ဓမ္မရိပ်သာ ၊ 7301 E Amarillo Blvd, Amarillo, TX 79107 ..ph (806)373-1346 သို့ ဆက်သွယ်နိုင်ကြပါသည် ။

(Photo – MoeMaKa, File Photo)