မင်းကိုနိုင် – သတိတရ

မင်းကိုနိုင် – သတိတရ
(သူ့ဖေ့စ်ဘွတ်ကနေ ယူပါတယ်)
ဇူလိုင် ၂၀၊ ၂၀၁၄

ကမ္ဘာ့ဖလားနဲ့

ထူးချွန်ဆုများလောက်

လူစိတ်မ၀င်သားပေမယ့်

အသန့်ရှင်းဆုံးအသင်းဟာ

တကယ်ရှိခဲ့ပါတယ်။

နာကျင်စရာရှုံးပွဲတွေ

ဘယ်လောက်ပဲ တွေ့တွေ့

မျက်ရည်စက်လက် ဖက်တွယ်ထား

အသင်းနဲ့အတူ

မျှယူခံစား ပရိသတ်များ

တကယ်ရှိခဲ့ပါတယ်။

ရာသီသစ်မှာ

မက်စရာ “ကြေး”

ဘယ်လောက်ပေးပေး

အသင်းသစ် ပြောင်းမပြေးတဲ့

ကစားသမားတွေ ရှိပါဦးမယ်

စုလစ်မွန်းချွန်များဆီ

ရင်သပ်ရှုမော

အံသြမော့ကြည့်၊ ချီးမွမ်းပြီးသည့်နောက်

ထိုအရာများကို ထမ်းပိုးထား

အုတ်မြစ်များအား

လေးစားဦးညွတ် မိပါတယ်။

(ဇူလိုင် ၁၄၊ ၂၀၁၄)