ဇာတ်
ဆောင်းလူ
ဇူလိုင် ၈၊ ၂၀၁၄
ဆောင်းလူ
ဇူလိုင် ၈၊ ၂၀၁၄
မျက်ရည်စနဲ့
မနေ့ကမှ
အလည်ရောက်လာတဲ့ ဧည့်သည်
ဒီမှာကလည်း
မျက်ရည်စက်လက်
ဒုက္ခတွေနဲ့
ပျော်မွေ့သူများပါတယ်။
တက်မစုံ ရွက်မစုံနဲ့
မာယာစုံတဲ့ ဒီပင်လယ်ထဲ
ခုန်ဆင်းခဲ့လေတော့
လှိုင်းဒဏ်ကို
တတ်နိုင်သမျှ မြတ်နိုးကြည့်ပေါ့
အပေးနဲ့ အယူများတဲ့ ဒီအရပ်မှာ
ပြာလွင်လွင်နဲ့ ကောင်းကင်ပြင်ကလည်း
မြင်နေတုန်းခဏ လှပါရဲ့
တနေ့လုံး ငုံထားခဲ့တဲ့
ပြုတ်ကျလုဆဲ
သစ်သီးတလုံးကို
မျိုဖို့ပြင်နေတဲ့ ဟန်ကိုက
အငမ်းမရ …
တစိမ်းတရံတွေနဲ့
အစိမ်းဆန်နဲ့ ဒီအရပ်မှာ
အတုံ့ အလှည့်
အပြုံး အမဲ့
အဆုံး အစမဲ့
ရုန်းရင်း ကန်ရင်း …
ဘာမဆို
အညှာလွယ် ရင့်မှည့်တဲ့အချိန်မှာ
လေညင်းခြွေလည်း ကြွေမှာပါ …။
ဆောင်းလူ
သြဂတ်စ် ၁၆၊ ၂၀၀၇