ဆောင်းယွန်းလ – မပျော်တေး

မပျော်တေး
ဆောင်းယွန်းလ
မေ ၂၃၊ ၂၀၁၄
illustration Toni Demuro
 မိုးလင်းခဲ့ပေမယ့်
မိုး…မလင်းနိုင်ခဲ့ပါဘူး
မိုးမချုပ်သေးပေမယ့်
မိုး….စုံးစုံးချုပ်နေခဲ့ရပါတယ်..

စံနစ်တကျ
ပစ်ချခံလိုက်ရတဲ့
ခေတ်ပျက် ရေစီးကြောင်းထဲမှာ
နှာခေါင်းဖော်ရုံ သက်သက်ပေါ့…

ရေလွဲချောင်းတွေထဲမှာ
အနှစ်မဲ့ နှစ်တွေ
အကျိုးမဲ့ အကြောင်းတွေနဲ့
လက်ပမ်းကျခဲ့ရပါတယ်…

မိုးတိမ်နံရံတွေပေါ်မှာတော့
အစမရှိတဲ့ အိပ်မက်တွေက
အဆုံးလည်း မဲ့နေခဲ့ကြပါတယ်…။