စစ်ကျွန်လက်
ပျိုးကျဲထွန်ယက်
သမန်းနူး
သစ်သီးခူးမပျက်
ထိုလက်။
ပုပ်အဲ့နံစော်
ဂုန်လျှော်လျှော်
ခက်ထရော်တဲ့လက်။
ကောက်စိုက် ပျိုးနုတ်
မည်းကြုတ်ကြုတ်
ဝဲစုတ်သမန်းဆီတက်
ထိုလက်။
ပဉ္စလက်
ထိုလက်တွေက
မြေဆီမြေခဲ
သမန်းခဲကို
ရွှေခဲငွေခဲ
ပတ္တမြားခဲအဖြစ်
ပြောင်းလဲပစ်နိုင်။
လယ်ယာမြေတဝှမ်း
လွတ်လပ်ပန်း
ပွင့်လန်းမှသာ
ပျိုးကြဲထွန်ယက်
ကောက်စိုက်လက်
သစ်သီးခူးလက်
ကောက်ရိတ်လက်ဟာ
ရွှေလက်ငွေလက်
ပတ္တမြားလက်။
တန်ခိုးစွမ်းအား
ကြီးမားလက်နဲ့
ဖြိုးအက်သီးနှံ၊ ကောက်နှံသီးပွင့်
ပိုင်စိုးခွင့် ၊ လွတ်လပ်ခွင့်မရ
ကိုယ့်ကြမ္မာ ကိုယ့်ဘဝ
ဖန်တီးခွင့်မရ၊ ကျွန်ဘဝမှာ
ရာသီမပျက် ၊ ထွန်ယက်နေလေ
ရွှံ့လက်ကြိုးကွင်း၊ လည်ပင်းစွပ်နေ
ရှင်လျက်က သေဆုံးနေ။
အာဏာရှင်လက်
ဝကွက်
ရွှံ့လက် မြေလက်
စစ်ကျွန်လက်အဖြစ်
နွံ့နစ်ပေအုံးတော့။
မောင်စိုးချိန်
ဇူလိုင် ၂၂၊ ၁၉၉၉