ဆောင်းလူ
မတ်လ ၃၊ ၂၀၁၃
ဒီကနေ့ ….
ဗင်ဂိုးရဲ့ နွေဦးကဗျာကို ဖတ်မိတယ်
နောက် …
နော်ခမ်းနဲ့ အပေါင်းအပါတွေ ဘ၀ကူးတယ် …
စိတ် …..
မလက်တိုကို ရောက်သွားလိုက် …
ကြေးနီတောင်ကို ရောက်သွားလိုက် ….
မျက်လုံးထဲ ….
ကျောက်စိမ်းတွေလား ….
ကချင်မလေးတွေလား ….
နန်းတော်ကြီး မီးပုံးကြီးနဲ့ နှစ်သစ်အကူး …
ကျုံးထိပ်မှာ နဂါးကြီး စောင့်ကြောင့်ထိုင်လို့ …
မနေ့ကလား …
တနေ့ကလား ….
ပြည်သူတွေကို ချစ်ရင်း …
ပြည်သူတွေကို ချစ်ရင်း …
ကမ္ဘာလှည့်တောင်းရမ်းသူကြီး …
အပြုံးကြီးက ခပ်ကြီးကြီး….။
ခုတလော
ခြေရှုပ်တဲ့ ရန်ကုန်ဟာ
သံခင်း တမန်ခင်းအတွက်
ငြိမ်းချမ်းနေသတဲ့ …
……..
……..
အာမင် …