မိုးမခအထောက်တော် အမှတ် ၀၀၆
ဒီဇင်ဘာ ၄၊ ၂၀၁၂
![[thet+mon+myint+2+sep+03+hanthit+mag.jpg]](http://2.bp.blogspot.com/_na70Aw8gBm4/Stv-fVMbhsI/AAAAAAAAE_c/0NvAs42FAWk/s1600/thet%2Bmon%2Bmyint%2B2%2Bsep%2B03%2Bhanthit%2Bmag.jpg)
နာမည်ကျော်မင်းသမီး သက်မွန်မြင့်က နမ်းရမည့် ဇာတ်ဝင်ခန်းကို ရိုက်ကူးရန် ငြင်းဆန်သောကြောင့် ဇာတ်လမ်းကောင်းသည့် ရုပ်ရှင်တကားကို လက်လွှတ်လိုက်လိုက်ရမည့် အခြေအနေဖြစ်နေသည် ဟု အလင်းတန်းဂျာနယ်သို့ ပြောပြသည်။ ကျွန်မကနှင်းဆီပါမောင် အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးမည့် ဒါရိုက်တာဝိုင်းက အဆိုပါ ဇာတ်ဝင်ခန်းက အရေးကြီးသည့် ဇာတ်ဝင်ခန်းဖြစ်သောကြောင့် “မဖြုတ်ပေးနိုင်ဘူး” ဟု မှတ်ချက်ပြုထားကြောင်း သက်မွန်မြင့်က ပြောသည်။တနင်္လာနေ့ထုတ် အလင်းတန်းဂျာနယ်တွင် ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“သက်မွန်ရဲ့ ပရိသတ်တွေကလည်း အဲဒါမျိုးတော့ လက်မခံဘူး ထင်ပါတယ်။ နောက် ထားသခင်ရဲ့ စရိုက်ကလည်း ဒါမျိုး မဟုတ်ဘူး ထင်ပါတယ်” ဟု သက်မွန်မြင့်က အလင်းတန်းဂျာနယ်ကို ရှင်းပြသည်။
ယခင်ကလည်း ဒါရိုက်တာဝိုင်း ရိုက်ကူးခဲ့သည့် ဇာတ်ကားတခုနှင့် ပတ်သက်ပြီး သူ၏ ပရိသတ်က ငြိုငြင်ခဲ့ဖူးသည်ဟု မင်းသမီးက ဆိုသည်။
“Sexy Dance ကခိုင်းတာ။ မလုပ်လို့ မရဘူး ဆိုလို့ ရိုက်ခဲ့တယ်။ ပရိသတ်တွေက သူ့ကို မပြောဘူး။ သက်မွန်ကိုပဲ ၀ိုင်းပြီး ပြောကြတာလေ” ဟု မင်းသမီးက ပြောသည်။
ဒါရိုက်တာဝိုင်းနှင့် ရိုက်ကူးသည့် ဇာတ်ကားတိုင်း အောင်မြင်ခဲ့ကြောင်း၊ ပုဂ္ဂိုလ်ရေးအရ ပြဿနာ မရှိကြောင်း၊ ဒါရိုက်တာကို ဆရာလုပ်ခြင်းလည်း မဟုတ်ကြောင်း မင်းသမီးသက်မွန်မြင့်က ပြောသည်။
ချင်းတိုင်းရင်းသူတဦးဖြစ်သည့် မင်းသမီးချောသက်မွန်မြင့်သည် ဒါရိုက်တာဝိုင်း ရိုက်ကူးသည့် “အာဒမ်ရယ်၊ ဧ၀ရယ်၊ ဒသရယ်” နာမည်ကျော် ဇာတ်ကားဖြင့် အကယ်ဒမီသက်မွန်မြင့် ဖြစ်လာခဲ့သည်။
အင်းးးး
အောင်မြင်လာပြီဆိုတော့လည်း ဟိုလို ဒီလို ပြောလာပြီပေါ့။
အဲဒီ ဇာတ်ဝင်ကားကို ဖြုတ်ပေးပါလို့ ပြောကတဲက ဒါရိုက်တာကို ဆရာလုပ်တာပေါ့။
ဟိုလို မရိုက်ချင်ဘူး ဒီလိုမှ ရိုက်ပါမယ်လို့ ကြပ်ကြပ်သာ ပြောပေးပါ။
မကြာခင် ဖန်သားပြင်ရှေ့က ပျောက်သွားလိမ့်မယ်။
သရုပ်ဆောင်လည်း ပြောင်ပြောင်မြောက်မြောက် ကောင်းတာမဟုတ်ဘဲနဲ့..။
မနာမလိုပါနဲ့ဗျာ.သူများအောင်မြင်တာ.မကျေနပ်ရင် ခင်းဗျားကိုယ်တိုင် အဖော်အချွှတ်ဇတ်လမ်းရိုက်ပေါ့. ဒါရိုက်တာတောင်မလိုပါဘူး။
Ma Ye MAy Kyi,
You should accept that She has her right.
I like her action.
Some famous actresses( like May Than Nu) had said that Mon Myint is a good actress.
မြန်မာမိန်းကလေးတစ်ယောက်အနေနဲ့  ငြင်းဆန်တာ အကောင်းဆုံးပဲလေ ဘာဖြစ်လို့ ဖန်သာပြင်ကနေပြောက်သွားမယ် ပြေားတာလဲ နားမလည်နိုင်ဘူး သက်မွန်ပရိတ်သတ်ကတော့  သက်မွန်ဆန္ဒနဲ့  တစ်ထပ်ထဲဖြစ်မှာ သေချာတယ် မြန်မာမိန်းမကောင်းလေးတစ်ယောက်အနေနဲ့ ငြင်းဆန်ရမယ်
အနမ်း ခန်း ဆက်ဆီ ခန်းတွေပါမှ အောင်မြင်ရင် ဘာဖြစ်သွားမလဲ အဲဒါတွေမပါပဲကမ္ဘာ ကျော်သွားတဲ့ ကားတွေအများကြီး သက်မွန် မှန်တယ် အားပေးနေတယ်
ဇာတ်ဝင်ခန်းကို ဖြုတ်ခိုင်းတာပဲ .. ဇာတ်ကားကိုဖြုတ်ခိုင်းတာမှမဟုတ်တာ..အခုပြောလိုက်တဲ့ရဲမေကြည် ပြောရတာလွယ်ရင် သွားကူညီပေးလိုက်ပါ နိုင်ငံခြားကားတွေမှာ အနရာယ်များတဲ့နေရာမှာ ရုပ်တူတစ်ယောက်ကိုအစားထိုးသလိုပေါ့.. ရဲမေကြည်အတွက်လွယ်တယ်ဆိုရင် သွားကူညီလိုက်ပါ… အောင်မြင်ဖို့ဆိုတာ စန်းရယ်၊ ကံရယ်၊ ၀ီရိယရယ် စိုက်ထုတ်ရသေးတယ်နော် အဲ့ဒါတွေမမြင်ပဲ သွားမပြောနဲ့အုံး . .ဒါရိုက်တာကိုလည်း ကြိုက်ပါတယ် တော်ပါတယ် အရင်းအနှီးနည်းတာတစ်ခုပါပဲ
လုံးဝလက်မခံလိုက်ပါနဲ့။ သန့်သန့်၇ှင်း၇ှင်းနေလေ မင်းသမီးကို ပ၇ိတ်သတ်က ပိုပြီးတန်ဘိုးထားလေပါဘဲ။ မင်းသမီး၇ဲ့ေ၇ွးချယ်မှုက သိပ်ကောင်းပါတယ်။
သက်မွန်မြင့် ဆုံးဖြတ်ချက်မှန်တယ်- သရုပ်ပါအောင် ပေါ်တင်ကြီးနမ်းစရာမလိုပါဘူး။ ကလေးမွေးခန်းပါရင် ပေါ်တင်ကြီး ကလေးခေါင်းပြူတာလေးကစ ပြမှာလား။ ဇာတ်သဘင် ပြဇာတ်တွေထဲ လူကြမ်းက မင်းသမီးကို မတော်မတရားပြုကျင့်တဲ့ အခန်းပါရင် ပရိတ်သတ်ရှေ့ မှာ ဘယ်ဇာတ်သဘင်မှ မပြပါဘူး။ ကန့်လန့် ကာ နောက်ထဲဝင်ပြီး အသံနဲ့ ဘဲ သရုပ်ဖေါ်တာပါ-၀မ်းနည်းရမှာလား- ၀မ်းသာရမှာလား မိသိန်းကြည် ဇာတ်ကားထဲမှာ မိသိန်းကြည် တယောက် ပြည့်တန်ဆာဖြစ်ပြီး ရောဂါပိုးတွေကူးစက်တယ်- မိသိန်းကြည် လိင်ဆက်ဆံပုံကို နိုင်ငံခြားကားတွေလို ပေါ်တင်မပြပါဘူး။ ကျော်ဟိန်းရဲ့ မွန်းတည့်ချိန်မှာ နေ၀င်သည်ကြည့်ပါ ။ အိန္ဒိယမှာ ရုပ်ရှင်ကားတွေထဲ ဆေးလိပ်မသောက်ရဘူးလို့  အစိုးရက အမိန့် ထုတ်တယ်။ လူငယ်တွေက သရုပ်ဆောင်တွေ လုပ်သမျှ လုပ်ရာမှ ဆေးလိပ်သောက်တတ်တဲ့ အလေ့အထတွေဖြစ်လာတယ်လို့  ပြောတယ်။ဒါကို ဒါရိုက်တာတချို့ က ကန့် ကွက်တယ်။။ ဇာတ်လမ်းက ဆေးလိပ်သောက်လို့  ရောဂါရတဲ့ အခန်းရိုက်ပါပြီတဲ့-ဆေးလိပ်သောက်တာမပြဘဲ အနုပညာရသ မပေါ်နိုင်ဘူးလို့ ဆိုတယ်။ တချို့ မင်းသားတွေကတော့ ပြည်သူလူထု ကျမ္မာရေးအတွက် ပိတ်ပင်တာမို့  ပိတ်ပင်သင့်ပါတယ်။ ဆေးလိပ်သောက်တဲ့အခန်းပြချင်ရင် ဆေးလိပ်တိုတွေကို ရိုက်ပြလို့ ရပါတယ်လို့ ပြောတယ်။ အနုပညာလွတ်လပ်ခွင့်ဆိုတာ မြန်မာ့ ယဉ်ကျေးမှူကို ပဓာန မထားဘဲ ဖေါ်တာ ချွတ်တာတွေပြမှ လွတ်လပ်ခွင့်ဖြစ်တော့မှာလား-ရုပ်ရှင်နဲ့ မရိုက်ပြလဲ အပြင်မှာ တကယ့်ကို ဒီအတိုင်းဖြစ်နေပါတယ်လို့ ဆိုငြားအံ့-
သက်မွန်မြင့် ရေ sexy အသားပေး ဇာတ်ကားရိုက်မှ ထမင်းစားရတာ မဟုတ်ပါဘူး။ကိုယ့်ယဉ်ကျေးမှူကို သရုပ်ဖျက်ပြီး နာမည်ကြီးတဲ့ ဇာတ်ကားမျိုးတော့ မရိုက်ပါနဲ့ ကွယ်။
you should be shy. you have brain wash from SPDC.You should know they all are fucking all people of people in Myanmar including your parents.
very good advise. i like it very much. the actress must walk out unless he agree to do so. there is plenty of movie to shoot. perhaps……
shutup !!!!! yel may kyi….she’s myanmar girl…not like you sleep with every one with $ 20 baths
You should have watched your word here if you were brought up and raised in good family.
I don’t want to be rude, but I must if you really deserve.
လူ့အခွင့်အရေးကွ။သက်မွန်မြင့် မှန်တယ်
ဟေ့ကောင်ဝိုင်း-ဒါဗုဒ္ဓဘာသာနိုင်ငံကွ၊ဒီမိုကရစီရပြီဆိုပြီး ပေါက်ကရလုပ်ဖို့ကြံနေပြီ၊ လင်မယားအခန်းပါရင်ကော ပီပြင်အောင်သရုပ်ဆောင်ခိုင်းအုံးမှာလား….ဆက်ပြောမိရင်ငါလွန်တော့မယ် ၊ မင်းသမီးမှာလဲ သူ့အခွင့်အရေးနဲ့သူ ငြင်းပိုင်ခွင့်ရှိတာဘဲ မြန်မာမိန်းကလေးပီသရင်တော့ သိက္ခာထိန်းလိမ့်မယ်။
မှန်လိုက်တာဘိုဘိုရယ်။
ကျော်ဆန်းလူလိမ်၊ သိန်းစိန်ရွှေခိုး အောင်မင်းမအေလိုးတွေရဲ. စရိုက်သဘာဝတွေနဲ..ကိုက်ညီမယ့် ဇာတ်လမ်းလေးတစ်ပုတ်ကို ဝိုင်းဆိုတဲ့ ဒါရိုက်တာကို ရိုက်ခိုင်းပေးပါလား။
RIGHT THAT IS ARTIST. ARTIST NEVER FOLLOW MONEY. BELIEVE IT.
MONEY FOLLOW THE ARTIST.
(THET MON DID RIGHT AS TRUE ARTIST)
Ye May Kyi, can’t say like that. Are you know Myanmar Traditional?
She should be say. Right!
you want to stay traditional life. you must take off your current clothes.
I don’t get what you are trying to say.
Are you trying to ask me about Burmese Culture and Tradition?
If so, “Of course, I do”.
We are now on the way to Democracy!!!!!!!!
We have the right to disagree to agree.
ဒီသဘောထားကိုသဘောကျတယ်။နမ်းမှအနုပညာမြောက်မှာလား။ ဦးသုခ၊ဦးတင်မောင်၊မေရှင်၊ဒေါ်ကြည်ကြည်ဌေးတို.အနုပညာမြောက် တယ်။နမ်းတာမတွေ့ဘူးပါ။ဒါကြောင်.လဲဆင်ဆာမရှိချင်ကြတာကိုး။
you did not see during fucking at night.
i’m absolute agreed ye may kyi ‘s artical.and fully respected to diriector wyne.Ko freddie
ဒါရိုက်တာဝိုင်း..
အခုလို နမ်းတဲ့အခန်းရိုက်မှ ဇာတ်လမ်းရဲ့အနှစ်သာရ ပေါ်အောင်ရိုက်နိုင်မယ်ဆိုရင် ခင်ဗျားဟာ အနုပညာမရှိတဲ့ ချာတူးလန်ဒါရိုက်တာပဲလို့ အတိအလင်း ပြောချင်ပါတယ်။ အချစ်၊ မေတ္တာ၊ တဏှာ၊ လောဘ စတာတွေကို တိုက်ရိုက်တင်ပြတဲ့ ပုံတွေနဲ့ပြမှ ဇာတ်ကားကောင်းဖြစ်တာ မဟုတ်ဖူးဆိုတာ ပညာရှင်တိုင်း သိနားလည်ကြတယ်။ ခင်ဗျားပေးချင်တဲ့ မက်ဆေ့ခ်ျက ကြည့်ရတဲ့သူတွေ တဏှာရာဂတွေ နှိုးကြွလာစေဖို့ ဆိုရင်တော့လည်း မပြောလိုတော့ဘူး။
so pity Burmese people because they do not know their current life. they did not look at their our asian countries changing.
She is right,
သက်မွန် မှန်တယ် မြန်မာမိန်းကလေး တစ်ယောက်အနေနဲ့ ငြင်းရမှာပဲ
လူအများရှေ့ မှာ မဖွယ်မရာ မလုပ်တာ မြန်မာမိန်းကလေးတွေရဲ အဓိကတန်ဖိုးပါ
သက်မွန်ပရိတ်သတ်ကလဲ လုံးဝလက်ခံမှာမဟုတ်တာ အမှန်ပါပဲ ကိုယ်ချစ်တဲ့ အနုပညာရှင်တစ်ယောက်ကို
ယဉ်ကျေးသိမ်မွှေ့ တဲ့ လူဖြစ်စေချင်တာ လူတိုင်းရဲ့ ဆန္ဒပါ အင်းမလိုရင်တော့ အမျိုးမျိုးအပြစ်ကျမှာပေါ့ 
ယဉ်ကျေးမှု ထိမ်းသိမ်းတာ အကောင်းဆုံးပါ
အထက်က ရဲမေကြည်။ ဆရာတင်မိုးရဲ့ အလှကိုယ်စီ ကဗျာလေးကို ရှာဖတ်ကြည့်ပါ။ လူတိုင်း မှာအလှကိုယ်စီရှိကြပါတယ်။
– – – အလှဝန်တို၊ မငြိင်ငြိုနှင့်၊
ဝန်တိုမှုသာ၊ မလှရာတည့်
သူ့ ဂုဏ်သူ့ သိန်၊ သူ့ အရှိန်နှင့် – – –
ရဲမေကြည်လည်း အစဉ်လှနိုင်ပါစေ လို့ - – – မောင်ပျာလောင်
ဟုတ်ပါရဲ့ကွာ..ရဲမေကြည်ဆိုတဲ့ကောင်မကဘယ်မှာလုပ်စားနေတဲ့ကောင်မလဲ။စကားပြောတာမြန်မာမဆန်လိုက်တာ။
နင်သွားရိုက်ချင်လည်းသွားရိုက်လေ။ဒါရိုက်တာ ဝိုင်းဆိုတဲ့ကောင်ကလည်းတော်ပါတယ်ဆိုမှယောက်မကိုရထားလုပ်စီး
ပြနေပြန်ပြီ။စာရေးဆရာမဖေ့ဘုတ်ပေါ်မှာရှင်းပြထားတာကသူ့ဝတ္တုထဲမှာလည်းအဲဒီဇာတ်ဝင်ခန်းကမပါဘူးတဲ့။ဒါရိုက်
တာကကောင်းမယ်ထင်ပြီးဖြည့်စွက်တာဘဲရှိတယ်။သူ့ကိုမတားလိုသလို၊သက်မွန်မြင့်ကိုလည်းသူ့ဖက်ကဘာမှမပြောလို
ဘူးဆိုတော့ရှင်းနေပြီပေါ့။သက်မွန်ငြင်းလို့ရတာဘဲ။မြန်မာမင်းသမီးဘဲ။ငြင်းစမ်းပါ။အဲကားမရိုက်ခင်တည်းကလည်းပြည်
သူချစ်ပြီးသားပါ။ဥပဒေတွေကလည်းထည့်ပြီးပြဌာန်းသင့်တယ်ထင်ပါရဲ့။အရင်ကဂျက်လီတောင်မှငြင်းဖူးသေးတာဘဲ။ခုသက်မွန်ကမြန်မာမိန်းခလေုးငင်းလို့ရတယ်
သက်မွန်ရေ အနမ်းခန်းပါမှ ရိုက်ရမယ် အနမ်းခန်းပါမှ ထမင်းစားရမယ်ဆိုရင် လုပ်မနေပါနဲ့တော့
@kyawnaing,
I am just wondering if you have ever addressed to your Mother and Sisters (if any) as “ကောင်မ”.
If so, never mind then.
But, just for your Eyes!
I am not a Girl……………………
yamahta ,5 dec, 2:30 pm.
ဒါရိုက်တာမှာ အတွေးဘယ်လိုရှိသလဲ။ နမ်းတိုင်းလဲ တဏှာရာဂလို့တွက်လို့ မရပါဘူး။ ကိုယ်မကြိုက်တာကိုလဲ ငြင်းပယ်ခွင့် ရှိတာပဲ။ နှစ်ဘက်ညှိမရရင် အလုပ်တွဲမလုပ်နဲ့ပေါ့။ လွယ်လွယ်လေးပါ။ ဘေးကနေ ၀င်ပွားနေတဲ့သူတွေက မီးလောင်ရာ လေပင့်သလိုဖြစ်နေတယ်။
အပြည့်အ၀ထောက်ခံပါတယ်
မောင်ပျာလောင်
Thanks for your penny-worth advice.
You may also have your own beauty inside.
သက်မွန်မြင့်ကိုတော့လေးစားပါတယ် ဝတ်စားဆင်ယင်မှူကအစ မြန်မာမိန်းခလေးငယ်လေးတွေအတုယူသင့်ပါတယ် ဟော့ဟော့ရမ်းရမ်းမနေတတ်တာကိုက သူမရဲ့ စရိုက်ပါ
Respected That Mon Myint, i will always suppoet in your action and othet actress will also following your path soon. Director wine is trying to destroy Burmese cultute by saying Democracy. democracy doent mean that wearing sexy clothes and making sex movie. Director Wine is dong sex movie soon i believe. He is discusting, dont ever support those kind of jerk. Kept Burmese beautiful culture forever Thet Mon Myint.Love u
မြန်မာမင်းသမီးပီသပါပေတယ် ..(စကားမစပ်)သူငယ်ချင်းတို.အားလုံး ဒို.ဖခင်သခင်အောင်ဆန်းအထုပ္ပတ္တိထက်. ဦးခင်ညွန်.အထုပ္ပတ္တိကားဆိုပ၇ိပ် သတ်ပိုကြိုက်မယ်ထင်တယ်(ကမ္ဘာကျော်မှာသေချာတယ်…ဘယ်နေ.၇ိုက်မလဲ မျှော်နေတယ်…အားပေးချင်တာအဲ.ဒီလိုကားမျိုး(ဖြစ်၇ပ်မှန်ပေါ.)အမေစုတောင်၇ိုက်တာပဲ ………………..=========း(း(း()
Cheers!!! Thet Mon…we insist you and love you that you do standing on your believing and on your right. We know our country is changing but we so glad that can not bring you as a material girl. If director Wine can not do without kiss scene, he on his way, don’t worry. In the “Titanic” movie Kate Winslet was not on the sex scenes, someone replaced for her. You are forever star and will be brighter with your own nature.
သက်မွန်မြင့် မှန်တယ်လိုထင်ပါတယ် နာမည်ပျက်ရက်သူပဲပျက်ရမှာလေ ဒါကြောင့်ငြင်းသင့်
ပါတယ်
ဒီမိုကရေစီဆိုတာ ကိုသေသေချာချာနားမလည် သေးတဲပြည်သူကို အမှတ်မှားအောင်လုပ်တာဘဲ လုံးဝရှုံ့ချတယ် ဘယ်မင်းသားမင်းသမီးမှလဲမရိုက်သင့်ဘူး
Ponnya Khin
Tuesday
ကျွန်မက နှင်းဆီပါမောင်..နဲ့ပတ်သက်ပြီး ကျွန်မဘက်ကပြောစရာလေးရှိလာပါတယ်..။
ခုတလော..ဂျာနယ်စာမျက်နှာထက်မှာ..ဒီဇာတ်ကားကိုရိုက်ဖို့ သက်မွန်မြင့်ကငြင်းဆိုတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့ပရိတ်သတ်များကမေးမြန်းလာတဲ့အတွက်ဒီစာကိုရေးရခြင်းဖြစ်ပါတယ်။
ဒီဝထ္ထုကကျွန်မရဲ့အုပ်၁၀၀ပြည့်ဝထ္ထုပါ။၁၅.၆.၂၀၁၁နေ့ကရေးသားပြီးစီးခဲ့တဲ့ဝထ္ထုဖြစ်ပါတယ်။သက်မွန်မြင့်က ကျွန်မ၀ထ္ထုကိုဖတ်ပြီးသားပါ။သူငြင်းတာကျွန်မ၀ထ္ထုထဲက အခန်းတွေကိုမဟုတ်ပါဘူး။ဒါရိုက်တာဖြည့်စွက်ထားတဲ့အခန်းတွေကိုငြင်းတာဖြစ်ပါတယ်။ဖြည့်စွက်ထားတဲ့အခန်းတွေကိုကျွန်မသိရချိန်မှာ ဒီအခန်းတွေဟာ မြန်မာ့ယဉ်ကျေးမှုအရ ရိုက်မပြသင့်တဲ့အခန်းတွေလို့ယူဆတဲ့အတွက် ပြန်ဖြုတ်ပေးဖို့ဒါရိုက်တာကိုတောင်းဆိုခဲ့ပေမယ့် ဒါရိုက်တာကလက်မခံခဲ့ပါဘူး။အတိအကျသိချင်လို့ ဒါရိုက်တာဆီကဇာတ်ညွှန်းတောင်းပြီးဖတ်ပါတယ်။
ဒါရိုက်တာက သူ sexy ဖြစ်အောင်ရိုက်မှာမဟုတ်ဘူးလို့ဆိုခဲ့ပေမယ့် ကျွန်မသေသေချာချာအထပ်ထပ်ဖတ်ပြီးတဲ့အချိန်မှာ တချို့အခန်းတွေဟာဘယ်လိုပဲရိုက်ရိုက် ဒီအဓိပ
ယ်ပဲသက်ရောက်နိုင်တယ်လို့မြင်လာပါတယ်။ကျွန်မဖန်တီးခဲ့တဲ့ ထားသခင်ဟာ ဒီလိုစရိုက်မျိုးမဟုတ်ပါဘူး။ဒီလိုအခန်းတွေထည့်လိုက်တဲ့အတွက် ထားသခင်ရဲ့စရိုက်ကိုပြောင်းလဲသွားစေနိုင်ပါတယ်။ကျွန်မ ဒါမျိုးရေးတတ်တဲ့စာရေးဆရာမ မဟုတ်ဘူးဆိုတာကျွန်မရဲ့ပရိတ်သတ်တွေအသိဆုံးပါ။ကျွန်မမ၀ထ္ထုရေးတဲ့အခါ ကျွန်မမိဘမောင်ညီမကိုပေးမဖတ်ရဲတဲ့ဝထ္ထုမျိုးမဖြစ်စေရဘူးဆိုတဲ့ခံယူချက်နဲ့ရေးပါတယ်။ဒါရိုက်တာမှာလည်းသူ့ပညာနဲ့သူရှိပါလိမ့်မယ်။ဒါရိုက်တာရဲ့အပိုင်းကိုတော့ကျွန်မဘာမှမဝေဖန်လိုပါဘူး။သူဘယ်လိုရိုက်မယ်ဆိုတာအတိအကျကြိုမသိနိုင်တဲ့အတွက်ဘာကိုမှကြိုပြီးမဝေဖန်ချင်ပါဘူး။ကျွန်မနဲ့ပတ်သက်တာကိုပဲကျွန်မပြောတာပါ။ကျွန်မ၀ထ္ထုနဲ့အကယ်ဒမီရခဲ့တဲ့မင်းသမီးလေး..
.ဒီဇာတ်ကားကိုရိုက်ခွင့်မကြုံတော့တဲ့အတွက်တော့ ကျွန်မတကယ်စိတ်မကောင်းပါဘူး..။ဒါပေမယ့်..ဒါရိုက်တာဖြုတ်မပေးနိုင်တာဟာလည်းသူ့ခံယူချက်နဲ့သူ။မင်းသမီးငြင်းတာလည်းသူ့ခံယူချက်နဲ့သူ။ကျွန်မလက်မခံနိုင်တာဟာလည်းကျွန်မခံယူချက်နဲ့ကျွန်မ။ဘယ်သူမဆိုလွတ်လပ်စွာကွဲလွဲနိုင်တာပဲမဟုတ်ပါလားရှင်…….။
ရဲမေကြည်ဆိုတဲ့. မိန်းမရေ. နင့်နာမည်ရှေ့က. “ရဲ” ဆိုတဲ့စာလုံးကြီးကို ဖြုတ်ပေးပါ.. ငါနဲ့လာတူနေလို့. သန လိုက်တာကွာ.. မင်းအမျိုးထဲက. မိန်းကလေးတွေကို. အဲဒီကားသွားရိုက်ခိုင်းပါလား..
ကောင်မနင်ဗမာမဟုတ်ဘူးလာ လာစမ်းပါလုပ်ပစ်မယ်။ ရဲမ…….ဟင်း ….ဟင်း….ဟင်း
ိနမ်းရမဲ့ဇာတ်ဝင်ခန်းဆိုတာ တော်ရုံပါး၊ နဖူး နမ်းရုံမကဘူး .. Lip Kiss လို့ဇာတ်ညွှန်းထဲမှာကိုထည့်ရေးထားတာ.. ဒီလိုမျိုး မသက်မွန်လို မြန်မာအမျိုးကောင်း မင်းသမီးတစ်ယောက်အနေနဲ့ငြင်းတာ မလွန်ပါဘူး.. (မ)ရဲမေကြည် or (မောင်)ရဲမေကြည်.. ရှင်ဆိုရင်ကော..ဒါမှမဟုတ် ရှင့်နှမ အစ်မမင်းသမီးတွေဆိုရင်ဒီလိုကားမျိုးလက်ခံမှာလား၊ (ဖန်သားပြင်ပေါ်က မပျောက်ချင်ပြောပါတယ်)
သက်မွန်မြင့်ငြင်းတာမှန်ပါတယ်။မြန်မာအမျိုးသမီးတစ်ယောက်အနေနဲသက်မွန်ငြင်းတာအပြည့်အ၀ထောက်ခံပါတယ်။ဒီလိုယဉ်ကျေးမူကိုသရုပ်ဖျက်တဲ့ဇာတ်ကားကိုလုံးဝမရိုက်ပါနဲ့။ကြိုးစားပါအမြဲအားပေးနေမယ်။
နမ်းတာကဘယ်လိုနမ်းတာမျိုးလဲ။ပါးစပ်ချင်းပါးစပ်ဆိုရင်တော့ ငြင်းနိုင်ပါတယ်။ပါးတို့နဖူးတို့နမ်းတာဆိုရင်တော့မငြင်းသင့်ဘူးလို့ထင်ပါတယ်။
နဲနဲထပ်ပြောချင်သေးတယ်…ကိုယ်တွေးမိတာကတော့….ဒီကောင် အရောင်ရှိတဲ့ကားတွေရိုက်ဘို့ ခြေလှမ်း လှမ်းနေတာဘဲ
ချင်းတိုင်းရင်းသူလေး သက်မွန်မြင့် ရဲ့ဖြူစင်ရိုးသားမှုကို တန်ဘိုးထားရပါမည်.။