မိုးမခအထောက်တော်
နိုဝင်ဘာ ၁၉၊ ၂၀၁၂
နိုဝင်ဘာ ၁၉၊ ၂၀၁၂
မြန်မာနိုင်ငံတွင် ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ခံရပြီးနောက်ပိုင်း ကျန်ရစ်ခဲ့သော ခိုကိုးရာမဲ့ ဘိုးဘွားများအတွက် ရိပ်သာတခု ဧရာဝတီတိုင်း ဘိုကလေးမြို့ နယ် ကဒုံကနိတွင်တည်ထောင်ရန် အတွက်ပြည်သူ့ဂုဏ်ရည် ဒေါ်ရှုနှင့် ဆရာတော်များ ရက်အနည်းငယ်က ရွှေတွံတေးဆရာတော်ထံ လာရောက်ဆွေးနွေးခဲ့ကြသည်။
ရွှေတွံတေးဆရာတော်ကလည်း နိုင်ငံသား တိုင်းရင်းသားများသာမက နိုင်ငံတကာကပါ ပါဝင်လှူဒါန်းကြဖို့ ၁၅. ၁၁. ၁၂ နေ့က စီစဉ်နေ ပါသည်။
ရွှေတွံတေးဆရာတော်က “ကိုယ်နိုင်ငံသားတွေကရေတိုအားကောင်းတယ်။ ရေရှည်သိပ်အဆင်မပြေဘူး။ ဒါကြောင့် နိုင်ငံတကာက မိတ် ဆွေတွေပါဝင်ဖို့ တိုက်တွန်းနေတာပါ။ ဆရာတော်ကိုယ်တိုင် နာဂစ်ဒုက္ခသည်တွေအတွက် ဘတ် ၁၀ သန်းဖိုးနဲ့ ကျပ်သိန်းပေါင်းတသောင်းတထောင်ကျော်လှူဒါန်းဖြစ်အောင်ကြိုးစားခဲ့တယ်။ ဆန်အလှူ စက်အလှူ ကျွဲအလှူ ဆေးဝါးအလှူ နဲ့ စားဝတ်နေရေး အရေးပေါ်အလှူ တွေလုပ်ခဲ့တယ်။ နိုင်ငံတကာက ရေရှည်ပါဝင်ကူညီပေးခဲ့တယ်။ ဒါကြောင့် အခုလည်းကြိုးစားကြည့်ဦးမှာပါ” ဟုမိန့်ကြားသည်။