စတီရီယိုခေတ်ဦးနိုင်ငံကျော်အဆိုတော်ကြီး ခင်မောင်တိုး ကွယ်လွန်ဟု ဆို

စတီရီယိုခေတ်ဦးနိုင်ငံကျော်အဆိုတော်ကြီး ခင်မောင်တိုး ကွယ်လွန်ဟု ဆို

(ီ ) ဖေ့စ်ဘွတ် ပိတ်ဂ်ျ ၊ နိုဝင်ဘာ ၈၊ ၂၀၁၂

လက်ခံရရှိသော စာမိတ္တူအရ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

စတီရီယိုခေတ်ဦးမှသည် ယနေ့တိုင် ကိုယ်ပိုင်သံစဉ် တေးသီချင်းများနှင့် ရှင်သန်နေသော နိုင်ငံကျော်အဆိုတော် ဦးခင်မောင်တိုး ယနေ့ညပိုင်းအချိန်တွင် စင်ကာပူနိုင်ငံတွင် ကင်ဆာရောဂါ ဆေးကုသရင်း ကွယ်လွန်အနိစ္စရောက်သွားပြီဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုတော် ခင်မောင်တိုးမှာ ၁၉၅၁ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် မွေးဖွားခဲ့ပြီး သေဆုံးချိန်တွင် ၆၃နှစ် ရှိပြီဖြစ်သည်။ အနုပညာလောကကို ၁၉၇၃ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ပြီး နှစ် ၄၀ လုံးလုံး ဂီတလောကကို ချစ်မြတ်နိုးပြီး နားဆင်သူပြည်သူတွေအတွက် သီချင်းအေးအေးများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး လက်ရှိအချိန်အထိ တေးစီးရီး ၃၀ ခန့်သီဆိုခဲ့ကာ နိုင်ငံအတွက် အနုပညာတာဝန်ကျေပွန်ခဲ့သူတစ်ဦးဖြစ်သည်။

သေဆုံးချိန်တွင် ဇနီးဖြစ်သူ ဒေါ်ဝေေ၀ခိုင်၊ သားကြီး မင်းမင်းလတ်၊ သားလတ် အောင်ပန်းဦးနှင့် သမီးငယ် ဝေနှင်းခိုင်တို့ ကျန်ရစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

မူရင်းပို့စ်က ဒီမှာပါ – http://www.facebook.com/pages/People-Development-For-Knowledge/307904635932447

6 thoughts on “စတီရီယိုခေတ်ဦးနိုင်ငံကျော်အဆိုတော်ကြီး ခင်မောင်တိုး ကွယ်လွန်ဟု ဆို

  1. It is unexplicable how much I am sad for this news.
    He is a person who can never be substituted.

  2. ခင်ဗျားတို့က သေသေချာချာ မစုံစမ်းဘဲနဲ့ သတင်းဖြစ်ရင်ပြီးရောဆိုပြီး လုပ်ချလိုက်တယ်ပေါ့..ကာယကံရှင်တွေ ဘယ်လိုခံစားရမယ် ဆိုတာထည့်မတွေးမိဘူးလား..မူရင်း post ရဲ့ နောက်က comment တွေကို ဖတ်ကြည့်ပြီးပြီလား..
    နောက်ထပ် link ကလေးတခုကိုလဲ သွားကြည့်လိုက်ပါအုံး…
    http://www.thithtoolwin.com/2012/11/blog-post_6767.html#.UJzHgoYkpM4

    1. ဟုတ်တယ်ဗျ ဒီမိုးမခသတင်းဌာနကလူတွေဟာ သူတို့ နေတဲ့ဒေသကနေ ဘယ်ကိုမှဖင်ဖင်ရွေှ့ပြီးသတင်းယူတဲ့ကောင်တွေမဟုတ်ဘူး ရမ်းတုတ်လုပ်စားနေကြတာသိသာတယ်

  3. What does it means..ကွယ်လွန်ဟု ဆို….??? It is true or rumour??

  4. @ MoeMaKa,
    Should post a correction note on this. He is alive.
    That is very bad that you published the news just based on facebook.

  5. သတင်းတခု ရတယ်ဆိုပျြီး အရမ်းမလုပ်ကြပါနဲ့.. သေချာစုံစမ်းကြပါ..

Comments are closed.