ဓာတ်ပုံသတင်း

သက်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ဂါရ၀ပွဲ ရန်ကုန်တွင် ကျင်းပ

သက်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းများ ဂါရ၀ပွဲ ရန်ကုန်တွင် ကျင်းပ

မိုးမခဓာတ်ပုံသတင်း၊ အောက်တိုဘာ ၃၁၊ ၂၀၁၂
ယမန်နေ့က ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီ၊ သီရိခန်းမမှာ သက်ကြီးနိုင်ငံရေးအကျဉ်းသားဟောင်းများ ဂါရ၀ပြု ကန်တော့ပွဲနဲ့ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုပွဲကို ကျင်းပရာ၊ အင်န်အယ်ဒီပါတီ နာယက၊ နိုင်ငံရေးအကျဉ်းသားဟောင်းများဖြစ်ကြသော ဦးတင်ဦး၊ ဟံသာဝတီဦးဝင်းတင်နှင့်တကွ လူကြီး လူငယ်များ တက်ရောက်ကြသည်ကို တွေ့ရသည်။

 
အခမ်းအနားတွင် နိုင်ငံရေးအကျဉ်းသားများ၏ နေထိုင် လှုပ်ရှားမှုများကို သရုပ်ပြခြင်းနှင့် အကျဉ်းထောင်တွင် ကျွေးမွေးသည့် ပုံစံထမင်းဟင်းများကို ကျွေးမွေးသည်ကိုလည်း တွေ့ရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts