နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ ရွှေည၀ါဆရာတော် တရားပွဲ အောင်မြင်စည်ကား

မိုးမခဓာတ်ပုံသတင်း၊ လောအယ်စိုး၊ သြဂုတ် ၂၆၊ ၂၀၁၂

မြန်မာပြည်က အမေရိကန်ပြည်ထောင်စုကို ဓမ္မခရီးစဉ်အဖြစ် ကြွရောက်လာတဲ့ ရွှေည၀ါဆရတော် ဦးပညာသီဟရဲ့ အမေရိကန်ပြည်အရှေ့ခြမ်း ပထမဦးဆုံး တရားပွဲအဖြစ် နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့မှာ ယမန်နေ့က ကျင်းပဖြစ်ခဲ့ပါတယ်။

ဒေသခံ ဗုဒ္ဓဘာသာဝင်မြန်မာမိသားစုများ အားလုံး စုပေါင်းကျင်းပကြတဲ့ ပထမဦးဆုံးသော တရားပွဲ ဓမ္မသဘင်ဖြစ်တယ်လို့ ဇေယျသီရကျောင်းက ဆရာတော် ဦးခေမိန္ဒာစာရက မိုးမခကို ပြောကြားပါတယ်။ ဟောကြားတဲ့ တရားခေါင်းစဉ်က ဘုရားဟောတဲ့ညီညွတ်ရေး တရားလို့ ဆိုပါတယ်။ ဆရာတော်ကို မြန်မာတိုင်းရင်းသားကွန်မြူနီတီက ထီးဖြူမိုး ပြီး လှည့်လည်ကြိုဆိုကြတာကို ကြည်နူးဝမ်းမြောက်ဖွယ်တွေ့ရပါတယ်။
ဆရာတော် သာဓုကျောင်းတိုက်မှ ဖယ်ရှားခံပြီးနောက် မှော်ဘီမှာ ပြောင်းရွှေ့သီတင်းသုံးနေတဲ့ မှော်ဘီစာသင်ကျောင်းတိုက်ကြီး ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားတွေက လှူဒါန်းကြတာကိုလည်း တွေ့ရပါတယ်။