မကွေးမြို့၊ ၈လေးလုံး ၂၄နှစ် လှုပ်ရှားမှုများ မြင်ကွင်း

ဘကျော် (မကွေး)၊ သြဂုတ် ၉ ၊ ၂၀၁၂

သြဂုတ်၊ ၈၊ နံနက် ၈ နာရီ ၈မိနစ်အချိန်တွင် မကွေးမြို့၊ မြင်သာရပ်၊ မဲထီးလမ်းရှိ အင်န်အယ်ဒီ အဖွဲ့ချုပ်ရုံးတွင် ငွေရတုအကြို ၈၈၈၈ နေ့ကို ကျင်းပခဲ့သည်။ လွှတ်တော်အမတ် ဥိးမြင့်သိန်းနှင့်တကွ အဖွဲ့ဝင်များ။ ကျောင်းသားလူငယ်များ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ၊ မြေလတ်ဒေသ)၊ လူမှုရေး အသင်းအဖွဲ့များမှတက်ရောက်ခဲ့သည်။  ၁၉၈၈ အရေးအခင်းတွင် အသက်ပေး၍ ဒီမိုကရေစီအရေး တိုက်ပွဲဝင်ခဲ့သော ရဟန်းရှင်လူပြည်သူအများနှင့် ကျောင်းသာများအား အောက်မေ့တသစွာ မိန့်ခွန်းများ ပြောကြားခဲ့သည်။

နေ့ခင်း (၁၀) နာရီတွင် မြို့မရပ်၊ မဲထီးလမ်းရှိ မင်းကျောင်းဘုန်းတော်ကြီး ကျောင်းတိုက်၌ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (မြေလတ်ဒေသ) ကျောင်းသားများက
သံဃာတော်(၅)ပါး အား ဆွမ်းကပ်လှူ၍ ၀ါဆိုသင်္ကန်းများကပ်လှူကာ၊ နောင်တော်ကျောင်းသားများ အသက်သွေးချွေးတို့ဖြင့် ဒီမိုကရေစီအရေးကို တိုက်ပွဲဝင်ခဲ့မှုအား လက်ဆင့်ကမ်း သယ်ပိုးလျှက်ရှိသည်။ အဆိုပါအခန်းအနားသို့  ပါတီအဖွဲ့စည်းအားလုံးအား ဖိတ်စာဖြင့်ဖိတ်ကြားခဲ့သော်လည်း အဖွဲ့ချုပ်တပါတီသာ တက်ရောက်လာကြောင်းသိရသည်။

ပွင့်လင်းလူ့ဘောင် ကျောင်းသားများကလည်း နံနက် (၁၀) နာရီတွင် ရွာသစ် (၁၅) လမ်းရှိ သီးမောင်မောင်စိုးနေအိမ်တွင် သံဃာတော်(၅)ပါး ပင့်ဖိတ်၍ ဆွမ်းကပ်ခြင်း၊ဝါဆိုသင်္ကန်းကပ်ခြင်းဖြင့် ငွေရတုအကြိုရှစ်လေးလုံးနေ့ အထိမ်းအမှတ်ကျင်းပခဲ့သည်။