ဆန်ဖရန်ဘေးဧရိယာမှသည် ရခိုင်ပြည်သို့ ဈေးရောင်းအလှူပွဲ ဆိုင်ပေါင်း ၂၀ ကျော်ပြီ
မိုးမခရွာဆော်ကြီး၊ ဇွန် ၂၈၊ ၂၀၁၂
လာမယ့် ဇူလိုင် ၈ ဆန်းဒေး၊ နယူးအခ် ရိပ်သာရင်ပြင်မှာ မြန်မာနဲ့ အာရှရိုးရာ စားသောက်ဖွယ်ဈေးရောင်း အလှူပွဲတော် ကျင်းပပြီး မြန်မာပြည်၊ ရခိုင်ဒေသက ဒုက္ခသည်မြန်မာပြည်သူတွေအတွက် လှူဒါန်းမယ့် အလှူရှင်ဈေးဆိုင်ပေါင်း ၂၀ ကျော် သွားပြီ ဖြစ်ပါတယ်။
ဘေးဧရိယာက မြန်မာ့အရေး အလှူလက်မနှေးသူ မြန်မာမိသားစုများ၊ စေတနာရှင်အလှူ ဈေးခင်းမည့်သူများ၊ လုပ်အားပေးစေတနာရှင်များ အားလုံး တယောက်တလက် ၀ိုင်းဝန်းကြမှာဖြစ်တဲ့အတွက် အောက်ပါ လုပ်အားပေးတာဝန်ခံများကို ဆက်သွယ်နိုင်ကြပါတယ်။
ပွဲတော်ဖြစ်မြောက်ရေး – ဦးညွန့်သန်း၊ ဒေါ်နွေဦး၊ ဦးရှောန်၊ ဦးဂျေစင် နဲ့ ဦးကျော်သူရ
အလှူရှင်များ ၊ စေတနာရှင်များ ဆက်သွယ်ရေး – ဦးစိန်ထွန်း၊ ဦးညွန့်သန်း၊ ဦးကျော်သူရ၊ ဒေါက်တာမောင်မောင်သော်၊ ဦးဂျေစင်နဲ့ ဒေါ်ခင်ထွေး
ဘဏ္ဍာရေးရာ – ဦးရှောန်၊ ဒေါ်နွေဦး နဲ့ ဒေါ်ခင်ထွေး
ပြန်ကြားရေးဆိုင်ရာ ဦးမောင်ရစ် တို့က ဆောင်ရွက်နေကြကြောင်း သိရပါတယ်။
အများပြည်သူ ဧည့်သည်တော်များ စိတ်ဝင်စားမယ့် စားသောက်ဖွယ်များ အားပေးလှူဒါန်းနိုင်ကြဖို့ စားဖွယ်ရာစာရင်းကို ဖော်ပြလိုက်ပါတယ်။
| မြန်မာနဲ့ အာရှရိုးရာ စားဖွယ်ရာများ | အလှူရှင်များ | 
| 
 | ·       ကချင်ကွန်မြူနီတီ (ဆန်ဖရန်ဗေးဧရိယာ) ·       ကိုအောင်သူ၊ မ၀ါ မိသားစု ·       နွေဦး ဒိုးပတ်အဖွဲ့ ·       မမေသန်းဋ္ဌေး၊ မထွေးထွေးဝင်း ·       ကိုအစန်း၊ မနယ်လီ မိသားစု ·       ဗေးဧရိယာ မြန်မာကွန်မြူနီတီစင်တာ ဖြစ်မြောက်ရေး ·       မအိပ၊ မအေးအေးအောင် ·       မီးမီးမ မိသားစု ·       ဦးကျော်လင်း၊ ဒေါ်နန်းခမ်းရွှေ ·       ရခိုင်အသင်း ·       ကိုမိန်းမိန်း ·       ကို Harry မနန်း မိသားစု ·       ဦးကျော်ရှိန်၊ ဒေါ်ကြင်ကြင်စိန် မိသားစု ·       ဦးဋ္ဌေးကျော်၊ ဒေါ်ခင်လှ မိသားစု ·       ဒေါ်ကြင်လှိုင်၊ မ Mary ·       Burmese American Catholic  Fellowship (BACF) ·       ဒေါ်မေကြည် မိသားစု ·       ဒေါ်ကြည်ကြည်ချစ် မိသားစု ·       မနီနီသော်၊ မခင်ထွေး ·       အန်တီသင်း မိသားစု ·       ကိုထွန်းနိုင် မိသားစု ·       ကိုဘိုဘို၊ မယု သူငယ်ချင်းတစု ·       မနွေဦး၊ နီလာမြင့် ·       ဦးထွန်းရွှေ၊ ဒေါ်မြင့်မြင့်ရီ၊ သမီးဟန်စုယဉ် ·       အန်တီ မေဘယ်၊ မမေမျိုးမြတ်၊ မခင်လှယဉ်၊ မစန္ဒာ ·       ဒေါ်ခင်အေးမြင့်မိသားစု ·       ကိုကျော်အုံး ·       ဒေါ်အေးသီ၊ ဒေါ်လှလှ၊ Denise နဲ့ သူငယ်ချင်းများ ·       ကိုချားလ်စ်၊ မိသားစုနဲ့ သူငယ်ချင်းများ | 
