Uncategorized

မောင်မောင်လတ် (ရွှေအင်းလေးစာပေ) – ဒီမိုပြက္ခဒိန်အသစ်

ဒီမို ပြက္ခဒိန်အသစ် 
မောင်မောင်လတ် (ရွှေအင်းလေးစာပေ)
နိုဝင်ဘာ ၁၇၊ ၂၀၁၃

နှစ်ပေါင်း ထောင်ချီ ကြာပြီဖြစ်သည့် ရှေးဟောင်း မာယာလူမျိုး နက္ခတ ပညာရှင်တွေ ဘယ်နည်း ဘယ်ပုံ ဘယ်လိုအခြေခံဖြင့် တွက်ချက်ထား သည်ကို မသိရ။ ဘယ်လိုအတွေးအမြင်  အယူအဆတွေ ရည်ရွယ်ထားသည်ကိုလဲ မသိရ။၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် ပြက္ခဒိန်ကို အဆုံးသတ်ထား၏။ 
အေးငြိမ်းညင်သာစွာဖြင့် ၂၀၁၂ ခု ဒီဇင်ဘာ ၂၁ ရက်ကို ကျော်ဖြတ်သွားခဲ့ပါပြီ။အဆိုအမိန့်တခု ရိုးရာဓလေ့ထုံးတမ်း ပြက္ခဒိန်တခု ပြီးဆုံး သွားခဲ့ပါပြီ။ရည်ရွယ်ရင်းအကြောင်း မသိရသော်လည်း   စုဝေးတိုင်ပင်သတ်မှတ်ခဲ့သော မာယာလူမျိုးအပေါင်းတို့အား  ဦးညွှတ်ဂုဏ်ပြုပါ၏၊၊
ယနေ့ မြန်မာ့သမိုင်းစာမျက်နှာတွင် ဘုရားကျွန် လူတန်းစားတရပ် ရှိခဲ့၏။ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုမှ အစိုးရပြန်တမ်းဖြင့် ဖယ်ရှားခဲ့သည်၊ ဘုရားကျွန်ဘဝမှ လွတ်မြောက်စေခဲ့သည်။ လူလူသူသူ သားစဉ်မြေးဆက် တန်းတူညီမျှ အခွင့်အရေး ခံစားစေခဲ့သည်။ ထိုအဖြစ်နှင့် မရှေး မနှောင်း မြန်မာ့သမိုင်း၌ လူတန်းစားအသစ်တရပ် ဝမ်းနည်းကြေကွဲစရာ ပေါ်ပေါက်လာခဲ့၏။ ထိုလူတန်းစားအသစ်ကား စစ်ကျွန်ပင်တည်း။
ရာစုနှစ် တဝက်ကျော်  စစ်ကျွန်ဘဝနှင့် နစ်မွန်းခဲ့ရသော ပြည်သူအနေဖြင့် စစ်ကျွန်ဘဝလွတ်မြောက်အောင် အမျိုးမျိုးသော ကြိုးစားအား ထုတ်မှုများသည် အချည်းနှီးမဖြစ်ခဲ့သော်လည်း  မအောင်မြင်နိုင်သေး။ အခြေအနေ အချိန်အခါ ကံကြမ္မာ ဖေးမမှုကင်းဝေးခဲ့။ အကျိုးတရား  အကြောင်းတရားတွေကလဲ ထပ်တူ ထပ်မျှမဆုံစည်းခဲ့။
နှစ်ပေါင်း ဆယ်စုနှစ်ချီ တစတစ အမြုတေ  ဆန့်ကျင်တော်လှန်မှုတွေ၊  ပြည်သူတရပ်လုံး စစ်ကျွန်ဘဝ ခါးစည်းခံခဲ့သမျှ နာကျင်မှုတွေ၊ ခေတ်သစ်နည်းပညာဖြင့် မြင်ကွင်းကျယ် မြင်လာခဲ့သည့် နိုင်ငံတကာအခင်းအကျဉ်းတွေ၊ တဟုန်ထိုးပြောင်းလဲလာသော  ကမ္ဘာသူ ကမ္ဘာ သားတို့၏ တွေးခေါ် ခံယူချက်အမြင်တွေနှင့်အတူ.. ယနေ့ မြန်မာ့နိုင်ငံရေးတွင် စစ်ကျွန်ပြုခံရသူ ပြည်သူတရပ်လုံး လမ်းဆုံ လမ်းခွ၌ရောက် နေသည်မဟုတ်။ တွေဝေငေးမှိုင်နေသည်မဟုတ်။ ရှေ့မတိုးသာ နောက်မဆုတ်အနေအထားမဟုတ်။ လူမြင်ကွင်း အလယ်တည့်တည့် မျက် နှာချင်းဆိုင် စစ်အာဏာရှင်အုပ်စုအားပြတ်ပြတ်သားသား အဖြေတခု တောင်းနေပါပြီ၊၊
ထိုနေ့အတွက် ပြည်သူတရပ်လုံးမှ  စစ်အာဏာရှင်အုပ်စုအတွက်    ပြက္ခဒိန်အသစ်တခု ပြဌာန်းရတော့မည်။ မလွဲမသွေ သတ်မှတ်ရတော့မည်၊ ခေတ်ကာလ အခြေအနေအရ  မာယာလူမျိုးနှင့် မတူညီနိုင်၊ တိုတောင်းသည့်အချိန်ကာလ ပြက္ခဒိန်နေ့တနေ့ကို အတည်ပြုရတော့မည်၊၊
ဒုတိယကမ္ဘာစစ်အတွက်  ဒီဒေးလိုနေ့မျိုး၊ မဟာတော်လှန်ရေးအတွက် ရေတပ်အမြောက်သံ စဖောက်သည့်နေ့မျိုး၊ ကမ္ဘာကို တုန်လှုပ်စေခဲ့ သည့် ကပ်စထရိုလျှောက်လဲချက်ပေးသည့်နေ့မျိုး၊   အားလုံးကို မင်တက်စေသည့် ဘာလင် တံတိုင်းပြိုကျသည့်နေ့မျိုးသကဲ့သို့  ယနေ့ မြန် မာနိုင်ငံ စစ်အာဏာရှင် ကျဆုံးအဆုံးသတ်စေရမည့်နေ့ကား …   ၁၉၁၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ပင်တည်း။
ဥပဒေတွင်း ဥပဒေပြင်ပ ဆိုဆို ၊  မြေပေါ် မြေအောက် သတ်မှတ် သတ်မှတ်၊   တရားဝင်  တရားမဝင် ပြော ပြော  မတူညီသည့် အခြေခံ နှစ်ရပ်မှ    အတိုက်အခံများအပေါ် ပြည်သူများမှ နှစ်ရှည်လပေါင်း  များစွာ   မျှော်လင့် ချက်ကြီးထားလာခဲ့သည် ၊
ဖက်တဖက်၌ ရှိသော  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများအတွက်   ငြီမ်းချမ်းရေး ဆွေနွေးပွဲက အစ ကနဦး မပြီးပြတ်သေး၊  အဖြေ ရလဒ်တော့  ရှင်းလင်းစွာ မြင်ရပါပြီ၊   အပစ်ရပ် ၊ နိုင်ငံရေးတွေ့ ဆုံ ဆွေးနွေးပွဲမှတဆင့်  အားလုံးပါဝင်သည့်   ဆွေးနွေးပွဲတွင်မှာမှ  ဖယ်ဒရယ်မူ ၊ ဖယ်ဒရယ်ပြည်ထောင်စုတပ်မတော်ကိစ္စကို   ပြတ်ပြတ်သားသား တင်ပြတောင်းဆိုရမည့် အစား     ပထမ အပစ်ရပ် ဆွေးနွေးပွဲ မစတင်ခင်အချိန်  ကိုယ်ဖက်အင်အားစု ညီညွတ်အောင်   မစုစည်းနိုင်ချိန် အသံ ထွက်ပေါ်လာခဲ့သည်နှင့်    စစ်အာဏာရှင် အုပ်စုမှ         ပြတ်ပြတ်သားသား      တုန့် ပြန်လိုက်သည်ကား   ရာဇသံများ  ၊ ကြိုတင်စည်းကမ်းသတ်မှတ်ချက်ဘောင်များပင်။၊  
အချိန်တိုအတွင်း  ကိုယ့် အင်အားစုအချင်းချင်း နားလည်မှုမယူနိုင်ဆွေးနွေးရင်း ကွဲပြားလာသည့်အမြင်တွေကို ကမန်းကတန်းစုစည်း   အိုးပူ မီးတိုက် ရေးဆွဲခဲ့သော  ဘုံသဘောတူညီချက် မူကြမ်းလည်းယခင်  ပြည်ထောင်စုအလံ  နိုင်ငံတဝှမ်းလှည်ပတ် သယ်ဆောင်သကဲ့ သို့    ပြည်နယ်မြို့ တော်  တမြို့ ပြီးတမြို့  ရွှေ့ လျှားဆွေးနွေးရင်း…ရေစုန်မျှောရမည့် အဖြစ် ၊ သေးငယ် ပျောက်ကွယ်သွားရမည့် အဖြစ်၊၊   ရာစုနှစ်ဝက်ကျော် အချိန်ယူ တည်ဆောက်ထားသော ထုနှင့်ထည်နှင့် အခြေတည်နေသော စစ်အာဏာရှင် အုပ်စုကို    ဤနည်း ဤနောက်ခံအခြေအနေနှင့်တန်းတူ ဆွေးနွေးရန်မဖြစ်နိုင်၊   တော်သင့် ယုံ အားထုတ်မှုနှင့် ဆိုလျှင်…   အောက်ကြေးနှင့် စဈေးဖွင့် ခံရသည့်ဘော်လုံးသင်းတသင်းကဲ့ သို ပင်၊၊
ကျန် တခြားတဖက်တွင်မူ..ပြည်နယ် ပြည်မ တန်းတူ ညီမျှရေး၊ ကိုယ့် ကံကြမ္မာ ကိုယ် ဖန်တီးခွင့်  ရရှိရေး၊   ပြည်သူတရပ်လုံး တရားဥပဒေ စိုးမိုးမှုအောက် လုံလုံ ခြုံခြုံ အေးချမ်းစွာ နေနိုင်ရေး၊   ဒီမိုကရေစီ အခြေခံအုတ်မြစ် ခိုင်မာအောင်ပြုစု ပျိုးထောင်ရေး အစရှိသည့်   ရည်ရွှယ်ချက်ဖြင့် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက်    တိုက်ပွဲ အရှိန် စမြင့် နေသည့်အချိန်  စနိုးကြားတက်ကြွနေသည်ကို   မျက်ဝါးထင်ထင် တွေ့ မြင်နေရပါပြီ၊၊
ဆိုခဲ့သည့်အတိုင်း  စစ်အာဏာရှင်စံနစ် အဆုံးသပ်စေမည့်    အခြေခံ ဥပဒေ ပြင်ဆင်ပြောင်းလဲရေး တိုက်ပွဲတခုတည်းက     လူ မြင်ကွင်း  နိုင်ငံတကာအလယ်  ထီးထီးချည်း  ထင်ရှားပေါ်လွင်နေသည့်အချိန်   ပြည်သူတရပ်လုံး အင်တိုက် အားတိုက် တခဲနက် ဝိုင်းရံ ရပ်တည်ယုံမှတပါး    အခြားမည့် သည့်အရာနှင့် မျှ အစားမထိုးနိုင်၊    စစ်ကျွန်ဘဝမှ လွတ်မြောက်ရန် မည် သည့်နိုင်ငံတကာမှ  အမိန့် ပြန်တမ်းမထုတ်နိုင်၊   အားလုံး၌ တာဝန် ကိုယ်စီ ရှိကြသည် ဆိုသည့်စကားအတွက်   ဤ ဖွဲ့ စည်းပုံ ပြောင်းလဲရေးတိုက်ပွဲမှ  သက်သေပြရမည်သာမလွဲ၊၊
ရပ်ကွက်အလိုက် မြို့ နယ်အလိုက် ဆွေးနွေးပွဲမှတဆင့်   တိုင်းလုံးကျွတ်ဆွေးနွေးပွဲကြီးသည်  စစ်အာဏာရှင်အုပ်စုအတွက်   ပေါ့ ပေါ့ ဆဆ တွေးတော  လျှော့ တွက်မရနိုင်အောင်  လှုပ်ရှားတုန်လှုပ်စ  ဖြစ်လာခဲ့သည်ကို  နေပြည်တော် ဆွေးနွေးပွဲအတွက်    ကြိုတင် အနှောက်အယှက်က  သက်သေခံနေပါပြီ၊၊
 ထို့ အတွက်ကြောင့်   နေပြည်တော် လူထု ဆွေးနွေးပွဲအပြီး  ၂၀၁၄ခု ဒီဇင်ဘာလ ၃၁ရက်နောက်ဆုံးထား၍  စစ်အာဏာရှင် စံနစ်  ကျဆုံး ကွယ်ပျောက်အောင်  ပြည်သူတရပ်လုံး   ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော   ဖွဲ့  စည်းပုံ ပြောင်းလဲရေးတိုက်ပွဲအား  ခြေစုံရပ် ကြပါစို့  ၊ ဝိုင်းရံကြပါစို့  ၊ဝိုင်းတွန်းကြပါစို့ ၊၊
၂၀၁၄ခု ဒီဇင်ဘာ ၃၁ရက်နေ့သည်ကား…
စစ်အာဏာရှင်အုပ်စု ကျဆုံး ပျောက်ကွယ်သည့်နေ့…၊
တိုင်းရင်းသားအာလုံး ကိုယ့် ကံ ကြမ္မာ ကိုယ်ဖန်တီးခွင့် ရသည့်နေ့…၊
ပြည်သူတရပ်လုံး တရား ဥပဒေ စိုးမိုးမှုအောက် အေးချမ်းစွာ နေ ထိုင်နိုင်သည့်နေ့..၊

ဒီမိုကရေစီ အခြေခံ အုတ်မြစ် ချနိုင်သည့်နေ့…

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts