Buffalo – ဇွန် ၂၊ နယူးယောက် ဘတ်ဖဲလိုးသို့ ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက် ရောက်ရှိ

မိုးမခဓာတ်ပုံသတင်း၊ ဓာတ်ပုံ လောအယ်စိုး၊ ဇွန် ၄၊ ၂၀၁၂

ဇွန် ၂၊ စနေနေ့က နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့ရှိ မြန်မာပြည်က ပြောင်းရွှေ့ခိုလုံနေသော တိုင်းရင်းသားမြန်မာမိသားစုများထံသို့ နာရေးကူညီမှုအသင်း (ရန်ကုန်)၏ ဦးဆောင်သူများဖြစ်သော ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့ လာရောက် လည်ပတ်တွေ့ဆုံကြသည်ကို တွေ့ရသည်။
နယူးယောက်မြို့တော်က အတူလိုက်ပါလာသော ပန်းချီ မင်းကျော်ခိုင်နှင့် မိတ်ဆွေများနှင့်အတူ ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့က ဓာတ်ပုံဆရာလောအယ်စိုး၏ ဓာတ်ပုံပြပွဲသို့ အားပေးကြည့်ရှုခဲ့ကြသည်။ လောအယ်စိုးက ၎င်း၏ ဂုဏ်အယူဆုံးဓာတ်ပုံဖြစ်သည့် ဆရာမကြီးလူထုဒေါ်အမာ ဓာတ်ပုံကို ဦးကျော်သူတို့ထံ ဂုဏ်ပြုလက်ဆောင် ပေးအပ်ခဲ့သည်။
ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့သည် ဘတ်ဖဲလိုးမြို့၏ ဒုက္ခသည်ကျောင်းဟု လူသိများသော ရွှေမင်းဝံဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ပြီး သံဃာတော်များအား ဖူးမျော် ဂါရ၀ပြုမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့သည် ပြည်သူ့ဂုဏ်ရည်အသင်းကြီးစီစဉ်သော မြန်မာမိသားစုများနှင့် တွေ့ဆုံပွဲကို တက်ရောက်ကြပြီး အဝေးရောက်မြန်မာပြည်သူတို့၏ သဒ္ဒါတပ်အားရှိသော လှူဒါန်းကူညီမှုတို့ကို လက်ခံရယူခဲ့ကြသည်။

2 thoughts on “Buffalo – ဇွန် ၂၊ နယူးယောက် ဘတ်ဖဲလိုးသို့ ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက် ရောက်ရှိ

  1. I am very happy to see Ko Law Eh Soe and Ko kyaw Thu together. I am so admire and proud of both of you. As well I admire ဆရာမကြီးလူထုဒေါ်အမာ. It is nice present. I wish all of your families have a peaceful and wonderful life!

Comments are closed.