ဦးသိန်းစိန် ကျန်းမာရေး မကောင်း၊ ရန်ကုန်တွင် အနားယူနေ – President not feeling well

မိုးမခအထောက်တော် အမှတ် ၀၀၇
မေ ၁၈၊ ၂၀၁၂


(Reuters photo)
မကြာသေးခင် လများအတွင်း စင်္ကာပူတွင် နှလုံးခုန်စက် သွားရောက် တပ်ဆင်ခဲ့ရသော ဦးသိန်းစိန်

သမ္မတဦးသိန်းစိန်သည် စစ်တပ်ဆရာဝန်တဦးအား ရန်ကုန်မြို့နေအိမ်သို့ ခေါ်ယူကာ ကုသမှု ခံယူပြီးနောက် အနားယူနေသည်ဟု သိရသည်။

အစိုးရအရာရှိများက ဦးသိန်းစိန် နေထိုင်မကောင်းကြောင်း၊ ရန်ကုန်အိမ်တွင် အနားယူနေကြောင်း အတည်ပြုပြောဆိုသည်။

လုပ်ငန်းတာဝန်များပြားသဖြင့် ပင်ပန်းပြီး ကျန်းမာရေးထိခိုက်သွားပုံရသည်ဟု ၎င်းတို့က ဆိုသည်။

အသက် ၆၇ နှစ်အရွယ် ဦးသိန်းစိန်သည် နှလုံးရောဂါရှိသူဖြစ်သည်။ ယခုနှစ်ဆန်းပိုင်းက စင်္ကာပူသို့ သွားရောက်ပြီး နှလုံးခုန်စက် တပ်ဆင်ခဲ့ရသေးသည်။

ဦးသိန်းစိန်သည် ၂၀၁၁ မတ်လ သမ္မတအာဏာရယူပြီးနောက် ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်ခဲ့သည်။ စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေး လုပ်ဆောင်မှုကို စောင့်ကြည့်နေသော နိုင်ငံတကာကလည်း သူ့အား ချီးကျူးခဲ့ကြသည်။

ကိုးကား – AP သတင်းဌာန

 

15 thoughts on “ဦးသိန်းစိန် ကျန်းမာရေး မကောင်း၊ ရန်ကုန်တွင် အနားယူနေ – President not feeling well

  1. I AM SURE ALL MYANMAR PEOPLE WISH THE PRESIDENT TO REBUILD GOOD HEALTH SOON POSSIBLE. IT’S QUITE DIFFERENT WISH TO 8-DIGITS. PRESENT AND FUTURE MILITARY LEADERS SHOULD LEARN THE LESSON FROM THIS TWO. WE WRITE OUR OWN HISTORY ACCORDING TO OUR WORKDONE.

  2. သမ္မတကြီး ကျန်မားရေး အမြန်ကောင်းပါစေ သမ္မတကြီး ကျန်းမာမှရမယ် စိတ်မလျော့နဲ့ အားတင်းထား သမ္မတကြီး
    ရဲ့လုပ်ရပ်တွေမှန်ကန်လို့ မြန်မာပြည်မှာ မက ကမ္ဘာ ကတောင်
    လက်ခံနေပြီး။

    1. သမ္မတကြီးနေမကောင်းဘူးဆိုတာကြားရ
      တော့ စိတ်ပူမိတယ်
      ရှုတ်ထွေးနေတဲ့မြန်မာ့နိုင်ငံရေးကို သမ္မတကြီးပင်ပန်းစွာဖြေရှင်းနေရ
      တော့ ကိုယ်ချင်စာတယ်
      သမ္မတကြီးအမြန်ကျန်မာပါစေလို့ဆု
      တောင်းပါတယ်

  3. မြန်မာ့အုပ်ချုပ်မှုသမိုင်းမှာ သမ္မတဦးသိန်စိန်ဟာ အသန့်ရှင်းဆုံး အတော်ဆုံး နဲ့ အကောင်းဆုံး

  4. Best among worst..

    At the moment -main actor of Than Shwe’s democracy movie..

  5. စိတ်ရင်းမှန်ရင်တော့ကျန်းမာလာမှာပါ.ယုံကြည်ပါတယ် ..ဘဘအသက်ရာကျော်ရှည်အုံးမှာပါ..

  6. တပြည်လုံးက တိုင်စာတွေ ဖတ်နေရတာ အရမ်းသနားဖိုကောင်းပါတယ် နားလဲပေးကြပေါ့
    အဘ ပြည်သူတွေပိုသတဲ မစ်တာကြောင့် အမြန်ကျမ်းမာပါစေ လို

  7. ပြည်သူကမွေးတဲ့သားဆိုတော့မြန်မြန်နေကောင်းလာပါစေ…..။
    သန်းရွေမွေးစားသားဆိုတော့သေသော်မှတည့်အော်ကောင်း`၏။တကယ်သွားတော့မယ်ဆိုရင်လဲအပေါင်းသင်းတွေပါခေါ်သွားဖို့မမေ့ပါနဲ့။ပြည်လေးတယ်။

  8. သမတ္တကြီးကျန်းမာပါစေ။လူများရဲလွတ်လပ်မူ စိတ်ချမ်းသာမူမျာပေးစွန်နိုင်အောင်ကျန်းမာပါစေ

  9. တိုင်းပြည်နဲ.လူမျိုးအတွက်ကောင်းအောင်လုပ်ပေးနိုင်သော ခေါင်းဆောင်ကောင်း ဦးသိန်းစိန်မှလွဲပြီး ကြံ့ဖွတ်ပါတီမှာ မတွေ.သေး။ ဦးသိန်းစိန် အမြန်ကျန်းမာပါစေ ။နေပူတော်မှာ သမတ စိတ်ပင်ပန်းမှုများတယ် ရွှေတိဂုံစေတီရှိတဲ့ရန်ကုန်မှာ အနားယူတာ အလွန်ကောင်းပါတယ် ။စိတ်နှလုံးအေးချမ်းပြီး အမြန်နေကောင်းပါစေလို. အားလုံးနဲ.အတူတကွ ဆုတောင်းလိုက်ပါတယ်။

Comments are closed.