ဓာတ်ပုံသတင်း
မေ ၁၇၊ ၂၀၁၂

(ဓာတ်ပုံများ – 88 Generation Students)

အောက်ရေဖြူကျေးရွာ ပရိတ် ဆွေးနွေးပွဲတွင် ကိုပြုံးချိုမှ မိတ်ဆက်စကား ပြောကြားစဉ်။ ( မေလ ၁၅ရက်၊ ညနေ ၄ နာရီ)
မင်းရပ်ကျေးရွာသို့ နံနက် ၉း၄၅နာရီက ရောက်ရှိလာကြသော ၈၈မျိုးဆက်ကျောင်းသားများအား ဒေသခံများက ကြိုဆိုကြစဉ်။
မင်းရပ်ကျေးရွာ
၈၈မျိုးဆက်ကျောင်းသားများသည် ထားဝယ်မြို့သို့ ယနေ့ (မေလ၊ ၁၅ရက်) နံနက် ၇း၅၀ နာရီတွင် ရောက်ရှိလာကြပြီး ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့ အဖွဲ့ အစည်း ဖော်ဆောင်ရေး ဆွေးနွေးပွဲများ ပြုလုပ်ခဲ့သည်။
မင်းရပ်ကျေးရွာသို့ အရောက်တွင် မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးကျော်မင်းသန်းက ဖြုတ်ချခိုင်းထားသော “၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား လှိုက်လှဲစွာကြိုဆိုပါ၏” စာတမ်းပါ ဆိုင်းပုဒ်ကို ပြန်တင်ပြီး ဟောပြော ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြသည်။