မိုးမခမိတ်ဆွေ (အောရီဂွန်)
ဧပြီ ၃၀၊ ၂၀၁၂
ဧပြီ ၃၀၊ ၂၀၁၂
အော်ရီဂွန်ပြည်နယ်ရောက် မြန်မာနိုင်ငံသားများရဲ့ ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဧပြီလ (၂၈) ရက်နေ့မှာ ပေါ့လန်းမြို့တွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြပါတယ်။ နှစ်သစ်ကူးသင်္ကြန်အတာပွဲတော်တွင် သက်ကြီးရွယ်အိုများအား စုပေါင်းကန်တော့ကြခြင်း၊ တေးဂီတအက အလှ၊ ရိုးရာသံချပ်စုံလင်စွာဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်သို့ လူဦးရေ (၅၀၀) ခန့်တက်ရောက်အားပေးခဲ့ကြပြီး ပြည်သူ့ဂုဏ်အသင်း အော်ရီဂွန်ဌာနခွဲမှ မိတ်ဆွေများမှလည်း မြန်မာ့ရိုးရာအစားအသောက်များဖြင့်တည်ခင်းဧည့်ခံခြင်း၊ ရံပုံငွေပန်းကုန်းများရောင်းချခြင်းနှင့် အော်ရီဂွန်မြန်မာမျိုးဆက်သစ်လူငယ်များရဲ့ ရံပုံ ငွေတီရှပ်များကို တက်ရောက်လာသူများမှ အားပေးဝယ်ယူခဲ့ကြပါတယ်။ နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်ကို ညနေ (၆) နာရီအထိ စည် ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်းသိရှိရပါတယ်။