ဖေဖေါ်ဝါရီ ၂၉၊ ၂၀၁၂ (YPI) byYangon Press International

ပုဇွန်တောင်မြို့နယ် တရားရုံးသို့ ရုံးချိန်းလာရောက်သည့် ဂျပန်နိုင်ငံသား Okahashi Takashi အား တရားရုံးရှေ့တွင် မြင်တွေ့ရစဉ်။ (ဓါတ်ပုံ မူပိုင် YPI)
ပြီးခဲ့သည့်လ ၂၈ ရက်နေ့က ဂျပန်နိုင်ငံသားတဦးက Orchid Hotel အမျိုးသမီး ၀န်းထမ်းတဦးကိုပါးရိုက်ခဲ့သည့် အမှုအား လက်ရှိ အမှုစစ်ဆေးမည့် ပုဇွန်တောင်မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှ့စစ်ဆေးသွားရန် ခွင့်ပြုလိုက်ကြောင်း ဟိုတယ် မန်နေဂျင်း ဒါရိုက်တာ ဦးဌေးအောင်က ပြောသည်။
မြို့နယ် တရားရုံးမှ ခရိုင်တရားရုံးသို့ ပြောင်းရွှေ့ အမှုရင်ဆိုင်ရခြင်းမှာ ကာယကံရှင်ဟိုတယ် ၀န်ထမ်းအမျိုးသမီး၏ ဆန္ဒကြောင့် ပြောင်းရွှေ့စစ်ဆေးရခြင်းဖြစ်ကြောင်း ကာယကံရှင် ဒေါ်အေးအေးကြည်က ပြောသည်။
“ပုဇွန်တောင် တရားရုံးက ဒီအမှုကို တရားမျှတစွာစစ်ဆေးပေးမယ်လို့ မခံစားရဘူး၊ဒါကြောင့် ခရိုင် တရားရုံးကိုပြောင်းလဲ စစ်ဆေးပေးဖို့ တောင်းဆိုတာ ဒီနေ့ ပြောင်းလဲစစ်ဆေးခွင့်ရလိုက်တယ်” ဟုသူမက ပြောသည်။
ပြီးခဲ့သည့် လ ၂၈ ရက်နေ့က Orchid Hotel တွင် တည်းခိုနေသော ဂျပန်နိုင်ငံသား Mr.Okahashi Takashi ကညဘက်တွင် ဟိုတယ်သို့ သက်သေအထောက်အထား မပြည့်စုံသည့် အမျိုးသမီးတဦးအားခေါ်လာရာ ဟိုတယ်ဝန်ထမ်းအမျိုးသမီး ဒေါ်အေးအေးကြည်က တားဆီပြောဆိုရာ ဂျပန်နိုင်ငံသား ကသူမကို ပါးရိုက်ခဲ့သည်။
ထိုသို့ ပါးရိုက်ခံခဲ့ ရသည်ကို ပုဇွန်တောင်မြို့နယ် ရဲစခန်းသို့ သွားရောက်တိုင်ကြားရာ ပါးရိုက်ခဲ့သည့် သက်သေအထောက်အထား ဆေးစာရွက်ရှိမှ အမှုဖွင့် အရေးယူနိုင်မည်ဟု ပြောဆိုခဲ့ရာမှ ၎င်းအမှုမှာ နာမည်ကြီးသွားခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးဌာနမှလာရောက် စစ်ဆေးအမှုဖွင့်ပေးခဲ့သည်။
ဝန်ထမ်းအမျိုးသမီးက ဂျပန်နိုင်ငံသားအား ကိုယ်ထိလက်ရောက်စော်ကားမှုဖြင့် အမှုဖွင့် ထားသကဲ့သို့ ဂျပန်နိုင်ငံသားကလည်း သူမကို ၎င်းအား အင်အားသုံးတားဆီမှု နှင့် ၎င်း၏ပိုက်နက်အတွင်းဝင်ရောက်ခွင့်မပြု ခြင်း စသည် တို့ဖြင့် တရားပြန်ဆွဲထားသည်။
ပြီးခဲ့သည့် ၂၂ ရက်နေ့တွင် စတင်အမှုရင်ဆိုင်ကြပြီး ယနေ့ ၂၉ ရက်ရုံးချိန်းတွင် ၀န်ထမ်းအမျိုးသမီး တောင်းဆိုထားသည့်အတိုင်း ခရိုင်တရားရုံးသို့ ပြောင်းရွှေ့စစ်ဆေးခွင့် ပြုကြောင်း ပုဇွန်တောင် မြို့နယ်တရားရုံးက အမိန့်ချမှတ်လိုက်သည်။
“ကျွှန်မကအမှန်မှာ အမှုက အေးအေးဆေးဆေး ပြီးသွားမယ်ဆိုရင်ပြီးသွားမှာပဲလေ ၊အခုတော့ တရားရုံးသွားတော့ ဂျပန်ကတရားပြန်ဆွဲထားတယ်တဲ့ ၊အဲနေ့မှာပဲ ကျွှန်မတို့ က အာမခံတယောက်သိန်းနှစ်ရာလိုတယ်တဲ့ အကယ်လို့ ညနေလေးနာရီမှ မပေးရင် အဖမ်းခံရမယ် ၊အချုပ်ခံရမယ်တဲ့၊ကျွှန်မက ဟိုတယ်ကနောက်ခံရှိနေလို့ပေါ့ အကယ်လို့ ကျွန်မနေရာမှာဆင်းရဲသား ဖြစ်နေရင် ကိုယ့်အမှုကမှန်နေရင်တောင် အာမခံ မပေးနိုင်လို့ အချုပ်ထဲကနေအမှုရင်ဆိုင်ရမဲ့ သဘောရှိတယ်” ဟု ဒေါ်အေးအေးကြည်က မီဒီယာများအား ပြောကြားသည်။
ဒါ့အပြင် သူကမတို့ ကိုဂျပန်နိုင်ငံသားက တရားစွဲဆိုထားသည့်အကြောင်းအရာကိုလည်း ရဲစခန်းမှအသိပေးခြင်း မရှိဘဲ တရားရုံးသွားခါနီး တရက်အလိုကျမှသာ သိခွင့်ရခဲ့ပြီး ဘုမသိဘမသိနှင့် တရားရုံးသွားခဲ့ရကြောင်း ထို့ ကြောင့်အမှုကို အမှန်အတိုင်း အမှုမှန်ပေါ်ပေါက် လာသည်အထိ တရားရင်ဆိုင်သွားမည်ဟုဆိုသည်။
လက်ရှိ အဆိုပါ အမှုကို ဟိုတယ်ဝန်ထမ်း အမျိုးသမီးဘက်က လိုက်ပါကူညီဆောင်ရွက်ပေးနေသူ မြန်မာနိုင်ငံဧည့် လမ်းညွှန်အသင်းက ကိုနေလင်းထိုက်ကလည်း အဆိုပါအမှု အမှုမှန်ပေါ်ပေါက်တဲ့အထိ အဆင့်ဆင့် တရားရင်ဆိုင်သွားရန်အတွက် ကူညီဆောင်ရွက်ပေးသွားမည်ဟုဆိုသည်။
“ဂျပန်အမှုနဲ့ပတ်သတ်ရင် ကျောက်ပန်းတောင်းကအမှုဆို ဆိုက်ကယ်သမားက သေဒဏ်ကျတယ်လေ မြန်မာနိုင်ငံအနေနဲ့ လောလောဆယ်မှာနိုင်ငံခြားဧည့်သည်တွေရင်းနှီးမြှပ်နှံသူတွေကိုဆွဲဆောင်နေတော့ နိုင်ငံခြားသားတွေကို အတိုင်းအတာတခုအထိဦးစားပေးသတ်မှတ်ပြီး ကာကွယ်ပေးနေတယ်လို့ ယူဆချင်ရင် ယူဆလို့ရတယ် ဒါပေမဲ့ဒီလိုအဖြစ်အပျက်တွေက ကျွှန်တော်တို့ရဲ့ အမျိုးသားအကျိုးစီးပွား အတွက်ပါ၊အမှုမှန်ပေါ်တဲ့အထိ ရင်ဆိုင်သွားမှာပါ” ဟုဆိုသည်။
အဆိုပါအမှုကို လာမည့် ၁၄ ရက်နေ့တွင် ခရိုင်တရားရုံးတွင် စစ်ဆေးသွားရန် ရှိသည်။ ။
(မူရင်းလင့်ခ www.facebook.com/ygnpress )
စီးပွားရေးအရအတိုင်းတာတခုထိဦးစားပေးတာတော့ ဦးစားပေးတာပေါ့။ ဒီအဆင့်ထိကိုယ်ထိလက်ရောက် နိုင်ငံထဲထိလာပြီးစော်ကားတာတော့ တမျိုးသားလုံးကိုစော်ကားတာပဲ၊ ကျွန်တော်တို့နိုင်ငံသားတွေ အနီးဆုံးထိုင်းနိုင်ငံ တရုတ်နိုင်ငံတွေမှာ ဘယ်လိုစော်ကားခံရလဲ ဘယ်လိုအနိုင်ကျင့်ခံနေရလဲေ၇ာက်ဖူးသူတိုင်းသိကြမှာပါ သူတို့နိုင်ငံသားနဲ့များပြဿနာတက်မိရင် ကျွန်တော်တို့မြန်မာနိုင်ငံသားတွေ တရားရုံးမရောက်ခင်ရဲစခန်း မှာတင် ငရဲကျသလိုခံစားကြရတာပါ၊ ၊ကိုယ့်တိုင်းပြည်ကိုယ်လူမျိုးကို ကိုယ်တိုင်လေးစားစောင့်ရှောက်မှ အခြားတိုင်းပြည်အခြားလူမျိုးတွေကလဲလေးစားကြမှာပါ၊ကျွန်တော်တို့ မြန်မာလူမျိုးတဦး ဂျပန်နိုင်ငံမှာ အခုလိုပဲ ဂျပန်မတယောက်ကို ပါးရိုက်ကြည့်ပါလား ဘာတွေဆက်ဖြစ်လာမလဲ? သူတို့လူမျိုးအပေါ် စော်ကားမှုအပေါ် ဘယ်လိုအရေးယူမလဲ ? ပုဇွန်တောင်ရဲစခန်းနဲ့ ပုဇွန်တောင် တရားရုံးက တရားသူကြီးမမဒေါ်နိုင်နိုင်ထွန်း တို့ရေခင်ဗျားတို့လိုလူတွေများလာတာကြောင့် မြန်မာလူမျိုးတွေ နှိမ့်ကျလာတာ၊ ခင်ဗျားတို့ကိုယ့်လူမျိုးကိုယ် မစောင့်ရှောက်ချင်နေပါ တခြားလူမျိုးနဲ့ယှဉ်လာရင် ကိုယ်လူမျိုးကိုပြန်ဒုက္ခမပေးပါနဲ့၊နိုင်ငံတော်ကောင်းစားရေး တွင်တွင်ပြောနေကြတဲ့အုပ်ချုပ်သူ အစိုးရအဖွဲ့ဝင်များ နဲ့ နိုင်ငံကောင်းကျိုးလုပ်မယ်ဆိုတဲ့ပါတီတွေ ဒီကိစ္စဟာ မြန်မာလူမျိုး တွေကိုစော်ကားတဲ့ကိစ္စပါ ၊ဒီတခါရိုက်လို့ရတာနဲ့ နောက်မြန်မာပြည်ကိုလာသမျှ လူမျိုးတိုင်းဟာ မြန်မာတွေဟာပါးရိုက်လို့ရတဲ့လူမျိုးတွေလို့ ယူဆကြတော့မှာပါ၊ နိုင်ငံခြားသားတွေ အရှေ့တောင်အာရှကိုလာလည်ရင်ထိုင်းမှာ မိန်းခလေးတွေ လှတယ် လှပတဲ့ကမ်းခြေရှိတယ် သွားလည်ကြရအောင်လို့ပြောကြပါတယ်၊ မြန်မာပြည်ကိုသွားလည်ရင် မြန်မာ မိန်းခလေးတွေ ကို ပါးရိုက်လို့ ရတယ်လို့ ပြောစရာမဖြစ်အောင် ဒီကိစ္စကို ကိုယ့်မိသားစုကိုစော်ကားသလိုခံယူပြီးဝိုင်းဝန်းပေးကြပါလို့တောင်းပန်ပါတယ်။
ok . Should be peace for 3 year not entry to Myanmar . I hope that enough…
အသက်နှစ်ထောင်ဂုရုကြီး=ဒကာဆိတ်ရေ မြန်မာပြည်မှာတရားရုံး ဥပဒေအသစ်တွေ ထွက်နေပြီလား?
ဒကာဆိတ်=ဟုတ်ကဲ့ ဂုရုကြီးခင်ဗျား…သမ္မာန်စာ(ဆင့်ခေါ်စာ)ကို ကြိုတင်မထုတ်ဘဲ (၁)ရက်လိုတော့မှ
ဘာအတွက် တရားရင်ဆိုင်ရန်မပြောဘဲ…တရားရုံးခေါ်ပြီးတော့ တရားလိုကို အာမခံပေးရတဲ့ ဥပဒေကို
တော့ ပုဇွန်တောင်မြို့နယ်တရားရုံးက မြို့နယ်တရားသူကြီးဒေါ်နိုင်နိုင်ထွန်းက စတင်စမ်းသပ် အသုံးပြု
နေပြီလို့ ကြားသိရကြောင်းပါ…..
ဂုရုကြီး=ဟိုက်……..ရှာလပတ်……
စာကလေး=ဂုရုကြီးက ခုမှ ဟိုက်ရှာလပတ်လုပ်မနေနဲ့…..ကျနော်က ဆိုက်ကားနင်းရင်းနဲ့ ခရီးသည်တွေ
ပြောပြလို့ သိပြီးတာကြာပေါ့…..ပုဇွန်တောင်မြို့နယ်တရားသူကြီး ဒေါ်နိုင်နိုင်ထွန်း အမှု့ကိုင်တွယ်စစ်ဆေးတာ ကောင်းလွန်းလို့တဲ့…..စီရင်ချက်တောင်မချရသေးဘူး…..ခရိုင်တရားရုံး
ပြောင်းလိုက်ပြီတဲ့……
ဂုရုကြီး=အင်း………ဂွတ်ထ…..ဂွတ်ထ…..ကောင်းလေစွ……..
Stupid Jusitce System
Crazy Japanese
စစ်အတွင်းက ၈ျပန်တွေက ဒို့ဗမာတွေကို ပါး၇ိုက်ခဲ့တယ်.မုဒိန်းကျင့်ခဲ့တယ်.စော်ကားခဲ့ကြတယ်.ဒီအကျင့် ကခုထိပါလာတာလား။အမှုမှန်တာမှားတာထား .ဗမာမိန်းကလေးကို ဒီလိုပါး၇ိုက်တာကတော့ ဘယ်လိုမှ ခွင့်လွှတ်လို့မ၇ဘူး။ပုဇွန်တောင်၇ဲစခန်းက၇ဲတွေနဲ့ မြို့နယ်တ၇ားသူကြီးဒေါ်နိုင်နိုင်ထွန်းတို့က အမျိုးမချစ် တဲ့ မိမစစ်ဖမစစ်တွေဘဲဖြစ်၇မယ်.