Fire in Than Dwe – “အရုဏ်တက်မီး သံတွဲဈေးအား အလစ်အငိုက် ဝါးမျို”

“အရုဏ်တက်မီး သံတွဲဈေးအား အလစ်အငိုက် ဝါးမျို”
ကျောက်ဖြူလူငယ်များဘလောဂ့်၊ သတင်းကောက်နုတ်ချက်၊ ဖေဖော်ဝါရီ ၁၁၊ ၂၀၁၂
ယနေ့ နံနက် ၅ နာရီ ၁၅ မိနစ်ဝန်းကျင်ခန့်က ရခိုင်ပြည်နယ်။ သံတွဲမြို့ရှီ သာယာဝတီ မြို့မဈေး ကြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ သိန်း ပေါင်း တစ်သောင်းကျော်နီးပါးခန့် ဆုံးရှုံးနစ်နာခဲ့ရကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။ နံနက် အရုဏ်တက် ဈေးဖွင့် ချိန် စတင်လောင်းကျွမ်းခဲ့သော အဆိုပါမီးကြောင့် ဆိုင်ခန်း ၇ဝဝ နီးပါးမှ ၆ဝဝ ကျော်ခန့် ဆုံးရှုံးခဲ့ ကြောင်း သိရသည်။ 
မီးလောင်ကျွမ်းရာသို့ သံတွဲမြို့ မီးသတ်တပ်ဖွဲ့မှ ကားနှစ်စီးအပြင် ကမ်းခြေဟိုတယ်များမှ ရေသယ် ကားများဖြင့် အားဖြည့် ငြှိမ်းသတ်ခဲ့ ရာ နံနက် ၈ နာရီ ၃ဝ မိနစ်ခန့် တွင် မီးညွန့်ကျိုးသွားခဲ့သည်။ ၄င်း အပြင် တောင်ကုတ်မြို့မှ မီးသတ်ကားများလည်း လာရောက်ငြှိမ်း သတ်ခံ့ကြောင်း ကျပ်သိန်း ၃ဝဝ ခန့် ဆုံးရှုံးသွားခဲ့ရသည့် အလှကုန် ဆိုင်ရှင်တစ်ဦးက ပြောသည်။ အရုဏ်မီးမှာ လက်ရှိအချိန် အထိ လောင်ကျွမ်းလက်စ ကျန် နေဆဲဖြစ်ပြီး မြို့ခံပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်လျက်ရှိနေကြောင်း သိရသည်။

http://kyaukphrunet.blogspot.com/2012/02/blog-post_631.html

One thought on “Fire in Than Dwe – “အရုဏ်တက်မီး သံတွဲဈေးအား အလစ်အငိုက် ဝါးမျို”

  1. အာရုဏ်တက်ချိန်ကြီးမှာမှ ဘာလို့ မီးလောင်ရတာလဲ ဆိုတာကို ဘာမှ မရေးထားဘူး။ သိရရင် အကောင်းဆုံး ကြိုးစားကြရမယ်။

Comments are closed.