>Wut Mon (Singapore) – Zarganar around the world

>

ကမ္ဘာလှည့်မယ့်ဇာဂနာ တစေ့တစောင်း
ဝတ်မှုံ(စင်္ကာပူ)၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၂
ထိုင်းနိုင်ငံဘန်ကောက်၊ ကမ္ဘောဒီယားနိုင်ငံဖနွန်းပင်၊ အခု စင်ကာပူ၊ နောက် အမေရိကန် ၀ါရှင်တန်မြို့တော်မှ ၁၀ရက်ကြာ၊ နိုင်ငံတကာပုဂ္ဂိုလ်များနှင့်တွေ့ရန်၊နယူးယောက်မြို့တော်တွင် တွေ့ဆုံဆွေးနွေးပွဲများတက်ရန်၊ ဆန်ဖရန်စစ္စကိုမြို့တွင် မြန်မာ့အရေး၊ကမ္ဘာ့အရေးများကို ဆည်းပူး၊ ဆွေးနွေးရန် … နောက်ပီး၊ လကမ္ဘာထိသွားမလားမသိ …
စင်ကာပူမှ အော်ဂနိုင်ဇာလူငယ်များကOrchard Parade Hotel တွင် ရုပ်ရှင်အဖွဲ့ကို နေရာချထားပြီး၊ ယနေ့တနေ့တာအတွက် ဆင်တိုဆာယူနီဗာဆယ် (ဟောလီဝု) စတုဒီယိုသို့ တနေကုန်ပို့ဆောင်ကြပါသည်။
ကိုဇာဂနာက ထိုင်းနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံများကသူကိုအရင် မေးမြန်းပြီးမှ ဇာဂနာအစီအစဉ်နှင့် ကိုက်အောင် အောက်ဂနိုင်ဇာများက စီစဉ်ကြသည်။
မြဘုရားသွားကြည့်မလားမေးသောအခါ -နိုး၊
အာယုဒယမြို့ဟောင်းသွားကြည့်မလား- နိုး၊
ဘုရင့်နန်းတော်သွားကြည့်မလား – နိုး.. ။
အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကိုသာတွေ့လိုကြောင်းပြောပြရသည်။ စီစဉ်သူတို့မှာ အနောက်နိုင်ငံသား ဂျာမန်အော်ဂနိုင်ဇာများဖြစ်သောကြောင့်စနစ်တကျစီစဉ်နိုင်သည်။ တနေ့တာစတင်သည်နှင့် ဒီနေ့ဘယ်သွား၊ဘာလုပ် စာရွက်နှင့်ပေးပြီးအစီအစဉ်ကိုပြောပြပါသည်။
စင်ကာပူတွင်မူ လူငယ်များက စီစဉ်သည်။စင်ကာပူလူငယ်များအကြိုက် ယူနီဗာဆယ်စတူဒီယို၊ ဆင်တိုဆာ (အသေးစား ဝေါ့ဒစ်စနေ) သို့ သူမရောက်ဖူးသော်လည်းမသွားလိုကြောင်း။ သူ့ကို တွေ့ရန်အတွက် မလေးရှားမှ ဒီမိုကရေစီလှုပ်ရှားသူများ၊ စင်ကာပူမှလူများ၊အဖွဲ့များစွာ ရှိသောကြောင့် ထိုလူများနှင့်သာ တွေ့ဆုံလိုကြောင်း၊ သံတမန်များ၊ သတင်းစားရှင်းလင်းပွဲများလည်းရှိကြောင်း၊ မြန်မာ့အကြောင်းကို ကမ္ဘာနှင့် ယှဉ်နားလည်ရန် လူများစွာနှင့်တွေ့ဆုံ၊ ခံစားချက်များကိုလေ့လာလိုကြောင်း သူဆန္ဒကိုပြောပြပါသည်။ 
 ပြည်သူချစ်သော လူရွှင်တော် ထောင်ထဲမှာပင် ပျော်ပျော်နေနိုင်သူ၊ စင်ကာပူ၏ရုပ်ဝတ္တု နိုင်ငံရှုခင်းများကို မကြိုက်သော်လည်း ကြည့်ရှုခံစားရင်း ပျော်ပျော်နေထိုင်မည်မှာသေချာပါသည်။
စင်ကာပူလူငယ်များစီစဉ်သောကြောင့်ဂျာမန်ပရိုဖက်ရှင်နယ်များ စီစဉ်သကဲ့သို့ စနစ်မကျသော်လည်း လူငယ်များ အပင်ပန်းများစွာခံပြီး၊ငွေကြေးပါ စိုက်ထုတ်လုပ်ဆောင်ကြခြင်း၊ ဆင်တိုဆာ ဆိုသည်မှာ စင်ကာပူရောက်သူတိုင်း ရန်ကုန်မှရွှေတိဂုံလို မရောက်မရှိနေရာ ဖြစ်သောကြောင့် ပို့ပေးရကြောင်းကို ရှင်းပြရပါသည်။
လူငယ်၊ လူကြီးများအကြိုက် – လူရွှင်တော်၊ရုပ်ရှင်သရုပ်ဆောင်ဖြစ်သူ၊ တယ်လီဖုန်း တကားကား၊ ပုဆိုးတကားကားနှင့် ဇာဂနာတယောက် စင်ကာပူသိုပထမဆုံးအကြိမ့် ရောက်လာပြီဖြစ်သည်။
စင်ကာပူမှ လူငယ်များနှင့် လူကြီးများဇန္န၀ါရီ ၂၁ရက်နေ့တွင် ရုပ်ရှင်ဟောပြောပွဲ လူပေါင်း၁၂၀၀ကျော်နှင့် စတင်မည်။ ရုပ်ရှင်၊အငြိမ့်မလုပ်တော့ဘဲ နိုင်ငံရေးပဲ လုပ်တော့မည်ပြောသော ဇာဂနာ …

ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးမထွက်နိုင်သေးသော်လည်း သူနှင့်နီးကပ်သော၊လူများ အနွံတာခံနိုင်သော ဇာဂနာ ပြည်ပခရီးထွက်လာခြင်းကို ကြိုဆိုရပါမည်။ သီးလေးသီး ပြည်ပခရီး၂နှစ်ကြာအောင် ထွက်ပြီး ဖြေဖျော်ခဲ့သည်။ ယခု သီးလေးသီးဖခင်ကြီး ဇာဂနာ ပြည်ပခရီးစဉ်များစတင်နေပါပြီ။