>
ဇန်န၀ါရီ ၁၉၊ ၂၀၁၂
စာရေးဆရာ၊ ကဗျာဆရာကြီး ဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက်မွေးနေ့အကြိုအလှူပွဲကို ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ နတ်ချောင်းရပ်ကွက်၊ ဓမ္မဒါနလမ်းမှာ မဟာသန္တိသုခဗုဒ္ဓသာသနာပြုကျောင်းတော်ကြီးမှာ ဒီနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
အလှူပွဲို့ သခင်သိန်းမောင်၊ ဦးဝင်းတင်၊ ဦးချစ်လှိုင် (ကိုကိုမောင်)၊ မောင်စူးစမ်း၊ ဦးသုဝေ၊ ဒေါ်သန်းသန်းနု၊ ကိုကိုကိုကြီး၊ ကိုဂျင်မီ၊ မမာမာဦး၊ မနီလာသိန်း၊ မနိုဗယ်အေး စတဲ့နိုင်ငံရေးသမားကြီးများ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနဲ့ စာပေအနယ်နယ်မှ ပုဂ္ဂိုလ်များ ၁၀၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။
မွေးနေ့အခမ်းအနားကို အခမ်းအနားမှူးအဖြစ် ဆရာဦးအံ့မောင်ကဆောင်ရွက်ပြီး ဆရာဒဂုန်တာရာက အမှာစကားပြောကြားကာ ဆရာဦးဝင်းတင်၊ ဦးလေးမြင့်၊ မောင်စိမ်းနီ၊ စာရေးဆရာမ ရာသက်ပန် (တောင်ငူဆောင်) တို့က မွေးနေ့မုဒိတာစကားပြောကြားခြင်း၊ ငြိမ်းချမ်းရေး သသဏ်လွှာဖတ်ကြားခြင်းနဲ့ ကဗျာရွတ်ဖတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါတယ်။
အခမ်းအနားကို ရဲဘောသုံးကျိပ်ဝင် ဗိုလ်ဇေယျ၏မြေးတော်စပ်သူ ရုပ်ရှင်သရုပ်ဆောင် အိန္ဒြာကျော်ဇင်တက်ရောက်ခဲ့ပြီး ဆရာဒဂုန်တာရာကို ဂါရ၀ပြုခဲ့ပါတယ်။ ဆရာဒဂုန်တာရာရဲ့ ၉၃ နှစ်မြောက်မွေးနေ့အကြိုအခမ်းအနားကို ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းနဲ့ News Watch ဂျာနယ်တို့မှ ကမကထပြုကာ စီစဉ်ခဲ့ကြောင်း သတင်းရရှိပါတယ်။









