>De Doe – ဦးလဇိန်ဘောက်နော် သို့ ပြန်စာ

>

ဦးလဇိန်ဘောက်နော်သို့ ပြန်စာ
ဒီးဒိုး၊ဇန်န၀ါရီ  ၁၂၊ ၂၀၁၂ (ပေးစာကဏ္ဍ)
ကချင်လူမျိုးစုလွတ်တော်အမတ် က တော့ ထမင်းအိုး မကွဲအောင်  ပြောတဲ့စကား။
ဘယ်လိုဘဲဖြစ်ဖြစ်ကိုယ်လူမျိုးထဲကလွတ်တော်အမတ်ဆိုတော့ ယုံကြည်လေးစားပါတယ်။အားလည်းကိုးပါတယ်။အဖြစ်မှန်တွေကို အရှိကိုအရှိအတိုင်း အမှန်တကယ်လွတ်တော်မှာ တင်ပြပေးနိုင်မယ်ဆို ပိုဝမ်းသာမှာ အမှန်ပါဘဲ။ လွတ်တော်အမတ် စကားကိုသတင်းဖတ်ပြီးတဲ့ နောက် ဘယ်ကဘယ်လို ခံစားရမှန်းမသိ စာရေးချင်စိတ်တွေ ပေါ်လာတယ်။
အစိုးရတပ်တွေ အနေနဲ့KIA တပ်စခန်းအားလုံးကို တိုက်ခိုက်တယ် ဆိုရင်တောင် ၀မ်းမနည်းပါဘူး။ ဒါပေမယ့်ဗန်းမော်-မြစ်ကြီးနား-မံစီ ဆက်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိတဲ့ KIA မပိုင်ဆိုင်တဲ့ရွာသူရွာသားတွေရဲ့ အိုးအိမ်တွေကို ဘာဖြစ်လို့ ဖျက်လိုဖျက်ဆီးလုပ်တာပါလဲဗျာ.။ရွာသူ၊ရွာသားတွေဟာ ဘာကြောင့် သေဆုံးနေရပါလဲဗျာ.။ အများသတင်း တွေထဲမှာတော့အစိုးရတပ်တွေကြောင့် ဆိုတာ ဘယ်လိုမှ ဖုံးကွယ်ထားလို့ မရတာအသေအချာပါပဲ။ နောက်လို်င်ဇာကို သွားတဲ့ လမ်းတလျောက် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ် ဆိုတာဖုံးဖိ လို့မရအောင် အများပြည်သူတွေ သိနေကြတာပါဘဲ။
လိုင်ဇာကိုမသိမ်းဘူးဆိုရင်တောင် တိုက်ခိုက်ဖို့ ရည်ရွယ်ချက်ရှိတယ်ဆိုတာပေါ်လွင်ပါတယ်။လိုင်ဇာကို သိမ်းပိုက်တာမက လို့ ဘာဘဲ ဖြစ်ဖြစ် အစိုးရတပ် သွားမယ့်လမ်းမှာရော၊KIAတွေ စောင့်နေမယ့် လမ်းတွေမှာ အများပြည်သူတွေရဲ့  အသက်၊သွေး၊ချွေး၊အိုး၊အိမ်တွေလမ်းခင်းပေးထားရတယ် ဆိုတာမမေ့စေချင်ပါဘူး။
“ALL WAR AREDIRTY” ဆိုတဲ့ စကားကြားဖူးပါတယ်။ နှစ်ဖက်စလုံးက ဘယ်သူဘဲမှန်မှန် စစ်ပွဲဖြစ်ပြီဆိုကတည်းက ညစ်ပတ် တော့တာပါပဲ။ ပြည်သူတွေသာမြေဇာပင်ဖြစ်ရတော့တာပါဘဲ။
ပြောလည်းမပြောချင်ပါဘူး။အစိုးရရော KIA ပါ ဘိန်းနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးတယ်ဆိုတာတော့ စွတ်စွဲချက်တွေဘဲနေမှာပါ။ လူ့အခွင့်အရေးချိုးဖောက်တာနဲ့ ပတ်သက်လို့ ကတော့ KIA ထက်အစိုးရက ပိုပါတယ်။အထူးရှင်းပြနေစရာ မလိုဘူးလို့ထင်ပါတယ်။
ကလေး စစ်သားများ KIAမှာ ရှိနေတယ်ဆိုတာလဲ မှန်ချင်လည်း မှန်မှာပါဘဲ။
အစိုးရတပ်တွင်းမှာတော့ ပြောမဆုံးပေါင်း တောသုံးတောင် ဆိုသလိုပေါ့…။ ကလေး ကအစ၊”@#” က အဆုံး သိပါတယ်။ လူတိုင်းသိပါတယ်။
မိုင်းထောင်ခြင်းနဲ့ ပတ်သက်လို့ကတော့KIAနယ်မြေမှာ ရန်သူရဲ့  လာလမ်းမှန်သမျှကို မိုင်းထောင်ရမှာပဲ၊ တံတားတွေကိုဖျက်ဆီးပစ်ရမှာပဲ။ ..ဒါလဲ စစ်ရေးအရပေါ့။ ဒါနဲ့ပတ်သက်လို့ကတော့ KIA ကတာဝန်ယူရပါလိမ့်မယ်။
(ဥပမာ)တကယ်လို့ဒီကနေ့ KIA က မြစ်ကြီးနား မြို့  ကို ချီတက် သိမ်းပိုက်ဖို့ ပြင်ဆင်နေပြီ လာနေပြီဆိုရင် အစိုးရတပ်တွေ အနေနဲ့ KIA လာနိုင်တဲ့ လမ်းမှန်သမျှ ကို မိုင်းထောင်ထားမှာ၊လမ်း၊တံတားတွေ ဖျက်ဆီးထားမှာ အမှန်ပါဘဲ.။ ဒီအတွက် အစိုးရတပ်တွေက တာဝန်ယူရမှာပါဘဲ။ဒါပေမယ့် ကိုယ်လုပ်ပြီးတော့ သူများကိုလက်ညှိးထိုး တဲ့အလုပ် မလုပ်ရင်တော့ အစိုးရအတွက်ရော KIA အတွက် ကျွန်တော်တို့ဂုဏ်ယူနေမှာပါ။
 အမှန်တော့ KIA ကို ထိုးစစ် ဆင်ရတဲ့ အကြောင်းအရင်းအထက်ပါအကြောင်းကြောင့် မဟုတ်တာ INTERNET  ပေါ်မှာ သေချာသိချင်တယ်ဆိုရင်တော့ BLOG တွေကို ရွေးမဖတ်ဘဲ BLOG အားလုံးကိုဖတ်ဖို့တိုက်တွန်းချင်ပါတယ်။
“သမ္မတကြီးကိုယ်တိုင်ကမ္ဘာသိကြေငြာထားတဲ့ အမိန့်တွေကို ကျော်လွန်ပြီး စစ်တပ်က လိုင်ဇာမြို့  ကိုချီတက်စစ်ဆင် တိုက်ခိုက်မယ်ဆို ဘယ်လိုမှ မဖြစ်နိုင်ပါဘူး” ဆိုတဲ့ စကားကိုယုံကြည်ပြီး အမှုအမှတ်မဲ့ နေလိုက်လို့ ကတော့ လိုင်ဇာမြို့ ဟာ နောက်နေ့ဘယ်လိုဖြစ်နေမယ်ဆိုတာ ကျွန်တော်ထက် ပိုအတွေ့ အကြုံ ရှိတဲ့ သူတွေ သိမှာပါ။
“စစ်သွေးကြွနေတဲ့ KIAစစ်သည် တချို “့ဆိုတဲ့ စကားဟာ ရင့်သီးလွန်းပါတယ်။ စစ်သွေးကြွတယ် ဆိုတာဘာကိုကြည့်ပြီး ဆုံးဖြတ်လိုက်တာပါလဲ။အစိုးရ စစ်တပ် သမိုင်းမှာ အခု စစ်ပွဲတွေလောက်ဆုံးရှံး ခဲ့တာ မရှိခဲလို့ KIA ကို စစ်သွေးကြွတယ်လို့ ဆိုလိုတာပါလား။ စကားတစ်ခွန်းကြားဖူးတယ်။
စစ်ပွဲ တစ်ပွဲရဲ့ အောင်မြင်မှုက လက်နက် အင်အား အပေါ်မှာထက် စိတ်ဓါတ်အင်အား ပေါ် ပိုပြီးတည်တယ်။ စစ်ဆိုတာရိုင်ဖယ်သေနတ်တွေ၊ ကျည်ဆန်တွေ၊ အမြောက်တွေနဲ့ လေယာဉ်ပျံတွေ ရှိရုံနဲ့ အဖြစ်သေးဘူးအရေးနိမ့် ရှုံးနိမ့်တဲ့ လက်နက်ကိုင်တပ်ဟာ သူတို့မှာ ယုံကြည်ချက်ကင်းမဲ့နေလို့လဲဖြစ်တယ်…။(ကတ်စရို)
ကျွန်တော်အနေနဲ့ကတော့အစိုးရတပ်တွေဟာ ဒီစစ်ပွဲကို မတိုက်ချင်ဘဲ တိုက်ရတယ်။အမိန့် မလွန်ဆန်နိုင်ဘဲတိုက်ရတယ်..သနားစရာကောင်းတဲ့ အစိုးရ စစ်သားတွေဟာ မလွန်ဆန်နိုင်လို့ တိုက်ရတာဖြစ်ပြီး ဘာ ယုံကြည်ချက်မှ မရှိဘဲ ယုံကြည်ချက်ကင်းမဲ့နေလို့ ကျဆုံးမှုများရခြင်းသာဖြစ်တယ်။
KIA အနေနဲ့တော့ သူနယ်မြေကိုကာကွယ်ရမယ်၊ ဆိုတဲ့ စိတ်၊ယုံကြည်ချက်နဲ့ သူ့နယ်မြေမှာတိုက်တဲ့ အတွက် ကျဆုံးမှုနည်းတာပါ။
(ဥပမာ) KIA ကသာ အမိန့်မလွန်နိုင်ပါဘဲ ယုံကြည်ချက်ကင်းမဲ့လျက် အစိုးရတပ်တွေရှိရာ မြို့ကြီး ပြကြီးကို တက်တိုက်ခိုက်မယ်ဆိုရင်KIA လည်းမလွဲ မရှောင်သာ အောင်နိုင်ခဲ့ ရင်တောင် ပေးဆပ်ရခြင်းတွေများနေလိမ့်မယ်။
နောက် စစ်သွေးကြွတယ်ဆိုတာ သာမန်ယောက်ကျား တယောက်ဟာ သေနတ်တလက်ကိုင် ပြီး စစ်ပွဲကို သွားပြီးဆို ကတည်းကစစ်သွေးကြွနေတာပါဘဲ။ အဲဒီထက် ပိုပြီး စစ်ဖြစ်ပြီ ကိုယ့်ကိုင်တဲ့ သေနတ်ကအသံမြည်ပြီဟေ့ ဆိုရင် ပိုလို့တောင် စိတ်အားတက်လာတာပါဘဲ။အဲ ကိုယ်သေနတ်အသံမထွက်လို့ကတော့ ကြောက်စိတ်တွေ ကြီးစိုးနေမှာဘဲ။ သေနတ်ကိုင်လိုက်တိုင်းစစ်သွေးကြွတယ် လို့ မသုံးနှုန်းစေချင်ပါဘူး..။အားလုံးကိုထိခိုက်ကုန်မှာစိုးလို့ပါ။
သေနတ်ကိုင်တယ်ဆိုတာလဲ အကြောင်းအမျိုးမျိုးရှိမှာဘဲ။အစွန်ဆုံးပြောရရင် “ငြိမ်းချမ်းရေးအတွက် တို့ သေနတ်တွေကို ကိုင်ထားကြစို့” ဆိုတဲ့စကားကြားဖူးပါတယ်။ မြန်မာ ပြည်သူ ပြည်သားတွေ လေးစားချစ်ခင် ရတဲ့ဗိုလ်ချုပ်အောင်ဆန်းလဲ သေနတ် ကိုင် လမ်းစဉ် ကို တည်ထောင်ခဲ့တာပါဘဲ။ ကျောင်းသားတွေကျောင်းထွက်ပြီး တောထဲဝင် သေနတ်ကိုင်တာ စစ်သွေးကြွနေတယ် လို့ ပြောရမှာလားဗျာ။သေနတ်ကို သေနတ် ချင်း ရင်ဆိုင်ဖို့ သေနတ်ကိုင်တာကတော့ အပ်တို တချောင်းတောင်မရှိသူကို သေနတ် နဲ့ ရင်ဆိုင်တဲ့ သူတွေထက် ပိုရဲ ရင့် တရားမျှတပါတယ် လို့ ဘဲထင်ပါတယ်။
အမှန်တော့ ဒီစစ်ပွဲဟာအားလုံးသိတဲ့ အတိုင်း အစိုးရ က စတိုက်လို့ ဖြစ်ရ တယ်ဆိုတာ အားလုံး အသိပါ။ တကယ်လို့KIA က စစ်သွေးကြွနေပြီး အစိုးရ ကို လိုက်တိုက်ခိုက်နေတယ် ဆိုရင် ကချင် ပြည်သူတွေဟာKIA ကို စစ်သွေးကြွတွေလို့ ပြောဖို့ ဆွံ့ အနေမှာ မဟုတ်ပါဘူး။ရေးသားဖော်ပြဖို့လက်တိုနေမှာ မဟုတ်ပါဘူး။
အဲဒီလိုပါဘဲ အစိုးရကမမှန်မကန်၊မတရား လုပ်တာတွေကို ခေါင်းငုံခံ နေနေမယ့် ထဲမှာလည်းကချင်ပြည်သူတွေပါမှာမဟုတ်ပါဘူး။ နောက်ဆုံး အနေနဲ့ တော့ အမူအကျင့်လေး တစ်ခုအကြောင်းပြောပြချင်တာပါဘဲ။
ခွေးဆိုတာ သူကိုရန်မူတဲ့သူတိုင်းကို ဟောင်ပြီးတော့ တုန့်ပြန်တတ်တယ်။ပိုပြီးတော့ အဲဒီခွေးကို ခဲနဲ့ပေါက်ရင် ခွေးက သူ့ဆီကို ရောက်လာတဲ့ ခဲကို လိုက်ပြီးကိုက်ခဲ တတ်တယ်။ ခွေးဟာ သူ့ကိုရန်မူတဲ့ ရန်သူအရင်းကို မသတ်ဖြတ်ဘဲ သူဆီရောက်လာတဲ့ ခဲကို လိုက်လိုက် ကိုက်ခဲနေလို့ရန်မစဲဘဲ ရှိနေတတ်တယ် တဲ့။ နောက် ခြင်္သေ့ ကတော့ ရန်သူက သူဆီပစ်လိုက်တဲ့ မြှားကိုဘယ်တော့မှ လိုက်မကိုက်ခဲဘူး။မူရင်း ရန်သူအစစ်ကိုသာ ကိုက်ခဲ သတ်ပစ်လေ့ရှိလို့ရန်ငြိမ်းတယ် တဲ့။
အစိုးရရော KIA ပါ မူရင်းရန်သူကို ရှာတွေ့ပြီးရှင်းပစ် နိုင်ပါစေ။ ကျွန်တော်တို့ ပြည်သူတွေရဲ့ အနာဂတ် ကိုလှပအောင် ဆောင်ရွက်နိုင်ပါစေဗျာ.။ခြင်္သေ့ တကောင်ရဲ့  အမူအကျင့်ရပါစေဗျာ.။
ဒီးဒိုး
၁၁၊၀၁၊၂၀၁၂။