>Shwe Nya Wah Sayadaw send his petition letters to Regime’s monks authority

>

သာဓုကျောင်း၊ရွှေည၀ါဆရာတော်ဦးပညာသီလက ကြံ့ဖွံ့အစိုးရ၏ သံဃမဟာနာယကကို တောင်းပန်စာပို့
မိုးမခ၊ ဒီဇင်ဘာ ၁၆၊၂၀၁၁
ဒီဇင်ဘာ ၁၂ နေ့စွဲဖြင့်ဆုံးဖြတ်ချက်အရ ကြံ့ဖွံ့အစိုးရ၏ သံဃမဟာနာယကအဖွဲ့က ရန်ကုန်မြို့၊သာဓုကျောင်းတိုက်၊ ရွှေည၀ါဆရာတော် ဦးပညာသီဟအား ကျောင်းတိုက်မှ ဖယ်ရှားရန်၊အဆုံးအမကို ခံယူထိုက်သည့် သံဃာတပါးအဖြစ်မှ ဖယ်ရှားရန် ၊သာဓုကျောင်းတိုက်အတွင်း ကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းမပြုရန် အရေးယူသည့်ထုတ်ပြန်ချက်ကို ကာယကံရှင် ရွှေည၀ါဆရာတော်က ကြံ့ဖွံ့အစိုးရ၏ သံဃမဟာနာယကဆရာတော်ကြီးများထံ အသနားခံ တောင်းပန်စာကို ဒီဇင်ဘာ ၁၅ ရက်စွဲဖြင့်ပြန်လည်ပေးပို့ လျောက်ထားလိုက်သည်ကို တွေ့ရသည်။
        ထေရ၀ါဒအဆိုအဆုံးမတွင် ကြီးစွာသောအပြစ်များသော်မှ တိုးလျိုးတောင်းပန်ပါက အပြစ်များပြေပျောက်၍ အကျိုးများသက်ရောက်ကြောင်း၊ မိမိက တောင်းပန်အသနားခံပါက မိမိ၏အပြစ်ဆိုသည်မှာလည်း လူထွက်၊ ထောင်ကျ အရေးယူလောက်သော ပြစ်မှုမဟုတ်သည့်အတွက်ဆရာတော်ကြီးများကလည်း သူတော်ကောင်းတရားနှင့်အညီ ကျင့်သုံးမည်ဟု ယုံကြည်ကြောင်း၊မိဘများသဖွယ်ဖြစ်သော် ဆရာတော်ကြီးများက သားသမီးများသဖွယ်ဖြစ်သောဘုရားတပည့်တော်များကို ဆိုဆုံးမပါရန်၊ ကျောင်းတိုက်တွင် ဆက်လက်နေထိုင်ခွင့်နှင့်သာသနာပြုခွင့်များ ပြန်လည်ပေးသနားပါရန် အသနားခံပါကြောင်း ရေးသားထားသည်ကိုတွေ့ရသည်။
          အဆိုပါကြံ့ဖွံွှ့အစိုးရ၏ သံဃမဟာနာယကအဖွဲ့၏ အရေးယူသည့် အကြောင်းကြားစာကြောင့်ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေသော အတိုက်အခံနိုင်ငံရေးအစုအဖွဲ့များ၊ ကျောင်းသားလူငယ်များသာမက လူမှုရေး၊ ဘာသာရေး ထက်သန်သူ မြန်မာမိသားစုများအတွင်းတွင် ယခင်စစ်အာဏာရှင်နအဖ၊ န၀တခေတ်ကာလများကဲ့သို့ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးလွတ်လပ်ခွင့်များအကြမ်းဖက်ခံရမည့် ခြိန်းခြောက်မှုများ ပြန်လည်ထွက်ပေါ်လာမည်လားဟု စိုးရိမ့်ကြောင့်ကြမှုများဖြစ်ပေါ်လျက်ရှိသည်ဟု ဆိုသည်။