>Zagana reunites with the rest of T4T members

>

သီးလေးသီးအဖွဲ့ဝင်များ ရန်ကုန်လေဆိပ်တွင် တွေ့ဆုံ
ဓာတ်ပုံသတင်း
ဒီဇင်ဘာ ၁၊ ၂၀၁၁

ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံမှ ထွက်ခွာသွားသော သီးလေးသီး အဖွဲ့ဝင် သုံး ဦး ရန်ကုန်သို့ ရောက်ရှိသွားသည်။ ဇာဂနာနှင့် ၀ိုင်းတော်သားများက ကြိုဆိုသည်ကို မက်ဆင်ဂျာ ဂျာနယ် ဖေ့စ်ဘုတ် စာမျက်နှာရှိ ဓာတ်ပုံတွင် အထက်ပါအတိုင်း တွေ့ရသည်။

ရှေ့ထွက်မင်းသမီး မြစံပယ်ငုံ၊ ပန်းသီး၊ ဇာဂနာ၊ ကြယ်သီး၊ ခေါင်းဆောင်မင်းသမီး ချောစုမျိုး၊ ဆီးသီး (ဇီးသီး)၊ စိန်သီး၊ ဂေါ်ဇီလာ၊ ငှက်ပျောကြော်

သီးလေးသီးအဖွဲ့မှ နောက်ဆုံးပြန်တော်ပြန် ၃ ဦးက ပင်နီအင်္ကျီနှင့် ယောလုံချည်များ ၀တ်ဆင်ထားကြသည်။