>Saffron Monks to honor with reordination ceremony on 12th Nov

>

 ရွှေဝါရောင်သံဃာတော်များအတွက် သိမ်ထပ်မင်္ဂလာအခမ်းအနား ကျင်းပမည်
တာရာဝေယံ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၁
ရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်ခဲ့ကြတဲ့အတွက်အကျဉ်းချခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာကြတဲ့ သံဃာတော်အရှင်သူမြတ်တွေကို သိမ်ထပ်မင်္ဂလာပြုလုပ်မယ့်အခမ်းအနားတရပ်ကို သိမ်ထပ်မင်္ဂလာဖြစ်မြောက်ရေးအဖွဲ့က ဆောင်ရွက်မှာ ဖြစ်ကြောင်း သိရပါတယ်။
အခမ်းအနားကို ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊မထသ (၁) ရပ်ကွက်၊ အနော်ရထာလမ်း၊ မကွေးပရိယတ္တိ စာသင်တိုက်မှာ ၁၃၇၃ ခု၊ တန်ဆောင်မုန်းလပြည့်ကျော်၂ ရက်နေ့ နိုဝင်ဘာ ၁၂၊ စနေနေ့၊ မနက် ၉ နာရီမှာ စတင်မှာ ဖြစ်ကြောင်း သိရပါတယ်။
နံနက် ၉ နာရီမှာ စတင် သိမ်တက်မှာ ဖြစ်ပြီးနံနက် ၉ နာရီ ခွဲမှာ သိမ်ဆင်းမှာ ဖြစ်ပါတယ်။ နံနက် ၁၀ နာရီ က ၁၁ နာရီ အထိ တရားနာပြီးနိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်မှ နိုင်ငံရေးအကျဉ်းသားမိသားစုများစာအုပ်ထောက်ပံ့ ပေးအပ်ခြင်း အစီအစဉ်ကို ဆောင်ရွက်မှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
မိုးမခက တဆင့်ကြားသိရသည်မှာ နယူးယောက်ပြည်နယ်ကဆရာတော်ဦးပညာနန္ဒ ကမကထပြုပြီး သိမ်ထပ်သံဃာတော်များအတွက် အမေရိကန်ပြည်က မြန်မာမိသားစုများ၊ရဟန်းသံဃာများထံက အလှူငွေ အမေရိကန်ဒေါ်လာ ၁၄၀၀ ပေးပို့လှူဒါန်းခဲ့သည်ဟု သိရပါတယ်။