>Kyaw Thu – FFSS Yangon Activity

>

အကျွတ်အလွတ် ဆွမ်းလောင်းပွဲ
ကျော်သူ
အောက်တိုဘာ ၁၆၊ ၂၀၁၁


နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားများ၊ ၀န်ထမ်းများသည် ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက် ဆရာတော်ကြီး၏ အကျွတ်အလွတ် အဓိဋ္ဌာန်ကျင့်စဉ်အား ၄၊ ၁၀၊ ၂၀၁၁ ရက်နေ့မှ ၁၂၊ ၁၀၊ ၂၀၁၁ သီတင်းကျွတ်လပြည့်နေ့အထိ (၉) ရက်တိုင်တိုင် အား ထုတ်ကျင့်ကြံမှုများ ကျင်းပပြီးစီးသွားပြီဖြစ်ပါ၍ ၁၄၊ ၁၀၊ ၂၀၁၁ သောကြာနေ့ ညနေ (၆း ၀၀) နာရီအချိန်တွင် ပြည်မြို့မှ ရွှေပေါက်ပင် ဆရာတော် ဘဒ္ဒန္တသောမစာရကိုယ်တိုင်ကြွရောက်လာပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ ညအိပ်သီတင်းသုံးကာ ၁၅၊ ၁၀၊ ၂၀၁၁ စနေ နေ့ နံနက် (၅း ၃၀) နာရီအချိန်တွင် မြတ်စွာဘုရားရှင်အားရည်စူး၍ သစ်သီး၊ ရေချမ်း၊ ဆီမီး၊ ပန်း၊ နံ့သာတို့ဖြင့် ပူဇော်ဆက်ကပ်ကာ အရပ် (၁၀) မျက်နှာတို့အား မေတ္တာပို့သခြင်းကို ပြုလုပ်ပြီးနောက် ရွှေပေါက်ပင်ဆရာတော်ကြီးအား အာရုံဆွမ်းဆက်ကပ်ခဲ့သည်။

နံနက် (၈း ၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ နိဗ္ဗာန်မော်တော်ယာဉ်များအား အန္တရာယ်ကင်း မေတ္တာပို့ဆုတောင်းခြင်းကို ပြုလုပ်ပေးကာ ရွှေပေါက်ပင်ဆရာတော်ကြီး အား အသင်းသူ/သားများ၊ ၀န်ထမ်းများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြသော လူနာများ၊ လူနာရှင်များနှင့် ဆရာတော်ကြီး၏ တပည့် ဒါယကာ ဒါယကာမများမှ သက်သတ်လွတ် အကျွတ်အလွတ် ဆွမ်းလောင်းလှူပွဲအား စည်ကားစွာကျင်းပခဲ့သည်။ လောင်းလှူထားသော သက်သတ်လွတ်ဆွမ်းများအား ဆရာတော်ကြီးမှ မြတ်စွာဘုရားရှင်အား ဆက်ကပ်လှူ ဒါန်းပြီးနောက် ဆရာတော်ကြီးအား ဆွမ်းဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ကြွရောက်လာကြသော ဧည့်ပရိသတ်အပေါင်းတို့ကို ဆရာ တော်ကြီးမှ သက်သတ်လွတ်ဆွမ်းပေါင်းဖြင့် ကိုယ်တိုင်ခူးခတ်ကာ ကျွေးမွေးခြင်းနှင့် လှူဒါန်းထားသော သစ်သီးများ၊ မုန့်များတို့အား အန္တရာယ်ကင်း ကုသိုလ်ဖြစ် တဆင့် ပြန်လည်ဝေငှခဲ့ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် ယခုကဲ့သို့ ကုသိုလ်ကောင်းမှုပွဲတော်များ၊ အခမ်းအနားများ၊ စာပေဟောပြောပွဲများ၊ ဂုဏ်ပြုပွဲများ စသည့် လှုပ်ရှားမှုတိုင်းတွင် လုပ်အားပေး အသင်းသူ/သားများ၊ ၀န်ထမ်းများမှ မခိုမကပ် အင်တိုက်အားတိုက် စည်းလုံးညီညွတ်စွာ လာ ရောက် ပေးဆပ်မှုများသည် လူမှုရေး ပရဟိတလောကအတွက် အလားအလာကောင်းသော၊ မင်္ဂလာရှိသော အတိတ်နိမိတ်များပင် ဖြစ် တော့သည်။


မှတ်တမ်းဓာတ်ပုံများ