>atn poem-

>

ဖောင်ဖျက်ကြစို့ …. အင်ဒရီနာ

atn

သြဂုတ် ၈၊ ၂၀၁၁



အဲသည့် အရိပ်ကလေးကနေ ထွက်လာတော့

ဘယ်လိုမှကို နှုတ်မဆက်မိဘူး…

(အမေရယ်… ရင်တွေပူပြီး ကျန်နေခဲ့မယ်ဆိုတာလည်းသိတယ်…)

(ဘာမှ မတတ်နိုင်ဘူး… ဟာ…

ငါ … လုပ်စရာရှိတာတော့ လုပ်ရမှာပဲ…)

သူငယ်ချင်းမတဦးကိုလည်း

အရူးအမူး ပြောနေမိသေးတယ်…

အဲသည် ဆက်ထုံးတွေဟာ

ငါတို့တသက်လုံး

မပြီးဆုံးတော့ဘူးလား… အင်ဒရီယာ…

နင့် ချစ်သူ… ငါ…

ဘ၀မှာ မေးခွန်းတွေ များများလာတယ်…

ကြင်ကြင်နာနာဖြေပါ… အင်ဒရီယာ…

အနှစ် ၂၀ အကျော်မှာ

အတွေးအခေါ်တွေ… ခွာနာ လျှာနာဖြစ်သူကလည်း ဖြစ်ရဲ့…

ပရိဒေ၀တွေနဲ့… ကိုယ့်လည်ပင်းကိုယ်… ညှစ်သူကလည်း ညှစ်ရဲ့…

ငါကတော့… မင့်ကိုချစ်တာပဲ သိတော့တယ် အင်ဒရီယာ…

မနိုင်ဘူး…

မရှုံးဘူး…

မမုန်းဘူး…

မချစ်ဘူး…

သရေပွဲတွေနဲ့

ကြေကွဲနေခဲ့ရတာ အနှစ် ၂၀ ကျော်ခဲ့ပြီ … အင်ဒရီယာ…

သွားကြပါစို့တဖက်ကမ်း…

ဘုရင့်နောင်လမ်းကို

ရဲရဲလျှောက်လှမ်းမယ့်သူတွေပဲလိုမယ်… အင်ဒရီယာ…