>AHAN Group medical charity drive 49th time in Rangoon

>

AHAN အလှူ ၄၉  ကြိမ်မြောက် ဆေးကုသမှုပေးနေပြီ
မှတဆင့် / မိုးမခ ဇူလိုင် ၁၅၊ ၂၀၁၁
ရှင်သာမဏေကျန်းမာရေးဝန်ဆောင်မှုအထောက်ကူပြုအဖွဲ့ (AHAN) ရဲ့ ရွှေ့လျှားကုသမှု (၄၉) ကြိမ်မြောက်အဖြစ် ဇူလိုင်လ ၁၀ ရက် တနင်္ဂနွေနေ့က သာကေတမြို့နယ် ဇိနမာန်အောင်ဘုရားဝိုင်းရှိ မြန်မာညွန့်ကျောင်းနှင့် အနီးပတ်ဝန်းကျင်ကျောင်းအချို့က ရှင်သာမဏေများနှင့် မိဘမဲ့ကလေးများအား ဆေးဝါးကုသ စစ်ဆေးမှု ပြုလုပ်ပေးခဲ့ကြပါသည်။
အဆိုပါကုသိုလ်ယူလှူဒါန်းမှုတွင် စေတနာ့ဝန်ထမ်းဆရာဝန် ၃ ဦး၊ စေတနာ့ဝန်ထမ်းသူနာပြု ၄ ဦး ဝေယျာဝစ္စလုပ်အားပေးလူငယ် အယောက် ၃၀ ဖြင့် ရှင်သာမဏေများရဲ့ အရေပြားပေါ်မှာ ဖြစ်နေသည့် ပွေး၊ ၀ဲ၊ ယားနာနှင့် ဦးခေါင်းတွင်ဖြစ်နေသော ဒက်ရောဂါတို့အပြင် အခြားသောရောဂါများပါမကျန် ကုသပေးခြင်း၊ ကုဋီ (အိမ်သာ)များ ဆေးကြောပေးခြင်း၊ ရေကန်များ သန့်စင်ဆေးကြောပေးခြင်း စသည်တို့အပြင် ကျောင်းသုံးဗလာစာအုပ်များ၊ ဘောပင်များ၊ ဆေး ဆပ်ပြာများ၊ ဆပ်ပြာခွက်များ စသည်တို့ လှူဒါန်းခဲ့ကြပါသည်။၊