>Divers in Rgn river in search of coal

>

ကျောက်မီးသွေးရှာတဲ့ ရန်ကုန်မြစ်ထဲက ရေငုပ်သမားများ
ဓာတ်ပုံသတင်း
ဇွန် ၁၀၊ ၂၀၁၁

ရန်ကုန်မြစ်ထဲ ရေငုပ်ပြီး ကျောက်မီးသွေးရှာတဲ့နည်းနဲ့ အသက်မွေးနေသူတွေအကြောင်းကို မနေ့က (ဇွန် ၉ ရက်နေ့က) အခုလို တွေ့ရပါတယ်။ (ဓာတ်ပုံများ – စိုးဇေယျာထွန်း / Reuters)

ရေထဲ ဆင်းတော့မယ့် ရေငုပ်သမားတဦး။
ကျောက်မီးသွေးကို ရေအောက် မြှုပ်နေတဲ့ သင်္ဘောတွေထဲက ယူရပါတယ် တဲ့။
အန္တရာယ်တော့ ကြီးပါတယ်။
မြစ်ရေကလည်း နှောက်ကျိနေပါတယ်။
လှေတစီးမှာ ၄ ယောက်ကနေ ၈ ယောက်အထိ ရှိတယ်၊ လှေပေါင်း ၄၀ ၀န်းကျင် ဒီလုပ်ငန်းခွင်မှာ ရှိတယ်လို့ ဆိုပါတယ်။

သူကိုင်ထားတဲ့ ပိုက်က ရေအောက်က သူ့လုပ်ဖော်ကိုင်ဘက် အောက်စီဂျင်ရရေးအတွက် ဖြစ်ပါတယ်။
ရေငုပ်သမား တင်အောင်လွင်

အသက်အန္တရာယ်ကြီးတဲ့ လုပ်ငန်းပါ။ အများအပြားလည်း အသက်ဆုံးခဲ့ပြီးပါပြီ။ ကြိုးပြတ်သွားလို့ ဒါမှမဟုတ် ရေအောက်မှာ ငါးဖမ်းပိုက်၊ ငါးမြှားချိတ်ကြီးတွေနဲ့ ငြိမိကြလို့ပါပဲ။
ရေငုပ်သမားတွေကတော့ ရန်ကုန်မြစ်ဘေး ဒလမြို့ ဒေသခံတွေပါ။ ဒီအလုပ် လုပ်နေကြတာ ၆ နှစ် ရှိပါပြီ တဲ့။
အန္တရာယ်ကြီးမှန်းတော့ သိပါတယ်၊ ဒါပေမယ့် ကျုပ်တို့က တခြားအလုပ်လည်း မလုပ်တတ်ဘူးလေ လို့ ရေငုပ်သမားတဦးက ပြောပါတယ်။

ဖြတ်ညှပ်ကပ် ရေငုပ်ဝတ်စုံ။

သူတို့ ၀င်ငွေက ပုံမှန် မရှိပါဘူး။ မနက်ခင်း ၈ နာရီ အလုပ်ဆင်းရင် နေ့ခင်း ၂ နာရီမှာ နားပါတယ်။ ဒါဆိုရင် ကျောက်မီးသွေး မြန်မာငွေ တသောင်းဖိုးလောက် ရပါပြီ။
အလုပ်သမားတယောက် တလ၀င်ငွေက အနည်းဆုံး တသိန်းခွဲ (ဒေါ်လာ ၂၀၀) ရှိတယ်လို့ ဆိုတယ်။ ဆင်းရဲတဲ့ နိုင်ငံမှာတော့ ဒီဝင်ငွေက မဆိုးဘူးလို့ ဆိုရမှာပါ။