>Lwin Hmine – SUU 66

>

အမေအတွက် မွေးနေ့ဆုတောင်း
လွင်မှိုင်း (Burma VJ)


အမေသည် လူထု
လူထုသည် အမေ
အမေသည် အား
အားသည် အမေ
အမေသည် ကမ္ဘာ
ကမ္ဘာသည် အမေ

ထို့ကြောင့်
အမေ … အသက်ရှည်ပါစေ
ကျနော်သည်ကား …
အမေ့ .. အနီးနား လူထုကြား
အမြဲလှုပ်ရှားသွားလာနေသော ပစ်မှတ်တည်း။

(ပန်းချီ – သန်းဌေးမောင်၏ ဒေါ်အောင်ဆန်းစုကြည် ၆၅ မွေးနေ့အမှတ်တရ လက်ရာ)