>
“ဘာသံတွေတုန်းဟ ဒီလောက်ဆူနေတာ”
“ဆင်းရဲတာတွေ လျော့နေကြတာတဲ့လေ”
“ဘာဆိုင်တုန်း ဒီအသံတွေနဲ့ ဆင်းရဲတာလျော့တာနဲ့”
“ဆိုင်ပါသော်ကောဗျာ …. ခင်များမိန်းမကြီးဒေါ်လုံးတင်နဲ့ ခင်များနဲ့ဆိုင်သလိုကို ဆိုင်တာ”
“ဟေ့ကောင် မင်းစကားမင်း ရှင်းအောင်ပြော …. လုံးတင်ကို ဆွဲမထဲ့နဲ့”
“အုံး … ဘုံး … ပလုံး … ဒုံး … ၀ုံး ဂုံး …. ဆိုတာ သစ်တောတွေလှဲနေတာ … ခုတ်နေတာ ဖြောင်နေတာ ၂၀၁၅ ခုအတွင်း သစ်ပင်တပင်မှ မကျန်စေရဆိုတဲ့ မူကြီးချမှတ်ပြီး အကောင်အထည်ဖော်နေပြီတဲ့ဗျ”
“ဘာတဲ့ စီမံချက်နာမည်က သစ်တောကုန်စင် တစပြင်စီမံချက်ဆိုလားဘဲ”
“အော် … ဂလိုကိုး ….”
“ဂလိုဘယ်ကိုးလို့ပြောဗျ။ ခေတ်ကြီးရှေ့ဆောင် နေ၀င်းကြောင်တို့၊ အစ်ဇင်တွေ ၀ါဒတွေကန်ထရိုက်ရ ထား တဲ့ ခေတ်ကိုမောင်းသွင်း ကိုကျော်ဝင်း တို့ကစပြီး ဂလိုဘယ်မှုပြုလိုက်တာ ခု ကျုပ်တို့ဒွန္နယာမှာ ဘယ် သူမဆို ဂလိုကိုးလို့ သိပ်မပြောတော့ဘူးတဲ့ဗျ၊ ဂလိုဘယ်ကိုးလို့ဘဲ ပြောကြတော့ တယ်တဲ့။”
“အေးပါကွာ၊ ဆက်ပြောမှာ ပြောစမ်းပါ”
“ ဂလိုဗျ အဲ … အဲ … ဂလိုဘယ်ဗျ ဒေါင် …. ဗလောင် … ဗောင် …. ဂေါင် … ထောင် … ဒင် … ထင် ….ဂွမ်း ထွမ်း ဒွမ်း … ဆိုတာတွေက ကျောက်စိမ်းတွေ … ပတ္တမြားတွေ … ရွှေတွေ … ကြေးတွေ … သတ္ထုတွေ တူးနေကြတာဗျ”
“ဘယ်တုန်းက ဘယ်သူတွေ ဘယ်လိုတိုက်ချွတ်လိုက်မှန်းမသိတဲ့ မြန်မာနိုင်ငံတော်သစ်ကြီးကို ကိုလွင်မိုးတို့လို အနုပညာရှင်တွေတောင် တက်တက်ကြွကြွ ပါကုန်ကြပြီ”
“လွင်မိုး ရွှေတူးနေသည် ဆိုတဲ့ဇာတ်ကားတောင် ထွက်တော့မယ်ဆိုဘဲ”
“ဟေ … ဟုတ်လားကွ … လုံးတင်တို့ ပြောလိုက်ရအုံးမယ်”
“ဒါလဲ ရတနာကင်းစင် တလင်းပြင် စီမံချက်တဲ့”
“၀ူး ဗူး ဟူး ရှူး ဆိုတာတွေကကောကွာ”
“အော် … အဲဒါလား ဓာတ်ငွေ့သိုက် နှိုက်တဲ့အသံတွေလေ”
“ဓာတ်ငွေ့ရောင်းရင်း ဖယောင်းသွင်း စီမံချက်တဲ့ဗျ”
“အော် … အဲလိုလား”
“ဝေါ … ဘျော … ဟော … ခေါ … ဂလော … ဂျော ဆိုတဲ့အသံတွေကတော့ တာတမံတွေ၊ ဆည်တွေေ ဆာက်ပြီး ရေအားလျှပ်စစ်တွေထုတ်တဲ့ အသံတွေဗျ”
“ဒါကတော့ “မြစ်ရေခမ်းခြောက် တိုင်းပြည်ပျောက်စီမံချက်” တဲ့ဗျ”
“ဟေ ဟုတ်ရဲ့လားကွာ၊ မင်းဟာက ပြောလိုက်ရင် အလွန်အကျွံချည်းဘဲ”
“ရွှမ်း ဖျမ်း ….
ဂိန် … ဒိန် … ထိန် … ဗိန် … ဂျိန် ဆိုတာတွေကတော့ ပြည်သူရဲ့အသံတွေဗျ။ မြေသိမ်းခံရတာတို့၊ ဖမ်းခံရတာ တို့၊ ချောဆွဲခံရတာတို့၊ ဟိုကြေး ဒီကြေးပေးရတာတို့၊ ခိုင်းတာလုပ်ရတာတို့ နည်းမျိုးစုံနဲ့ နှိပ်စက်ခံနေရလို့ ထွက်လာတာ”
အဲဒါကတော့ “နလံမထူ ဒို့ပြည်သူစီမံချက်တဲ့”
“ဟေးဟေး … ဟားဟား .. ဟိုးဟိုး … ဟီးဟီး … ဟူးဟူး … ဟောင်းဟောင်း .. ဟဲဟဲ … ဟဟ … ဟိဟိ …ဟုဟု ဆိုတာကတော့ တိုင်းပြည် ဥစ္စာ ကိုယ့်ဟာလုပ်ကြီးပွားနေတဲ့ ဗိုလ်တွေ အပေါင်းပါတွေရဲ့ ဘီလူးသွားဖြဲ သရေရွှဲမြည်သံတွေတဲ့ဗျ”
“ဟေ့ရောင်ရ မင်းဟာက ဆင်းရဲတာလျော့တာမှ မဟုတ်ဘဲ၊ ပိုဆင်းရဲအောင်လုပ်တာဘဲကွ”
“ခင်ဗျားက ပြောရတာ သိပ်အပေါက်ကပ်တာဘဲ။ နိုင်ငံတော်ကပြောရင် ယုံမှပေါ့ဗျ။ ဆင်းရဲတာကို နေ့မနား ညမနားေ လျာ့နေတာ။ မြန်မာပြည် ဆင်းရဲတာကို ပြောနေတာမဟုတ်ဘူး။ ကိုယ့်နိုင်ငံကောင်းကျိုးေ လာက်ကြည့်နေတဲ့ ခေါင်းဆောင်တွေများမှတ်နေလား၊ ဂလိုဘယ်ခေတ်ဗျ၊ တကမ္ဘာလုံးရဲ့ဆင်းရဲကို မလျော့နိုင်သေးေ တာင် သုံးလေးနိုင်ငံရဲ့ဆင်းရဲကို လျော့ပေးနေတာဗျ”
“မှတ်ထား၊ တရုပ်ပြည်ရဲ့ဆင်းရဲကို လျော့ပေးနေတာ၊ ထိုင်းရဲ့ဆင်းရဲကို လျော့ပေးနေတာ၊ အိန္ဒိယရဲ့ဆင်းရဲ ကို လျော့ပေးနေတာ”
“သိပါဘူးကွာ၊ ဒို့တိုင်းပြည်အတွက်လားလို့၊ ဒို့ပြည်ဆင်းရဲတာလျှော့တာတော့ လွယ်လွယ်လေးပါကွ၊ အဲဒီ ဘီလူးတွေ အဲ အဲ ဗိုလ်တွေ အပေါင်းပါ တွေပိုင်တာတွေက နဲမှ မနဲတာကွာ၊ သူတို့ဟာတွေကို ဒို့ပြည်သူတွေကို မုန့်ဖိုးသဘော ၅ ရာခိုင်နှုံးလောက်ထဲ့ကြရင်ကို ဟေ့ကောင် မင်းမိတ္တူ ဆိုင်မှာ ဘီဂိတ်ကို စာစီစာရိုက်ငှားလို့ ရတယ်ကွ၊ သိလား”
