ပထမ…၊ ဒုတိယ…၊ တတိယ….၊…..၊…….၊…..
မောင်မောင်လတ် (ရွှေအင်းလေးစာပေ)
နိုဝင်ဘာ ၂၇၊ ၂၀၁၃
	တရက်ပြီးတရက်ကုန်ဆုံးခဲ့  ၊ တပတ်ပြီးတပတ်ကျော်လွန်ခဲ့ 
	အချိန်နာရီ စက်ဝိုင်းက မရပ်မနားလည်ပတ်ဆဲ လည်ပတ်နေတဲ့ အချိန်
	အဝေးတနေရာ အမိမြန်မာနိုင်ငံရဲ့  အခြေအနေ ဖြစ်ပျက်ပြောင်းလဲမှုတွေ
	အရှိန်အဟုန် ပြင်းပြင်းရွှေ့ လျှား နေတာကို မျက်ခြေမပြတ် စောင့် ကြည့် နေရပါတယ် ၊
	အဆိုးအကောင်း ၊အနိမ့် အမြင့် ၊ အလင်းအမှောင် ဆန့် ကျင်ဖက် ဝိရောဓိတွေကြားက
	ပြည်ထောင်စုရယ်လို့  ခေါ်ဆိုတဲ့  မြန်မာနိုင်ငံမှာ  တိုင်းရင်းသားလူမျိုးစု အသီးသီး အပေါင်းမှ
	မိမိ လူမျိုးစုတူအတွင်း  ကွဲပြားဆန့် ကျင်ဖက် အဖွဲ့ များ တစုတည်း  တဖွဲ့ တည်း ပေါင်းစည်းဖို့ 
	ဆွေးနွေးသဘောတူကြ ၊လက်မှတ်ရေးထိုးပြီးရှေ့ ဆက် တက်လှမ်းရန်  အားယူနေသည်ကို
	စိုးတထိတ်ထိတ်ကြားက  ရင်အေးငြီမ်းစရာ သတင်းတခုအဖြစ် 
	ဝမ်းပမ်းတသာ ကြိုဆိုရပါတယ် ၊
	ကြယ်ကြွေချိန် တခဏ ၊ ကံကြမ္မာ အလှည့် အပြောင်းကြား တခဏ ၊ငြီမ်သက်နေဆဲအချိန်ကာလတခုမှာ
	တိုင်းရင်းသားအားလုံး   ကိုယ်စီကိုယ်ဌာ ကိုယ့် အဖွဲ့ တွင်း ကွဲပြားခြားနားမှုတွေ ပြန်ပေါင်းစည်းအောင်
	ကြိုးပမ်းအားထုတ်မှု့ ဟာ အချိန်ကိုက် အခါကောင်း ၊ ကြုံတောင့်  ကြံခဲအခွင့် အရေးတခုလို့ 
	သတ်မှတ်ရမှာ အသေအချာပါဘဲ ၊
	အဖွဲ့ အစည်းတွေရဲ့ ခေါင်းဆောင်တွေဟာလဲ…
	မတူညီ ကွဲပြားသောအယူအဆ အမြင်တွေအားလုံး ကိုယ့် လူမျိုးစုတွေရဲ့ မျက်ရည်နဲ့ ဆေးကြော သန့် စင်လိုက်ပါတော့ ..
	အမှားအမှန် ငြင်းခုံနေတာတွေကိုလဲ   ကိုယ့် လူမျိုးစုတွေရဲ့  နာကျည်းတောက်ခေါက်သံတွေနဲ့  ခဝါချ လိုက်ပါတော့ …
	တွေဝေ ဒွိဟ မပြတ်သားနေတာကိုလဲ  ကိုယ့် လူမျိုးစုတွေရဲ့ စိုးရီမ်ထိတ်လန့် မှုတွေနဲ့  အရင်းတည် အင်အားအဖြစ်ပြောင်းလိုက်ပါတော့ ..
	ကိုယ့် လူမျိုးစုတွေရဲ့  နိမ့် ပါးဆင်းရဲမွဲတေမှုတွေကို  ရှေ့ ဆက် ရမဲ့ တိုက်ပွဲ အဖြစ် ပြောင်းလဲလိုက်ပါတော့  ရယ်လို့ …
	ပြင်းပြင်းပျပျ  တမ်းတမ်းတတ တောင်းဆို ဆန္ဒပြုလိုက်ပါတယ် ၊
	နှစ်ပေါင်း၅၀ကျော် အဖက်ဖက်ကနေ  စံနစ်တကျ ဖိနှိပ်အုပ်စိုး ဖျက်ဆီးခဲ့ လို့  တိုင်းရင်းသားအားလုံးရဲ့ 
	ပညာရေး ၊ကျမ်းမာရေး ၊ စီးပွားရေး ၊လူမူရေး ၊ယဉ်ကျေးမှုတွေဟာလဲ.
	သက်သေပြစရာ နမူနာပြစရာ မကျန်သလောက် အရာရာပျက်ဆီးဆုံးရှံးခဲ့ ရပြီးပါပြီ ၊
	ပင်လယ်ပြင်အောက် စုံးစုံးမြှပ် ပင်လယ်ကြမ်းပြင်ထိ တိုင်အောင်ရောက်တဲ့ အနေအထားပါဘဲ ၊
	နောက်တဆင့်   လူမျိုးပါ ပျောက်ကွယ်မဲ့ အခြေအနေ အဆင့် မှာ  ယခုလို ကိုယ့် လူမျိုးစုအတွင်း
	ညီညွတ်ရေးတည်ဆောက်တာဟာ  လူမျိုးစုတစုစီရဲ့  နောက်ဆုံး အခွင့် အရေးလို ဘဲသတ်မှတ်ရမယ့် သဘော ၊
	စစ်အာဏာရှင်အုပ်စုရဲ့ လိမ်ညာ သွေးခွဲ ပရိယာယ်တွေကို  ယုံစားနေမယ် 
	ဟုတ်နိုးနိုး မျှော်လင့် နေအုံးမယ်ဆိုရင်..လူမျိုးနွယ်တစုလုံး မိဘ ဘိုးဘွားစဉ်ဆက်မပြတ်နေထိုင်ခဲ့ တဲ့ 
	ဇာတိမြေကနေ  ကမ္ဘာအနှံ ဒေသအနှံထွက်သွားရင်းနဲ့    ကရင်လူမျိုးမရှိတော့ …ရခိုင်လူမျိုးမရှိတော့ ….
	ချင်း ၊မွန် ၊ ရှမ်း လူမျိုးမရှိတော့ ..ကချင် ၊ကယား ၊…၊..၊တွေလဲမရှိတော့ …..
	အားလုံးအားလုံး လူမျိုးမရှိ ၊ နိုင်ငံမရှိတော့  ၊ ဘာဆိုဘာမှမရှိတော့ တဲ့ အဖြစ်မျိုးကြုံရမှာ မြေကြီးလက်ခတ်မလွဲ ၊
	အခြေအနေ အချိန်အခါ ကောင်းဟာ ဟိုးအဝေးတလံမှာ မဟုတ်တော့ ပါ ၊ကိုယ့် နဲ့ အနီးဆုံး လက်တကမ်းမှာပါ.၊
	ကိုယ့် အဖွဲ့ တွင်း စည်းလုံးညီညွှတ်မှု တည်ဆောက်ပြီး တာနဲ့ တပြိုင်တည်း   အလားတူ လူမျိုးစုတွင်း 
	ညီညွှတ်အောင် တည်ဆောက်ထားတဲ့  ကျန် တိုင်းရင်းသားလူမျိုးစု အသီသီးတွေနဲ့ လက်ချင်းချိတ် ပုခုံးချင်းထိကပ်လိုက်၇င်
	တိုက်ပွဲဟာ  ကိုယ့် ရှေ့ မှောက် ရောက်လာပါပြီ.၊
	ဒီတခါ တိုက်ပွဲဟာ လက်နက်ကိုင်တိုက်ပွဲတခု မဟုတ်ပါ၊ 
	စားပွဲဝိုင်းပေါ် စေ့ စပ်ဆွေးနွေးတဲ့ တိုက်ပွဲလဲ မဟုတ်ပါ၊
	ပြည်သူတရပ်လုံး  နိုးကြားတက်ကြွစွာ တောင်းဆိုနေတဲ့ ဖွဲ့ စည်းပုံ  ပြောင်းလဲရေး ဆန္ဒထုက်ဖေါ်တိုက်ပွဲ ၊
	တိုင်းရင်းသားတွေနဲ့ ထပ်တူ ပြည်သူတရပ်လုံး ရဲ့  နောက်ဆုံး အဆုံးအဖြတ်တိုက်ပွဲ ၊
	အဖြူ အမဲ ၊ အနိုင် အရှုံး သဲသဲ ကွဲကွဲ ပြတ်ပြတ်သားသား အဖြေထုတ်ရမဲ့ တိုက်ပွဲ ၊
	ပြည်သူတရပ်လုံး ၊တိုင်းရင်းသားအားလုံး လက်ရှိ သက်ရှိ ကိုယ့် ဘဝ ၊ကိုယ့် သမိုင်းသာမက
	ကိုယ့် သားစဉ်မြေးဆက် …မြေး ၊မြစ် ၊ တီ ၊တွတ်…အထိအောင် ရိုက်ခတ်သိမ်းကြုံး စစ်ကျွန်ပြုစံနစ်တခုကို
	အမြစ်လှန် ဖြိုဖျက်တဲ့  ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ပြောင်းလဲရေး ဆန္ဒ ထုတ်ဖေါ် တိုက်ပွဲ ကို
	တိုင်းရင်းသားအားလုံး  ပြည်သူတွေနဲ့ အတူ  အင်တိုက် အားတိုက်၊ မဆုတ်မနစ်  အရိုးကြေကြ အရေခမ်းခမ်း
	အတူတကွ အားဖြည့် ကြပါစို့  ..ရယ်လို့  တိုက်တွန်းရင်း…………….၊
	ပထမ…ကိုယ့် လူမျိုးစုအတွင်း သွေးစည်းညီညွှတ်အောင် တည်ဆောက် ၊
	ဒုတိယ…ဘဝတူ ကျန်တိုင်းရင်းသားတွေနဲ့  လက်ချင်းချိတ် ၊
	တတိယ…စစ်အာဏာရှင်ရှေ့  မျက်နှာချင်းဆိုင်ရပ် ၊
	စတုထ္ထ….ပြည်သူတရပ်လုံးနဲ့ အတူ ဖွဲ့ စည်းပုံ ဥပဒေပြောင်းလဲရေးဆန္ဒထုတ်ဖော် ၊
	ပဉ္စမ……ပဉ္စမမြန်မာနိုင်ငံတော်သစ်အောက်မှာ…..
		ကရင်တကျပ် ……ရခိုင်တကျပ်….မွန်တကျပ်….ရှမ်းတကျပ်..
	            ချင်းတကျပ်…..ကချင်တကျပ်…..ကယားတကျပ်…
	            လားဟူတကျပ်….ခမြီတကျပ်…..ဂျိမ်းဖောတကျပ်…..
	            ပလောင်တကျပ်…၊ …တကျပ် ၊ …….တကျပ် ၊……တကျပ် ၊
	            မြန်မာလဲ တကျပ်……………………………………………..၊၊
