>May 6th 2011, Q & A With Su

>

လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်
မေ ၆၊ ၂၀၁၁ အာရ်အက်ဖ်အေ အသံလွှင့်အစီအစဉ်

● မေးသူ ။ ။ မဝေနှင်းပွင့်သုန် (ကိုမြအေးသမီး – လန်ဒန်မြန်မာ့အရေးဆောင်ရွက်သူ)

● မေးခွန်း ။ ။ သမီးအနေနဲ့ အမေစုကိုမေးချင်တာက အခုဆိုလို့ရှိရင် သမီးတို့ ဒီကွန်ဖရင့်တွေ၊ မီတင်တွေကိုသွားပြီးတော့ စကားပြော တဲ့ဟာတွေရှိတယ်။ ပြောတဲ့အခါကြလို့ရှိရင် သူတို့အနေနဲ့ ဒီဗြိတိန်နိုင်ငံက လူမျိုးတွေအနေနဲ့ အစိုးရဘက်ကနေ လုပ်သင့်တဲ့ဟာတွေ လုပ်နိုင်တဲ့ဟာတွေ အများကြီးရှိတယ်ပေါ့ နော်။ အဲဒါတွေ သူတို့ ဘာလုပ်သင့်သလဲ ဆိုပြီးတော့ မေးတယ်ရှင့်။ ကျမတို့ အခုလောလောဆယ် ဒီနိုင်ငံမှာလှုပ်ရှားမှု အဓိကလုပ်နေတာကတော့ ဒီစုံစမ်းစစ်ဆေးရေးဖွဲ့ဖို့ဆိုတဲ့ ကမ်းပိန်းပေါ့နော်။ Enquiries ကို အဓိကလုပ်နေတယ်။ ဒါပေ မယ့် ကျမအနေနဲ့သိချင်တာက ဒီထက် ပိုပြီးတော့ ဘာလုပ်သင့်သလဲ။ ဒီနိုင်ငံအစိုးရကို ပါဝင်လှုပ်ရှားဆောင်ရွက်လာအောင် ဘာတွေ လိုအပ်နေလဲဆိုတာကို သိချင်တယ်ရှင့်။ ပြီးတော့ ဒီကုလသမဂ္ဂရဲ့နေရာကို ကြည့်မယ်ဆိုလို့ရှိရင် သူတို့ဘက်ကနေပြီးတော့ ဘာမှ တိတိကျကျ သေချာလုပ်တယ်ဆိုတာကို မရှိသေးဘူး။ စတိတ်မန့်ထုတ်တာထက် စာရင်ပေါ့နော်။ သူတို့ကို ပိုပြီးတော့ လက်တွေ့ပါပြီးတော့ ပါဝင်လှုပ်ရှား ဆောင်ရွက်လာဖို့အတွက် သမီးတို့အနေနဲ့ ဘာတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမေထင်သလဲ မသိဘူးရှင့် အဲဒါကို သမီး အဓိကထားပြီးတော့ မေးချင်တာပါရှင့်။

● အဖြေ ။ ။ ဗြိတိန်လို ဒီမိုကရေစီ နိုင်ငံတွေမှာ ပြည်သူတွေရဲ့ထောက်ခံမှုရရင် ဘက်အမျိုးမျိုးကနေ ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှား မှုအတွက် အထောက်အကူတွေ ရနိုင်ပါတယ်။ အရေးကြီးတာ ကတော့ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေလဲဆိုတာကို အများကသိပြီး ဒီမိုကရေစီ တန်ဖိုးထားတွေနဲ့ လူ့အခွင့် အရေးတွေ မြှင့်တင်ပေးချင်တဲ့ဆန္ဒတွေ ဖြစ်လာဖို့ပါပဲ။ ကိုင်တွယ်ရမယ့် အကြောင်းအရာတွေကတော့ တချိန်နဲ့တချိန် ပြောင်းလဲနေမှာဖြစ်ပါတယ်။ ညီညွတ်ရေးရဲ့အင်အားဟာ အင်မတန်မှ ကြီးမားတာေ ကြာင့် ပြည်တွင်းက ရုန်းကန်လှုပ်ရှား မှုတွေနဲ့ ပြည်ပက ကြိုးပမ်းမှုတွေ တသားတည်း ဖြစ်နိုင်မယ် ဆိုလို့ရှိရင် တော်တော့ကို ကောင်းပါလိမ့်မယ်။ အမေတို့ရဲ့လုပ်ငန်းတွေ အကြောင်းကို သမီးတို့လဲ လွယ်လွယ်နဲ့သိရှိနိုင်ကြမှာပါ။ ဥပမာဆိုရင် လောလောဆယ် ဒီမိုကရေစီကွန်ယက်အထဲက ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်း တွေ လုပ်ဆောင်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တပ်မတော်အကြား အပစ်အခတ်ရပ်စဲရေး၊ ပြည်ပကို ရှောင်ခွာသွားရတဲ့ ဒုက္ခသည်တွေနဲ့ အခြားနိုင်ငံသူ နိုင်ငံသားတွေ မြန်မာနိုင်ငံကို လုံခြုံအေးချမ်းစွာ ပြန်လာ နိုင်ရေး စသည်တို့ကိုတောင်းဆိုထားတဲ့ လက်မှတ်ထိုးလှုပ်ရှားမှု အောင်မြင်ရေးအတွက် သမီးတို့ဝိုင်းပြီး ကူညီပေးစေချင်ပါ တယ်။ မြန်မာ နိုင်ငံ သူ နိုင်ငံသားတွေ မဟုတ်တဲ့သူတွေလည်း သွေးစည်း ညီညွတ်မှုကို ပြသောအားဖြင့် လက်မှတ်ထိုးနိုင်ပါတယ်။ ဒီလိုပဲ အခါအားလျော်စွာ ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီအင်အားစုတွေရဲ့ လှုပ်ရှားသူတွေကို ဗြိတိန်နိုင်ငံသူ နိုင်ငံသားတွေ အားတက်သရော ထောက်ခံစေဖို့ ဆော်ဩ ပေးစေချင်ပါတယ်။ အမေ ထပ်ြ ပီးတော့ ပြောချင်ပါတယ်။ အမေတို့လုပ်နေတဲ့ လက်မှတ်ထိုး လှုပ်ရှားမှုကြီးကို သမီးတို့ ပြင်ပက ဒီမိုကရေစီ လိုလားသူတွေအားလုံး ဝိုင်းပြီးတော့ ကူညီပံ့ပိုးပေးကြပါ။ အင်တာနက်ကနေ တဆင့် လက်မှတ်တွေ ကို ပို့ပေးကြပါ လို့ မေတ္တာရပ်ခံချင်ပါတယ်။

………………………..

● မေးသူ ။ ။ ဒေါ်မြမြအေး (ဒေါက်တာတင့်ဆွေ၏ဇနီး – အိန္ဒိယနိုင်ငံ)
● မေးခွန်း ။ ။ ကျမက မြမြအေးပါ။ မုံရွာခရိုင်၊ ပုလဲမြို့နယ်၊ NLD ပါတီဝင်တဦးဖြစ်ပါတယ်။ အိန္ဒိယ နဲ့ မြန်မာနယ်စပ်ကတဆင့် မြန်မာနိုင်ငံသား ဒုက္ခသည်တွေ နေ့စဉ်ဝင်ရောက်လာနေကြတာ အခုဆိုလို့ရှိရင် နယူးဒေလီမှာ ဒုက္ခသည် နှစ်သောင်းကျော်နေပါပြီ။ အများစုကတော့ တိုင်းရင်းသားတွေဖြစ်ပါတယ်။ တိုင်းရင်း သူများနဲ့ ပူးတွဲပြီးတော့ ဒုက္ခသည်တွေရဲ့ကျန်းမာရေး အခက်အခဲတွေကို ဆောင်ရွက်နေရခြင်း ဟာ ရေရှည် မှာတော့ NLD နဲ့ တိုင်းရင်းသားတွေရဲ့ အပြန်အလှန် ယုံကြည်လေးစားမှု ခိုင်မြဲသွားမယ်လို့ ကျမယုံကြည်ပြီးေ တာ့ ဒုက္ခသည်များ အတွက် ဆေးခန်းတခု ကျမတို့ ဆောင်ရွက်နေပါတယ်။ တိုင်းရင်းသူတွေဟာ စေတနာ့ ဝန်ထမ်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ အခမဲ့ ကုသရေး လုပ်တာဖြစ်ပါတယ်။ တိုင်းရင်းသူ အမျိုး သမီးေ တွရဲ့ တာဝန်ယူမှုတွေဟာ ဆိုလို့ရှိ ရင် ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ ကျမတို့ရဲ့တိုင်းရင်း သူတွေ ကို ဒေါ်စုရဲ့မေတ္တာစကားကို ကျမတို့တတွေ အများကြီး တောင့်တမိပါတယ်ရှင်။ ဒေါ်စုနဲ့တကွ ကျမတို့ ရဲ့ မြန် မာ ပြည်သူပြည်သားတွေ ကျန်းမာချမ်းသာကြပါစေ။

● အဖြေ။ ။ ဒေါ်မြမြအေးတို့က တိုင်းရင်းသားတွေအတွက် အခမဲ့ ဆေးခန်းဖွင့်ထားတယ်ဆိုရင် ကျမရတဲ့ဆုေ ငွတွေနဲ့ ထူထောင်ထားတဲ့ ကျန်းမာရေး ပညာရေး ရံပုံငွေကနေပြီးတော့ ကူညီနိုင်မယ်ထင်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ရံပုံငွေအဖွဲ့ တာဝန်ခံတွေကို ကျမ အသိပေး လိုက်ပါ့မယ်။ တိုင်းရင်းသားအမျိုးသမီးတွေကို မိမိတို့ရဲ့ကဏ္ဍက အနာဂတ်နိုင်ငံအတွက် အနာဂတ်ပြည်ထောင်စုအတွက် ဘယ်လောက် အဓိကကျလဲဆိုတာ သိစေချင် ပါတယ်။ မြန်မာနိုင်ငံအခြေနေတွေနဲ့ ပတ်သက်လို့ စိတ်မပျက် စိတ်မကုန်ပဲ ကျမတို့တတွေနဲ့ လက်တွဲပြီး သွားကြပါစို့လို့ အလေးအနက် မေတ္တာရပ်ခံချင်ပါတယ်။

………………………..

● မေးသူ ။ ။ ဒေါ်စောမြရာဇာလင်း၊ (ရခိုင်အမျိုးသမီးခေါင်းဆောင် – ဘင်္ဂလားဒေ့ရှ်)
● မေးခွန်း ။ ။ အမကြီး ဒေါ်အောင်ဆန်းစုကြည်ကို ကျမ မေးခွန်းတွေမေးချင်လို့ပါ။ ကျမ စောမြရာဇာလင်းဖြစ် ပါတယ်။ ရခိုင်အမျိုးသမီးများ အစည်းအရုံးရဲ့ဥက္ကဌဖြစ်ပြီးတော့ အမကြီးလွတ်မြောက်ရေးအတွက်လည်း အမြဲတမ်းကြိုးစားနေခဲ့တဲ့ အမျိုးသမီးတယောက်ဖြစ်တယ်ဆိုတာကို အရင်ဆုံး မိတ်ဆက်ချင်ပါတယ်။ ဗိုလ်လောင်းသင်တန်းဆင်းပွဲမှာ ဗိုလ်ချုပ်မင်းအောင်လှိုင်က တပ်မတော်ကသာလျှင် ဦးဆောင်ရ မယ် ဆိုပြီးတော့ ပြောသွား တာကို တွေ့ရတော့ အနာဂတ်မှာ တိုင်းပြည်တာဝန်တွေကို စစ်တပ်ကိုပဲ တာဝန်ပေြး ပီးတော့ ထမ်းဆောင်လာစေမယ့် သဘောဖြစ်သလား? ဆိုတာမျိုးကို စိတ်ပူပန်မိတာရှိပါတယ်။ ဒီအပေါ်မှာရော အမကြီးအနေနဲ့ ဘယ်လိုစဉ်းစားမိပါသလဲဆိုတာကို သိချင်ပါ တယ်။ နောက်တခု မေးခွန်းကတော့ ရခိုင်ပြည်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို နိုင်ငံခြားတွေကို ရောင်းချပြီးတော့ အသုံးချနေတာကို ကျမတို့ ရခိုင်ပြည်သူလူထု တရပ်လုံးက စိတ်မချမ်းမသာ ဖြစ်နေကြပါတယ်။ ဒီကိစ္စအပေါ်မှာ ရခိုင်ပြည်သူ လူထု တရပ်လုံး အပါအဝင်ပေါ့ အားလုံး ပြည်သူလူထု တရပ်လုံးက ဒီသဘာဝဓာတ်ငွေ့တွေက ရရှိလာတဲ့ အကျိုးအမြတ်တွေကို အသုံးချနိုင်ဖို့ရာအတွက် ဘယ်လို ပုံစံမျိုးနဲ့ ဆောင်ရွက်သွားရင် ရမယ်ဆိုတာကို အမကြီး အနေနဲ့ စဉ်းစားလို့ ရှိပါသလဲဆိုတာကို သိချင်ပါတယ်။ အမကြီး ကျန်းမာပါစေ။

● အဖြေ ။ ။ ဒေါ်စောမြရာဇာလင်းရဲ့ ကျမလွတ်မြောက်ရေးအတွက်သာမက အခြားလူအခွင့်အရေးတွေအတွက် လုပ်ဆောင်ခဲ့တာတွေ အကြောင်းကို အသံလွှင့်ဌာနတွေမှတဆင့် မကြာခဏ ကြားခဲ့ရ လို့ လေးစားဂုဏ်ပြုပါ တယ်။ တပ်မတော်ကသာ ဦးဆောင်ရမယ်ဆိုတဲ့ အတွေးအမြင်ဟာ တပ်မတော်နဲ့ ပြည်သူအကြား သံသယပွား စိတ်ဝမ်းကွဲစေတာမို့ တပ်မတော်နဲ့ ပြည်သူဟာ တသားတည်းဖြစ်ပြီး တိုင်း ပြည်ရဲ့တာဝန်တွေကို ထမ်းဆောင် တဲ့ နေရာမှာ ကိုယ့်နေရာနဲ့ကိုယ် သစ္စာရှိရှိ ညီညီညွတ်ညွတ် လုပ်ဆောင်တဲ့ အစဉ်အလာ ကျမတို့ နိုင်ငံမှာ အမြန်ဆုံး အမြစ်တွယ်စေချင်ပါတယ်။ ဒီလိုဖြစ်မှသာ ပြည်သူရော တပ်မတော်ပါ သိက္ခာမြင့်ပြီး တိုင်းပြည်လည်း တင့်တယ်တိုး တက်မှာပါ။ ရေနံနဲ့သဘာဝဓာတ်ငွေ့က ရတဲ့ငွေတွေကို တိုင်းပြည်နဲ့ ပြည်သူ့ အကျိုးအတွက် သုံးသင့်တယ်လို့ ကျမတို့ အခိုင်အမာ ယုံကြည်ပါတယ်။ ဒီလိုဖြစ်ဖို့အတွက်ကို ပြည်သူတွေက ထိထိရောက်ေ ရာက် တောင်းဆိုတဲ့နည်းတွေ စဉ်းစားပြီးတော့ အကောင်အထည် ဖော်ကြရမှာပါ။ ကျမတို့လည်း ကြိုးစားပြီး လုပ်ဆောင်ပါ့မယ်။

………………………..

● မေးသူ။ ။ ကိုရဲရင့်နိုင် (ထိုင်းနိုင်ငံ)
● မေးခွန်း ။ ။ ကျနော် ရဲရင့်နိုင်ပါ။ ထိုင်းမြန်မာ နယ်စပ်တနေရာက ရွှေ့ပြောင်းအလုပ်သမားတဦးပါ။ အန်တီ စုကို ကျနော်မေးချင်တာက အန်တီစုအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးကို မျှော်လင့်နေပေမယ့် ASSA ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အို ကချင်တို့ စစ်ရေးကျင်း ပနေမှုကို ကြည့်ခြင်းအားဖြင့် ဒီစစ်အစိုးရသစ်အေ နနဲ့ အန်တီစုတို့ NLD နဲ့ တကယ်ပဲ ဒီအမျိုးသားရင်ကြားစေ့ရေး လုပ်မယ်လို့ကော အန်တီ တို့ဘက်က ယုံကြည် ပါ သလားလို့ ကျနော်မေးချင်ပါတယ်။

● အဖြေ ။ ။ ဒီလို မေးခွန်းမျိုးတွေကို အန်တီ ခဏခဏ ဖြေခဲ့ရပြီးပါပြီ။ ဇွဲဝီရိယနဲ့ ကိုယ်ယုံကြည်ရာ ကို ဖြစ်ြေ မာက်အောင် လုပ်ရမှာပါ။ တခါတလေ အန်တီ ရှင်းပြခဲ့ပါတယ်။ ဟိုး ကမ္ဘာဦးခေတ် က လေးဘက်တွား ရာ မှ ခြေနှစ်ချောင်းပေါ်မှာ ရပ်ချင်တဲ့လူသားဖြစ်မယ့် သတ္တဝါတွေ ကို မဖြစ်နိုင်တာတွေကို လုပ်နေတယ်လို့ ထင်ခဲ့ တဲ့ တခြားသတ္တဝါတွေလဲ ရှိမှာပါ။ ဒါပေမယ့်လည်း ဖြစ်နိုင်တယ်လို့ ယုံကြည်ပြီး ထပ်တလဲလဲ ကြိုးစားမှုေ တွကြောင့် အခု အန်တီတို့ တတွေဟာ လူရယ်လို့ ခြေနှစ်ချောင်းပေါ်မှာ မားမားမတ်မတ်ရပ်နိုင်ကြ တာ မဟုတ် လား။ ဒီလိုပဲ နောက် မျိုးဆက်တွေရဲ့အကျိုးကိုမျှော်ကိုးပြီး အမျိုးသားရင်ကြားစေ့ရေးဖြစ်အောင် အခက်အခဲေ တွကြားက မလျော့သော လုံ့လနဲ့ လုပ်သွားကြရမှာဖြစ်ပါတယ်။

………………………..

● မေးသူ ။ ။ ကိုရန်နိုင်ထွန်း (တောင်ကိုးရီးယား)
● မေးခွန်း ။ ။ အမေစုခင်ဗျာ။ ကျနော်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၊ ကိုးရီးယား ဌာနခွဲရဲ့ သတင်းနဲ့ပြန်ကြားရေး တာဝန်ခံပါခင်ဗျ။ အဲ ကျနော်မေးချင်တဲ့ မေးခွန်းလေး နှစ်ခုရှိပါတယ်။ တခုကေ တာ့ လက်ရှိမြောက်ကိုးရီးယားအစိုးရနဲ့ မြန်မာအစိုးရတို့ အကြား အဖက်ဖက်က ဆက်ဆံရေးအပေါ်မှာ အန်တီ အေ နနဲ့ ဘယ်လို ထင်မြင်ယူဆပါသလဲခင်ဗျာ။ မြန်မာစစ်တပ်က နျူကရီးယားလက်နက် ပိုင်ဆိုင်မှုကို ကြိုးစားေ န တယ်ဆိုတဲ့ အချက်ကို နိုင်ငံတကာကနေပြီးတော့ ပြောဆိုဝေဘန်နေမှုတွေကိုကော အန်တီ့အနေနဲ့ ဘယ်လို ထင်မြင်ယူဆ သုံးသပ်ပါသလဲချင်ဗျာ။ ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

● အဖြေ ။ ။ မြန်မာနိုင်ငံက မြောက်ကိုးရီးယားနဲ့ ပူးပေါင်းပြီးတော့ နျူကရီးယားလက်နက်တွေ ပိုင်ဆိုင်ဖို့ကြိုး စားနေတယ်ဆိုတာ ဟုတ်တယ် မဟုတ်တယ်ဆိုတာကို အခုအထိတော့ တရာရာခိုင်နှုန်း အသေအ ချာ မသိရသေးပါဘူး။ တကယ်ပဲ ဒီသတင်းမှန်ရင် အင်မတန်မှ စိုးရိမ်ဖွယ်ရာ ကောင်းတယ်လို့ပဲ ပြောရမှာပဲ။ ဒီလို ကိစ္စမျိုးအတွက် မြောက်ကိုးရီးယားနဲ့ ပေါင်းတာဆိုရင်တော့ ဒါဟာ လုံးဝကို မလိုလားအပ် တဲ့ ပူးပေါင်းခြင်းပါပဲ။

………………………..

● မေးသူ ။ ။ ကိုဇော်မိုးအောင် (တောင်ကိုးရီးယား)
● မေးခွန်း ။ ။ မင်္ဂလာပါ အန်တီစုခင်ဗျာ။ ကျနော် ဇော်မိုးအောင်ပါခင်ဗျာ။ အခု ကျနော် တို့ မြန် မာပြည်ဟာ ယခုအချိန်မှာ ဒီမိုကရေစီရေးအတွက် အခက်အခဲပေါင်းစုံ ရင်ဆိုင်ကြုံတွေ့နေရတယ်ဆိုပေမယ့် နောင်အချိန်မှာ ကျနော်တို့ရဲ့ တိုက်ပွဲဟာ မုချအောင်မြင်လိမ့်မယ်လို့ ယုံကြည်ထား ပါတယ်ခင်ဗျ။ ဒါကြောင့်မို့ ကမ္ဘာ့နိုလ်ဘယ် ငြိမ်းချမ်းရေးဆုရှင်တဦးဖြစ်တဲ့ အန်တီစုအနေနဲ့ အာရှဒေသဆိုင်ရာနဲ့ ကမ္ဘာ့အခက်အခဲတွေမှာ ဘယ်လို ကိစ္စေ တွ မှာ ဝင်ရောက်ပူးပေါင်း ဆောင်ရွက်ဖို့ စဉ်းစားထားတာ ရှိပါသလဲဆိုတာ သိပါရစေခင်ဗျား။

● အဖြေ ။ ။ ကိုဇော်မိုးအောင်တို့လို ခိုင်မာတဲ့ ယုံကြည်ချက်နဲ့ ထောက်ခံနေတဲ့ ပြည်သူတွေကြောင့်အန်တီတို့ လှုပ်ရှားရုန်းကန်တဲ့နေရာမှာ အင်မတန်ကို အားဖြစ်ရပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိတဲ့အခါမှာ ဒီမိုကရေစီစနစ်ခိုင်မာဖို့အတွက် ကြိုးပမ်းမှုတရပ်အနေနဲ့ အာရှ တဝှမ်းကနိုင်ငံတွေနဲ့ ဖြစ်နိုင်သလောက် ပူးပေါင်းဆောင်ရွက်ပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ စံနှုန်းစံထားတွေ ပြန့်ပွားဖို့အတွက် ကြိုးစား ချင်ပါတယ်။ ကမ္ဘာတဝှမ်းမှာ အေးချမ်းသာယာစေဖို့ ကိုယ့်ဒေသက စပြီးလုပ်ရင် ကောင်းမယ်လို့် ထင်ပါတယ်။

………………………..

● မေးသူ ။ ။ ကိုကျော်စွာလင်း (တောင်ကိုးရီးယား)
● မေးခွန်း ။ ။ အန်တီစုခင်ဗျာ။ ကျနော်ကတော့ တောင်ကိုရီးယားနိုင်ငံ၊ ကူချီမြို့မှာေ နတဲ့ ကျော်စွာလင်းဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း က သမ္မတသစ် ဦးသိန်းစိန်ကနေပြီးတော့ နိုင်ငံရေး၊ စီးပွားရေး၊ ဥပဒေရေးရာ တို့အ တွက် အကြံပေးအဖွဲ့ဝင် (၉) ဦးကို ဖွဲ့စည်းလိုက်တယ်လို့ ကျနော် သိပါတယ်ခင်ဗျ။ အဲဒီ အဖွဲ့နဲ့ ပတ်သက် ပြီးတော့ အန်တီ ဘယ်လိုများ ထင်မြင်သုံးသပ်ထားပါသလဲလို့ အဲဒါ ကျနော်သိချင်ပါတယ် ခင်ဗျ။ နောက်တခုက အဲဒီအဖွဲ့ကိုရော အန်တီ ဘယ်လောက်အထိမျှော်လင့်ထားပါသလဲဆိုတာကို ကျနော်သိချင်ပါတယ်ခင် ဗျ။ ကျေး ဇူး တင်ပါတယ်ခင်ဗျာ။

● အဖြေ ။ ။ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေး စီးပွားရေး ဥပဒေရေးရာ အကြံပေးအဖွဲ့ဝင် (၉) ဦးကို ဖွဲ့စည်း လိုက်တာနဲ့ပတ်သက်လို့ အများနည်း တူ အန်တီကလည်း တကယ်တမ်းကို တိုင်းပြည်ကို အကျိုးပုနိုင်မယ့် အကြံတွေ ပေးနိုင်ပြီး ဒီအကြံတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေက မှန်မှန်ကန်ကန် အကောင်အထည်ေ ဖ်ာနိုင်မယ်ဆိုရင်တော့ ကောင်းမယ်လို့ ထင်ပါတယ်။ အဲဒီလို ဖြစ်မယ် မဖြစ်ဘူးဆိုတာကိုတော့ စောင့် ကြည့်ရဦးမှာပါ။ အန်တီက အလုပ်မကြည့်ပဲ မျှော်လင့်ချက်ထားတာမျိုးကို အယုံအကြည် မရှိဘူးဆိုတော့ မျှော် လင့်ဖို့ရာ စောသေးတယ်လို့ပဲ ပြောရမှာပါ။

………………………..

(ABMA ၀ိုင်းတော်သားများက စာဖိုင်ဖြည်ပါသည်)