>Zay Hmine – Poem

>

တယောဘိုးတံတလက်ရဲ့ကောင်းကင်
ဇေမှိုင်း
မေ ၈၊ ၂၀၁၁
အိပ်မက်ကြီးတခုလုံးလုံး
ကျကွဲသွားတာတောင်
ပါးချောင်နားချောင်နဲ့ အလျော်အစားကလေးက လုပ်ချင်တုန်း …။
တညဦးက
ပန်းဖူးတွေ ဝေပုံပြောပါတယ်
အစဦးတည်းက ကြွေနေခဲ့ကြရတာ
လူမသိ သူမသိ အချင်းမြှုပ်ခဲ့ရတာကိုလေ …။
ဒီထောင့်မှာ သူထိုင်
ဟိုထောင့်မှာ ကိုယ်ထိုင်
ထိုင်နေကြရတာချင်း တူသလိုလိုနဲ့ 
တမူးပိုရှုချင်သလိုလို
မြင်ထောင့်တွေက တမျိုးစီ …။
သေချာတယ်
မဟာမြေတခုလုံး သုဉ်းပေ့စေ
ငါ့မနက်ခင်းတွေက
အိပ်မက်လို ကျရင်လည်းမကွဲတတ်ဘူး …။