>3 Year Anniversary of Ludu Daw Amar

>

လူထုဒေါ်အမာ ကွယ်လွန်ခြင်း ၃ နှစ်ပြည့် အခမ်းအနားများ ကျင်းပခဲ့ပြီး
ခင်သန့်ဇင်၊ ရန်ကုန်
ဧပြီ ၁၄၊ ၂၀၁၁

ထင်ရှားသည့် သတင်းစာဆရာနှင့် မြန်မာစာရေးဆရာမကြီး လူထုဒေါ်အမာ ကွယ်လွန်ခြင်း နှစ်ပြည့် အခမ်းအနားကို ဧပြီလ ၇ ရပ်နေ့ နံနက် ၁၀ နာရီက မန္တလေးမြို့မြတောင် ကျောင်းတိုက် နှစ်၁၀၀ပြည့် သာသနာ့ဗိမာန်တွင်ကျင်းပခဲ့သည်။

မြတောင် ကျောင်းတိုက်ဆရာတော် အမှူးပြုပြီး သံဃာအပါး ၁၀၀ အားဆွမ်းဆက်ကပ်ခဲ့သည်။ ထိုအခမ်းအနားသို့ စာပေမိတ်ဆွေ ရောင်းရင်းများကိုလည်း ကျွေးမွေးဧည့်ခံခဲ့သည်။ စာရေးဆရာ လူထုဒေါ်အမာ မှာ ၂၀၀၈ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက် ၉၇ နှစ်ရှိပြီဖြစ်သည်။