>
မင်္ဂလာဒိုးကလည်း သံချပ်ထိုးမယ်
မှ တဆင့် – မိုးမခရွာဆော်ကြီး
ဧပြီ ၆၊ ၂၀၁၁
၂၀၁၁ ခုရဲ့ မြန်မာပြည် သင်္ကြန်အမီ တင်ဆက်ဖျော်ဖြေတင်ဆက်နိုင်ရန် ဂျပန်နိုင်ငံရောက် မင်္ဂလာဒိုး အနုပညာအင်အားစုက နှစ်စဉ် ကျင်းပနေကျ မင်္ဂလာဒိုးသံချပ်များ အများပြည်သူများ ရှေ့မှောက်သို့ ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။
ယခုနှစ်တွင်လည်း စင်တက်တေး၊ မဟာလူသား၊ နွေကန့်လန့်ကာအဖွင့်၊ ၂၀၁၁ ရုပ်သေးလွှတ်တော်၊ အားကစား၊ စောင်မကြည့်ရှုခြင်း၊ နိုင်ငံတော် လုပ်ကြံမှု၊ အပြောကတော ရွှေမန်း၊ အထူးသတင်းကြေငြာချက်၊ ဆူနာမီ စသည့် တေးသံချပ်များဖြင့် မိဘရဟန်းရှင်ပြည်သူများ ကြည့်ရှု့နိုင်စေရန် နှစ်စဉ်နှစ်တိုင်း အတာသင်္ကြန်မရောက်ခင်မှာ သံချပ်သီချင်းခွေ ဗွီဒီယိုတွေ ထုတ်လုပ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကို ဖြန့်ချိလိုက်ပါပြီ။
မြန်မာပြည်သင်္ကြန်နှင့်အတူ နှစ်စဉ် ဧပြီလတွင်ကျင်းပနေကျ တိုကျိုသင်္ကြန်ပွဲတော်ကိုတော့ ယခုနှစ် ဂျပန် ဆူနာမီငလျင်ကြီြးေ ကာင့် မေလ ၁၅ ရက် သို့ ရက်ရွှေ့ပြောင်း ကျင်းပရန်မည် ဟု မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်က ဥက္ကဌ ဦးလှိုင်အေး က ပြောကြားလိုက်ပါတယ်။
မင်္ဂလာဒိုး အနုပညာအင်အားစု (ဂျပန်)က ရဲရဲတောက်တေးသံချပ်များကို အဖွဲ့ ခေါင်းဆောင် ဦးမျိုးသန့် တာဝန်ယူဦးဆောင်ပြီး သံချပ်များကို ဦးမျိုးသန့်၊ ကိုသောင်းထွန်းဦး၊ ကိုထွန်းဝေ တှိ့ ရေးသားကြပါတယ်။ မကြာမီ အင်တာနက်စာမျက်နှာများတွင် ဗွီဒီယိုဖြင့် တ၀ကြီး
ကြည့်ရှု့နိုင်ရန် စီစဉ်လျက် ရှိပါသည်။ တိုကျိုသင်္ကြန်ပွဲတော်တွင်လည်း အဖွဲ့ဝင် ၃၀ ကျော်ဖြင့် ဖျော်ဖြေမည်ဖြစ်ပါတယ်။
ကြည့်ရှု့နိုင်ရန် စီစဉ်လျက် ရှိပါသည်။ တိုကျိုသင်္ကြန်ပွဲတော်တွင်လည်း အဖွဲ့ဝင် ၃၀ ကျော်ဖြင့် ဖျော်ဖြေမည်ဖြစ်ပါတယ်။
ဦးမျိုး သန့်  090 9241 4960 နှင့် ကိုထွန်းဝေ 080 3099 1503 kotunwai@gmail.com တို့ထံ မေးမြန်း ဆက်သွယ်နိုင်ကြောင်း သိရှိရပါတယ်။
သည်မှာ နားဆင်ပါ။ http://moemaka.net/thumbnails.php?album=22
သည်မှာ ရုပ်မြင်သံကြားမှတ်တမ်းကို ကြည့်ပါ ။
http://www.youtube.com/user/ zayyar20283#p/u/0/4QOiIiq0FBA
သည်မှာ ရုပ်မြင်သံကြားမှတ်တမ်းကို ကြည့်ပါ ။
http://www.youtube.com/user/