>Metta nanda celebrates 2011 Burmese New Year Thagyan Pwe

>

၂၀၁၁ မြန်မာနှစ်သစ် မေတ္တာနန္ဒ၀ိဟာရကျောင်း သင်္ကြန်ဈေး ကုသိုလ်ပွဲဆင်နွှဲ
မိုးမခဓာတ်ပုံသတင်း
ဧပြီ ၄၊ ၂၀၁၁
နှစ်စဉ် နှစ်တိုင်း ဧပြီလရောက်တိုင်း အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား၊ ဘေးဧရိယာရှိ မြန်မာဘုန်းတော်ကြီးကျောင်းများက မြန်မာမိသားစုများနှင့် အတူ သင်္ကြန် နှစ်သစ်ကူး မြန်မာဈေးရောင်းပွဲတော် ကျင်းပကြလေ့ရှိသည်။ 
 ထိုကုသိုလ်ပြု အလှူဈေးပွဲတော်များအနက် ယမန်နေ့ ဧပြီလ ၃ ရက်တွင် ဖရီးမောင့်မြို့ နယူးအတ်ခ်ရင်ပြင်တွင် မေတ္တာနန္ဒ၀ိဟာရကျောင်းတိုက်၏ သင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာအစားအသောက်များ ရောင်းချလှူဒါန်းခြင်းနှင့် သင်္ကြန်ရိုးရာ ဂီတ အလှ အက ဖျော်ဖြေပွဲများနှင့် ဆင်နွှဲခဲ့ကြသည်ကို တွေ့ရသည်။ အလှူရှင် ဈေးဆိုင်ပေါင်း ၂၀ ကျော်နှင့် ဧည့်ပရိသတ် ၁၀၀၀ နီးပါး လာရောက်ကြသည်ကို တွေ့ရသည်။
 ဓာတ်ပုံများနှင့် ရုပ်သံမှတ်တမ်းတိုများကို သည်မှာ ကြည့်နိုင်ပြီ။