>CoBA SF announced net donation amount raised – US$ 9000.00

>

ပြည်သူ့ဂုဏ်ရည် ဆန်ဖရန်ဋ္ဌာနခွဲက ၂၀၁၁ ရန်ပုံငွေဈေးရောင်းပွဲက စာရိတ်များ နှုတ်အပြီး အလှူငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉ ထောင် ရရှိ
မိုးမခအထောက်တော် ၀၀၂
မတ် ၅၊ ၂၀၁၁
ဇန်န၀ါရီ ၂၃ ရက်နေ့က ဆန်ဖရန်ဘေးဧရိယာရှိ ပြည်သူ့ဂုဏ်ရည်မိတ်ဆွေများက ၂၀၁၁ ဂုဏ်ပြုဆု ချီြး့မှင့်ရန်နှင့် အခမ်းအနားကျင်းပရန် အတွက် ရန်ပုံငွေ ဈေးရောင်းပွဲ ကျင်းပခဲ့ရာ ဈေးရောင်းပွဲနေ့တွင် အမေရိကန်ဒေါ်လာ ၁ သောင်း ၃ ထောင်ဖိုး ဈေးရောင်းချ နိုင်ခဲ့သည်။ ဈေးရောင်းပွဲ ကျင်းပသည့် ကုန်ကျစာရိတ်မှာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၄ ထောင်ဖိုး ရှိပြီး ကျန်ရှိသည့် အလှူုငွေ အမေရိကန် ဒေါ်လာ ၉၀၀၀ ဖြစ်သည်ဟု သိရသည်။
အဆိုပါ ဒေါ်လာ ကိုးထောင် ကို ပြည်သူ့ဂုဏ်ရည်အသင်းကြီး၏ အများဆန္̔ဒဆုံးဖြတ်ချက်နှင့်အညီ ဆောင်ရွက်နိုင်ရန် ပြည်သူ့ဂုဏ်ရည်အဖွဲ့ကြီးသို့ လွှဲအပ်မည် ဖြစ်သည်ဟု ဆိုသည်။ မြို့နယ်၏ ရန်ပုံငွေ ရရှိမှု စာရင်းများ၊ အလှူရှင်များထံသို့ ကျေးဇူးတင် မှတ်တမ်းလွှာများကို စနစ်တကျ မှတ်တမ်းပြုစုပြီး အကြောင်းကြား ပေးပို့ထားသည်ဟု သိရသည်။
အခြားမြို့နယ်များမှ ရန်ပုံငွေများ၊ ကောက်ခံရရှိသော လှူဒါန်းငွေများ စုပေါင်းပြီး ပြည်သူ့ဂုဏ်ရည်အသင်းကြီး၏ ဦးဆောင်သူများ၊ မြို့နယ် ကိုယ်စားလှယ်များ၏ အများဆန္ဒ သဘောထားများနှင့်အညီ ပြည်သူတို့ထံ အသိပေးတင်ပြပြီး ဆက်လက် စီစဉ်သွားမည်ဖြစ်ကြောင်း ပြန်ကြားရေးအဖွဲ့က တာဝန်ခံဖြစ်သူ မောင်ရစ်က ပြောသည်။