>Burmese pray for 2200 of imprisoned politicians and students and monks

>

နိုင်ငံရေး အကျဉ်းသားတို့အတွက် ရွှေတိဂုံရင်ပြင်တွင် ၀တ်ပြုဆုတောင်း
မိုးမခအထောက်တော် ၀၀၅၊ ရန်ကုန်
ဇန်န၀ါရီ ၅၊ ၂၀၁၁
အကျဉ်းကျခံ နိုင်ငံေ၇းအကျဉ်းသားများအတွက် ၀တ်ပြုဆုတောင်းပွဲ အခမ်းအနားကို ဇန်န၀ါရီလ ၄ရက်နေ့ မနက် ဆယ်နာရီ လေးဆယ့်ငါးမိနစ်တွင် အန်အယ်ဒီအဖွဲ့ဝင် တစ်ချို့နှင့် အကျဉ်းသူဟောင်း တစ်ချို့ တို့မှ ရွှေတိဂုံဘုရား အင်္ဂါထောင့်မှ စတင်ဆီမီးပူဇော် ထွန်းညှိဆုတောင်းခဲ့သည်။

`ကျမတို့လိုပဲ ထောင်ထဲကလူတွေ အမြန်ဆုံးလွတ်မြောက်အောင် ဆုတောင်းပေးရတာပါ။ ဒီလိုလုပ်ရတာ စိတ်ထဲမှာ ၀မ်းလဲသာတယ်၊ ၀မ်းလဲနည်းတယ်။ တစ်မျိုးကြီးခံစားရတယ်´လို့ တောင်ဒဂုံမြို့နယ်မှ နိုင်ငံရေး အကျဉ်းသူဟောင်းတယောက်က ပြောပြသည်။
 
ထိုဝတ်ပြုဆုတောင်းပွဲတွင် ဖယောင်းတိုင်ပေါင်း ၂၂၀၀ကျော် ထွန်းညှိခဲ့ပြီး လာရောက် ၀တ်ပြုဆုတောင်းသူ လေးဆယ်ခန့်ရှိသည်ဟု သတင်းရရှိသည်။