>
ဘုရားပွဲနဲ့ တူတဲ့ ဗိုလ်တထောင်ဘုရားပွဲ
မိုးမခအထောက်တော် ၀၀၅
ဇန်န၀ါရီ ၅၊ ၂၀၁၁
အခုရက်ပိုင်းမှာ ကျင်းပနေတဲ့ ဗိုလ်တထောင် ဘုရားပွဲဟာ ရန်ကုန်မြို့မှာ ကျင်းပတဲ့ အခြားသော ပွဲတွေဖြစ်တဲ့ တရုတ်တန်း တန်ဆောင်တိုင်၊ ရွှေတိဂုံ တပေါင်းပွဲ၊ မိုးကောင်းဘုရားပွဲတွေနဲ့ ကွဲပြားပြီး ကျိုက်ခေါက်ဘုရားပွဲလို၊ အခြားနယ်က ဘုရားပွဲတွေနဲ့ ဆင်တူပါတယ်။
မြန်မာ့ရိုးရာ သဘင်ပွဲတော်
မိုးမင်းရဲ့ ဇတ်ပွဲလည်းရုံသွင်း ပြီးပြသနေတာ တွေ့ရပါတယ်။ ဇတ်ရုံရဲ့ အငွေ့အသက်၊ ဖျာခင်း ပက်လက်ကုလားထိုင်နဲ့ စားစရာတွေ၊ အနွေးထည်တွေယူလာပြီး ဇတ်ပွဲလာကြည့်တဲ့ မြင်ကွင်းမျိုး မြို့ပြမှာမြင်ရတာ ထူးခြားနေပါတယ်။
သားရေကွင်းပစ်ခြင်းဖြင့် အပျော်ရှာမယ်၊ ၀င်ငွေရှာမယ်။ ပွဲဈေးထဲက မျက်လှည့်ပွဲ မြင်ကွင်း
နောက်လောင်းကစားဝိုင်းလေးတွေမြင်ရတာလည်း နယ်အငွေ့အသက်ကို ခံစားရသလိုပါပဲ။ သားရေကွင်းပစ်တဲ့ ကစားနည်း၊ ဘောလုံး ၃ လုံးကန် ကျပ် ၂၀၀၊ ဘောလုံးကို ကားတာယာအ၀ိုင်းထဲ ၀င်အောင်ကန်နိုင်ရင် တလုံးကို ၃ ရာကျပ်လျော်မှာတဲ့။ နောက်ပြီး မြေရေအိုးတွေထဲ ဘောလုံးပစ်ထည့်လို့ ၀င်ရင် ဘယ်လောက်ဆိုတာလည်း ရှိသလို၊ စီးကရက်ဘူးတွေကို ကော်သေနတ်နဲ့ ပစ်လို့မှန်ရင် ပိုက်ဆံရမယ့် ကစားနည်းအလယ် ၊ ရှေးရိုးနည်းဖြစ်တဲ့ အန်စာခေါက်တဲ့ဟာ လည်းတွေ့ရပါတယ်။
ဝက်သားတုတ်ထိုး ဈေးသည်
ခွပ်ဒေါင်းနဲ့ နိုင်ငံရေး ဆေးမင်ကြောင် ထိုးမပေးရန် အမိန့်ထုတ်ထားဟု ဆိုသည်
ချားရဟတ်တွေ ရေမုန့်သည်တွေ၊ အကြော်သည်တွေ၊ စောင်သည်တွေ၊ ပလပ်စတစ်ပစ္စည်းဆိုင်တွေနဲ့ ခံစားမှု ပုံစံတမျိုးခံစားရတဲ့ ဘုရားပွဲပါ။
ဗိုလ်တထောင် ဘုရားပွဲတော် မုဒ်ဦးအ၀င်။ ကွမ်းယာသည်နဲ့ ညဈေးမြင်ကွင်း။
ဗိုလ်တထောင် ဘုရားပွဲတော် မုဒ်ဦးအ၀င်။




