>
၂၀၁၁ နှစ်ဆန်း တရက်နေ့ ညမှာ ဆီမီး ၉၀၀၀ ပူဇော်
သာသနာ့ဟိတ ၀တ်အသင်းရဲ့ ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ်အဖြစ် ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ နံသာ ၉၀၀၀၊ ပန်း ၉၀၀၀၊ ဆီမီး ၉၀၀၀ ပူဇော်ပွဲကို ၂၀၁၁ နှစ်ဆန်း တရက်နေ့ ညနေ ၅ နာရီခွဲကနေ ၇ နာရီခွဲအထိ ပြုလုပ်ခဲ့ပါတယ်။
ပါဝင် ဆင်နွှဲသူ အများအပြားနဲ့ စည်ကားစွာ ကျင်းပတာ တွေ့ရပါတယ်။
“ရင်ပြင်တော်ပေါ်မှာ ပန်းဆီမီး ပူဇော်ရတာ စိတ်ထဲမှာ အရမ်း ကြည်နူးမိတယ်။ နှစ် တနှစ်ရဲ့ ပထမဆုံးနေ့မှာ ကုသိုလ်ယူရတာလည်း စိတ်ထဲမှာ အေးချမ်းတဲ့ ခံစားမှု ရတယ်။ တောင်ဘက်စောင်းတန်း အတက်မှာ စားပွဲနဲ့ ဆိုင်းဘုတ်ကြီး ထောင်ပြီး ဗုံးရှာနေတာက ဘုရားဖူးတွေ စိတ် ကသိကအောက် ဖြစ်တာက လွဲလို့ ဆီမီး ပူဇော်ရတာ ပီတိ ဖြစ်ပါတယ်” လို့ ဆီမီး ပူဇော်သူ ဘုရားဖူး ဧည့်သည်တဦးက ပြောပါတယ်။